• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“၂၀၂၀ မှာ ဂုဏ်သိက္ခာရှိသော အစုတခု၊ အနိုင်တခုကို ရလိမ့်မယ်လို့ ယုံကြည်ပါတယ်”

by ဧရာဝတီ
10 July 2018
in အင်တာဗျူး
A A
ကြံ့ခိုင်ရေး ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးသိန်းထွန်းဦး / ထက်နိုင်ဇော် / ဧရာဝတီ

ကြံ့ခိုင်ရေး ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးသိန်းထွန်းဦး / ထက်နိုင်ဇော် / ဧရာဝတီ

11.5k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ ပါတီတခု ဖြစ်ပါ တယ်။ အခုအချိန်မှာတော့ အတိုက်အခံ ပါတီအဖြစ် ရပ်တည်ပြီး အာဏာရပါတီကို စောင့်ကြည့် ဝေဖန်တာတွေကို လုပ်ဆောင် နေပါတယ်။

အဲဒါကြောင့် မကြာခင် ကျင်းပဖို့ ရှိနေတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း ရှိ မရှိ၊ ၂၀၂၀ ရွေးကောက်ပွဲ အပေါ် မျှော်လင့်ချက်၊ ပါတီဝင် အင်အား၊ လက်ရှိ နိုင်ငံရေး အခြေအနေ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ ပါတီပုံရိပ်ကို ပြန်လည် မြှင့် တင်နိုင်မှု အခြေအနေနဲ့ ၂၀၂၀ မှာ သမ္မတ ဘယ်သူဖြစ်နိုင်မလဲ ဆိုတာတွေကို နေပြည်တော် ဧရာဝတီ သတင်းထောက် တွေဖြစ်တဲ့ ထက်နိုင်ဇော်၊ မိုးမိုး၊ ကျော်မျိုးတို့က ကြံ့ခိုင်ရေး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို တွေ့ဆုံမေးမြန်း ထား ပါတယ်။

RelatedPosts

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
11.1k
မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

23 June 2025
59
မြန်မာ့အရေး အာဆီယံ ချဉ်းကပ်မှု အလုပ်ဖြစ်မှာလား (ရုပ်/သံ)

မြန်မာ့အရေး အာဆီယံ ချဉ်းကပ်မှု အလုပ်ဖြစ်မှာလား (ရုပ်/သံ)

22 June 2025
67

မေး။ ။ မကြာခင် ကျင်းပတော့မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိ မရှိ။ ဝင်မယ်ဆိုရင်လည်း ဘယ်လိုပုံစံနဲ့ ဝင်ရောက်ယှဉ်ပြိုင်မလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ကျနော်တို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ဖို့၊ မဝင်ဖို့ကို ကြိမ်ဖန် များစွာ စဉ်းစားခဲ့ပါတယ်။ ဒီလို စဉ်းစားခဲ့တဲ့ အဓိက အခြေခံ အကြောင်းတရားတွေကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တရားမျှတမှုမှ ရှိရဲ့လားဆိုတဲ့ အချက်အပေါ်မှာ အဓိကထားပြီးတော့ စဉ်းစားခဲ့ပါတယ်။ ပထမ ကျနော်တို့ မီဒီယာတွေကိုလည်း ပြောခဲ့ပါတယ်။ ကျနော်တို့သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရပ်တည်မှု အပေါ်မှာ စဉ်းစားပြီးတော့မှ ဝင်မယ်၊ မဝင်ဘူး ဆိုတာကို ဆုံးဖြတ်ပါ့မယ်လို့။ အဲဒီတော့ ယုံပြီလားဆိုတော့ လည်း အခု အချိန်အထိတော့ ရာနှုန်းပြည့် မယုံသေးပါဘူး။

ကျနော်တို့ ဒီလိုရွေးကောက်ပွဲ ဝင်လိုက်ခြင်းအားဖြင့် ဘယ်လောက်အထိ ပြည်သူတွေအတွက် လုပ်ပေးနိုင်မလဲ။ နောက် တခု က ၂၀၂၀ မှာ အားစမ်းရမယ့် အနေအထားတွေပေါ် မူတည်ပြီး ဒီရွေးကောက်ပွဲကို ဝင်လိုက်ခြင်းအားဖြင့် အားတွေ များ ဒီအပေါ် သုံးလိုက်ရမလား ဆိုတဲ့အချက်။ ဒီအချက်တွေပေါ်မှာ မူတည်ပြီး မဝင်တော့ဘူး ဆိုတဲ့ သဘောသဘာဝတွေ လည်း ဆွေးနွေးဖြစ်ကြတယ်။

တဖက်က ပြန်ကြည့်တော့ သက်ဆိုင်ရာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ့် ဒေသတွေက တိုင်းရင်းသား ပြည်သူလူထုက ပြည်ခိုင်ဖြိုးပါတီ ဝင်ပေးပါ၊ သူတို့တွေသည် လွှတ်တော်ထဲမှာ တနေရာရရင်လည်း တနေရာ၊ ထက်ထက် မြက်မြက် စွမ်းစွမ်း တမံ ပြည်သူ့အတွက် ဆောင်ရွက်နိုင်မယ့် ကိုယ်စားလှယ်အနေနဲ့ အားကိုးချင်တယ်။ ဒီလိုအားကိုးချင်တဲ့ အတွက် ပြည်ခိုင်ဖြိုးဝင်ပေးပါ ဆိုပြီးတော့ သက်ဆိုင်ရာ ဒေသ ဆိုင်ရာပါတီတွေကတဆင့် ပြည်သူတွေရဲ့ အသံကို ကြားရပါတယ်။

ဒီအပေါ်မှာ စဉ်းစားတဲ့အခါ ကျနော်တို့တွေသည် ကြားဖြတ် ရွေးကောက်ပွဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲ တော်တော် များများမှာ နေရာပြည့်် ဝင်ခဲ့တာ ရှိပါတယ်။ အခုတော့ ကျနော်တို့သည် ပြည်ထောင်စုပါတီ ဖြစ်တာနဲ့အညီ တိုင်းရင်းသားဒေသတွေ၊ ပြည်နယ်တွေမှာ အရွေးခံမယ့် နေရာတော်တော်များများကိုလည်း ပြန်စဉ်းစားပေးတဲ့အခါ ရှိပါတယ်။ သေချာတာ ပြောရရင် တော့ ကျနော်တို့အနေနဲ့ တိုင်းဒေသကြီးမှာ ယှဉ်ပြိုင်မယ့် နေရာအစုံမှာတော့ ဝင်မယ်။

ပြည်နယ်တွေမှာ လစ်လပ်နေတဲ့၊ ကြားဖြတ်ရွေးကောက်ပွဲပါတဲ့ ပြည်နယ်တွေနေရာကိုတော့ တော်တော်များများကို တိုင်း ရင်း သား ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်လို့ရအောင် ကျနော်တို့ မဝင်တော့ဘူးလို့ ဒီလိုအကြမ်းဖျင်း စီစဉ်ထားပါတယ်။ ကျနော် တို့က ဖက်ဒရယ်ကို သွားနေတယ်ဆိုလို့ရှိရင် တိုင်းရင်းသားတွေရဲ့ ပြည်နယ်လွှတ်တော်တွေ၊ Seat တွေမှာ တိုင်း ရင်းသား ပါတီတွေကို နေရာပေးဖို့ လိုပါလိမ့်မယ်။ ဒီအတွက် ကျနော်တို့ပါတီက ပြည်ထောင်စုပါတီ ဖြစ်တာနဲ့အညီ တိုင်း ရင်း သားဒေသမှာ လစ်လပ်နေတဲ့ နေရာတော်တော် များများကို တိုင်းရင်းသားပါတီတွေ အရွေးခံမှာ ဖြစ်ပါတယ်။

အဲဒီတော့ ကျန်တဲ့ တိုင်းရင်းသားဒေသ နေရာတချို့ ဝင်မယ့်ဟာ ရှိတယ်။ ဒါဆိုရင်ရောလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ အဲဒါက အဲဒီဒေသက တိုင်းရင်းသားပြည်သူတွေ၊ အဲဒီဒေသက မိမိပါတီဝင်တွေက တက်တက်ကြွကြွနဲ့ သူတို့တတွေကို တော့ ဒီနေရာတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုပေးပါ ဆိုပြီးတော့ တောင်းဆိုမှုတွေကို အခြေခံစဉ်းစားပြီးတဲ့ အခါမှာ ကြားဖြတ် ရွေးကောက်ပွဲမှာ အများဆုံး ၁၃ နေရာရှိရင် နေရာ တော်တော်များများကို ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက် ယှဉ်ပြိုင် သွားမယ်လို့ ပြောလိုပါတယ်။

မေး။ ။ ကြံ့ခိုင်ရေးပါတီ အနေနဲ့ ၂၀၂၀ မှာ အစိုးရ ပြန်ဖွဲ့နိုင်တဲ့အထိ နိုင်မယ်လို့ မျှော်လင့်ထားလား။ အဲဒီ ရွေးကောက်ပွဲကို ဘယ် အထိ မျှော်လင့်ထားသလဲ။

ဖြေ။ ။ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ အစုအဖွဲ့တခုရအောင်အထိ မျှော်မှန်း ထားပါ တယ်။ ဒီအပေါ်မှာ ဘာတွေလုပ်နေသလဲ၊ ဘာတွေပြင်ဆင်နေသလဲဆိုရင် ကျနော်တို့ဟာ အစုအဖွဲ့အလိုက်ကို ဆောင် ရွက် နိုင်ဖို့ အမြဲတမ်း လေ့ကျင့် ပျိုးထောင်မှုတွေ လုပ်နေတယ်။ ပြည်သူ့အသံတွေကို နားထောင်ပြီးတော့ အစိုးရရဲ့ လိုအပ် ချက်တွေ၊ အမျိုးသားရေး အတွက် ထိခိုက်လာမယ့်ကိစ္စတွေကို ပြတ်ပြတ်သားသား ဝေဖန်မှုတွေ၊ ထောက်ပြမှုတွေ ဆောင် ရွက် နေတယ်။ ဒါတင်မကသေးပါဘူး။ ပြည်သူက အမှန်တကယ် ဒုက္ခရောက်နေတာမျိုးမှာ လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပ နိုင်ငံရေး နည်းလမ်းများနဲ့ အစိုးရအပေါ် ဆောင်ရွက်သလို ကျနော်တို့ တတ်နိုင်တဲ့စွမ်းအား၊ တတ်နိုင်တဲ့စွမ်းအား ဆို တာ ရေကြီးလို့ရှိရင် ငွေဘယ်လောက် တတ်နိုင်သလဲ။ ဒါမှမဟုတ် အလှူရှင်ကိုရှာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပြီးတော့ လက်တွေ့ကူညီဆောင်ရွက်မှုတွေကို ဆောင်ရွက် နေပါတယ်။

ဒီလိုပဲ ပြည်သူလူထုက ကျနော်တို့ ဒေသဆိုင်ရာပါတီတွေ အပေါ်မှာ အချိန်မရွေး ဆက်သွယ်လို့ ရအောင် နည်းလမ်းတွေ လုပ်ထားပါတယ်။ ပါတီမှာလာပြီး ကိုယ်တိုင် တင်ပြမလား၊ တယ်လီဖုန်းနဲ့ အကူအညီတောင်းမလား။ ဒီလို ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်နေပါတယ်။

ကျနော်တို့ပါတီက ပြည်သူလူထုရဲ့ဆန္ဒ၊ ပြည်သူလူထုရဲ့ မျှော်လင့်ချက်၊ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒကို ထာဝစဉ် ဖြည့် ဆည်း နိုင်အောင် အမြဲတမ်း လုပ်ထားတဲ့ အတွက် ၂၀၂၀ မှာ ဂုဏ်သိက္ခာရှိသော အစုတခု၊ အနိုင်တခုကို ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ လက်ရှိ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး လက်ထက်မှာ ပါတီဝင် အင်အား တိုးလာတာမျိုး ရှိလား။ ရှိတယ်ဆိုရင် ဘယ်ဒေသတွေက ဘယ်လောက်အထိ တိုးလာသလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ပွင့်ပွင့် လင်းလင်းပြောရရင် ကျနော်တို့ ပါတီဟာ ၂၀၁၅ အလွန်မှာ ဥက္ကဋ္ဌကြီး ဦးသန်းဌေး ကနေပြီးတော့ ပါတီမှာ ပြည်သူ လူထု လက်ခံနိုင်သော အနေအထားတွေ ဖြစ်အောင် ပြင်ဆင်နေတာကို သိကြမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်မှုမှာ ပြည်သူလူထုက သံသယ ရှိစေနိုင်တဲ့ ကိစ္စတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ လုပ်လဲလုပ်နေလျက် ဖြစ်ပါတယ်။

အဲဒီလို လုပ်နေတဲ့အတွက် တဖက်ကလည်း တာဝန်ယူတဲ့ အဖွဲ့အစည်း၊ ဒီအဖွဲ့အစည်း ယုံကြည်မှု နည်းလာတာတွေ၊ ဒီ အဖွဲ့ အစည်းရဲ့ လုပ်မှုကိုင်မှု အပေါ်မှာ အားမလိုအားမရဖြစ်တဲ့ ပြည်သူ တော်တော်များများ ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာ တဲ့ အပေါ်မှာ ကျနော်တို့ ပါတီမှာ ဒေသ တော်တော်များများများ ပါတီကို ဝင်ရောက်လာတာ တွေ့ရပါတယ်။ အားလုံးခြုံပြီး ဥက္ကဋ္ဌကြီး လက်ထက်မှာ ကြည့်မယ်ဆိုရင် ပါတီဝင်အင်အား သောင်းနဲ့ချီ ဝင်ရောက်လာတဲ့အပိုင်းကို တွေ့ရပါတယ်။

ဆက်ပြီးတော့လည်း ဝင်ရောက်နေတဲ့အတွက် ဒီရက်ပိုင်းမှာပဲ မကွေး၊ မန္တလေးမှာ ပါတီဝင်အသစ်တွေ ဝင်ကြဖို့ရာ အတွက် ကို ဥက္ကဋ္ဌကြီး တက်ရောက်နိုင်ရင် တက်ရောက်နိုင်၊ မတက်ရောက်နိုင်ရင် သက်ဆိုင်ရာ ဒေသနယ်မြေ တာဝန်ခံတွေ တက် ရောက် ပေးဖို့ဆိုပြီး ဖိတ်ကြားမှုတွေ ရှိပါတယ်။ ဧရာဝတီတိုင်းလည်း အလားတူပါပဲ။

ကျနော်တို့ပါတီဟာ ပြည်သူ့မျက်နှာ၊ ပြည်သူ့ လိုအပ်ချက်၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရာ အတွက် အမြဲ အဆင်သင့် လုပ်ထားပြီးတော့ လေ့ကျင့်ပျိုးထောင်ထားတဲ့ ပါတီ ဖြစ်ပါတယ်။ အသစ်ဝင်ရောက်လာတဲ့ မိမိ တို့ ပါတီ အပေါ်မှာ ယုံကြည် အားကိုးလာတဲ့ ပြည်သူလူထုကိုလည်း အမြဲတန်း ကြိုဆိုပါတယ်။ ထာဝရ ပေးဆပ်ဖို့ အရန်သင့် ဖြစ်နေတယ် ဆိုတာကို ပြောကြား လိုပါတယ်။

မေး။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်မှာ NCA လက်မှတ် ထိုးတဲ့ အဖွဲ့ ၁၅ ဖွဲ့ ရှိခဲ့ တယ်။ လက်ရှိ အစိုးရလက်ထက်မှာလည်း ငြိမ်းချမ်းရေးကို ဆက်လုပ်လာတယ်။ ဒါပေမယ့် အရင် အစိုးရ လက်ထက် လောက် မမြန်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေတော့ ဘယ်လို မြင်လဲ။

ဖြေ။ ။ အဓိကကတော့ ဒီလို ငြိမ်းချမ်းရေး အစည်းအဝေးတွေ ခေါ်ကြပြီ၊ လုပ်ကြပြီဆိုရင် ကြိုတင် ညှိနှိုင်းမှုတွေ လုပ်ရ တယ် ဆိုတာကိုတော့ လေ့လာမိတယ်။ ကြိုတင် အကျေအလည် ညှိနှိုင်းမှုတွေ လုပ်ပြီးတော့မှ ဒီညီလာခံလိုဟာမျိုးကို ဖိတ်ကြား ပြီးတော့မှ လုပ်ကြရတာ များတယ်။ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ တော်တော် များများ ပါတယ်။ သွားပြီးတော့ ညှိနှိုင်းကြတယ်။ နဂိုတုန်းက တိုက်ခဲ့ခိုက်ခဲ့ကြပေမယ့်လို့ နိုင်ငံအတွက် ငြိမ်းချမ်းရေး လိုအပ် နေတဲ့ အချိန်မှာ သွားရောက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးကြတယ်။ အတူနေ၊ အတူစား၊ အတူသွားပြီးတဲ့နောက် သဘောတူညီချက်တွေ ရတယ်။ နောက်မှ နေပြည်တော်လို နေရာမျိုးမှာ တရားဝင် သတင်းထုတ်ပြန်ပြီး လုပ်ကြတယ်။

ဒီလိုမျိုး ဒီဘက်ခေတ်မှာလည်း တချိန်က လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်မျိုး ပါတယ်။ သို့သော်လည်းပဲ ဒီအပေါ်မှာ ဘာတွေ လွဲချော်နေလဲ တော့ ကျနော်တို့ မသိဘူး။ ယခင်လက်ထက်တုန်းက လုပ်ခဲ့တာနဲ့ ယခုလက်ထက်မှာ သွားနေတဲ့အရွေ့က ယခု လက် ထက် မှာ နှေးတယ်လို့ပဲ ကျနော်တို့က မြင်တယ်။ ဒီလိုနှေးတဲ့အပေါ်မှာ အခုလက်ရှိ တာဝန်ယူထားတဲ့ အဖွဲ့ကလည်း ငြိမ်းချမ်းရေး ကိုပဲ ဦးတည်ပြီးတော့ ဆောင်ရွက်နေတာ တွေ့ရတယ်။

ပြည်သူလူထုက ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်တယ်။ စားဝတ်နေရေးတွေ ပြေလည်ချင်တယ်၊ ချောင်လည်ချင်တယ်။ သို့သော် လည်းပဲ တဖက်က စီမံခန့်ခွဲတဲ့အဖွဲ့အစည်းက ငြိမ်းချမ်းရေးဘက်ကိုပဲ ဦးတည်ပြီးတော့ သွားနေတဲ့ အခါကျတော့ ဒီအပေါ် မှာ Balance က ဖြစ်မလာဘူးလို့ ပြောရမယ်။

ငြိမ်းချမ်းမှ ပိုမိုတိုးတက်မယ်ဆိုတာ ကျနော်တို့ အစိုးရလက်ထက်ကတည်းက ခံယူထားခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ လုပ်ပုံ ကိုင်ပုံက တဖက်က ပြည်သူလူထုရဲ့ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်အောင်လည်း လုပ်တယ်၊ တဖက်ကလည်း ငြိမ်းချမ်းရေး ကို အား ကောင်းအောင် ပြိုင်တူရရှိအောင် ကြိုးစားနေတယ်။ ဒီဘက်ကျတော့ ငြိမ်းချမ်းရေးကို အားပေးတယ်။ ပြည်သူလူထု ဘဝ ဖွံ့ဖြိုး တိုးတက်အောင် လုပ်တာကျတော့ ကျနော်တို့လောက် အားမပါဘူး။

အားမပါတော့ ဒီဘက်မှာ အကျတွေ ရှိသလို အားထည့်ပြီးတော့ လုပ်တဲ့အပိုင်းမှာလည်း အရွေ့က နည်းတဲ့အခါကျတော့ ၂ ဖက် စလုံးက အနုတ်လက္ခဏာ ပြနေတဲ့အတွက် ကျနော်တို့ စိုးရိမ်တာက ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ ဖွံ့ဖြိုးတိုးတက် ရေး တွေ စိုးရိမ်တယ်။ ငြိမ်းချမ်းရေးကိုလည်း အမြန်ဆုံး ပြေလည်စေချင်တာ၊ သွက်လက်စေချင်တာ ကျနော်တို့ ပါတီရဲ့ ဆန္ဒ အမှန် ဖြစ်ပါတယ်။

ကျနော်တို့ လုပ်ခဲ့တဲ့အပေါ်မှာလည်း လက်ရှိ တာဝန်ယူနေတဲ့အဖွဲ့က ဆက်ပြီးတော့ လုပ်နေတဲ့အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်၊ ဒီငြိမ်းချမ်းရေး အရွေ့ကို မြန်မြန် ရွေ့အောင် လုပ်သလို ပြည်သူလူထုရဲ့ စားဝတ် နေရေး ဖူလုံရေး အတွက် ကျနော်တို့ ဖွံ့ဖြိုးရေးတွေ အတွက်လည်းပဲ လုပ်ပေးဖို့ လိုတယ်လို့ ရှုမြင်ပါတယ်။

မေး။ ။ ပြည်သူလူထုကြားမှာ တပ်မတော်က ဖွဲ့ပေးလိုက်တဲ့ ပါတီဖြစ်လို့ စစ်အာဏာရှင် အငွေ့အသက်တွေ ရှိတယ်။ ပါတီ မှာ ဦးဆောင်ခဲ့တဲ့ သူတွေရဲ့ အကျင့်စာရိတ္တကို မူတည်ပြီးတော့လည်း စွပ်စွဲမှုတွေ ရှိတယ်။ အဲဒီလို ပုံရိပ်တွေ ရှိခဲ့တဲ့ အတွက် ပါတီ မှာ ဘယ်လို ထိခိုက်မှုတွေ ရှိခဲ့လဲ။ နောက်ပြီး အဲဒါတွေကို ကျော်လွှားဖို့ ပါတီမှာ ဘယ်လို ပြုပြင် ပြောင်းလဲရေးတွေ လုပ်မလဲ ဆိုတာကို သိချင်ပါတယ်။

ဖြေ။ ။ ဒီမေးခွန်းမေးတဲ့ အပေါ်မှာ ကျနော်တို့က ကျေးဇူးတင်ပါတယ်။ ကျနော်တို့က တချိန်တုန်းက တပ်မတော် အစိုးရ လက်ထက် မှာ ပြည်ခိုင်ဖြိုး အသင်းဆိုပြီးတော့ ဒါက ကျနော်တို့ ပေါ်ပေါက်လာတယ်။ ဒီလို ပေါ်ပေါက်လာတဲ့ အခါမှာ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေအရ ပါတီစုံ ဒီမိုကရေစီစနစ် ပြောင်းတော့မယ် ဆိုတဲ့အခါမှာ တပ်မတော်သည် တပ်မတော်ရဲ့ ရပ်တည်ချက်၊ ပါတီသည် ပါတီရဲ့ ရပ်တည်ချက် နဲ့ အညီ နိုင်ငံရေး မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်တဲ့ အချိန် က စပြီး ကွဲကွဲပြားပြား ဆောင်ရွက်ခဲ့တယ်။

ကျနော်တို့ကို အဲဒီလို မဟုတ်တန်းတရား စွပ်စွဲမှုတွေက ဘယ်လိုပေတံမျိုးတွေနဲ့ စွပ်စွဲနေတာတုန်း။ ကျနော်တို့ တာဝန်ယူ ခဲ့တဲ့ ၂၀၁၀ က နေ ၂၀၁၅။ နောက် ကျနော်တို့ လက်ရှိ အခြေအနေအထိမှာ ဘယ်သူတွေက အကျင့်ပျက်ခဲ့သလဲ။ အကျင့် ပျက် တဲ့ သူရှိတယ်ဆိုရင် ကျနော်တို့ဆီကို တင်ပြပါ။ ကျနော်တို့တွေသည် ပါတီကနေ ထုတ်ပယ်တဲ့ အဆင့်အထိပါ ဆောင်ရွက် သွား ဖို့ ဝန်မလေးပါဘူး။

ကျနော်တို့ ဥက္ကဋ္ဌ ဦးသန်းဌေး တာဝန်ယူတဲ့အချိန်ကစပြီး ကာလတလျှောက်မှာ ပါတီမှာ ပြုပြင်ပြောင်းလဲမှု၊ ပြည်သူလူထု အထင်မှား၊ အမြင်မှား ရှိနေတဲ့ အနေအထားတွေ မှန်သမျှကို မကောင်းတာမှန်သမျှ ကောင်းအောင်လို့ ဥက္ကဋ္ဌကြီးက ဆောင် ရွက် နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ နောက်ကျနော်တို့ ပါတီအဖွဲ့အစည်းဆိုတာ လူတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါ တယ်။ ကျနော်တို့ပါတီမှာ မူဝါဒတွေ လုပ်ငန်းစဉ်တွေ အပိုင်း၊ ကျနော်တို့ ဆောင်ရွက်တဲ့သူတွေရဲ့ အပိုင်း ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။

မူအားဖြင့် မကောင်းဘူး၊ စနစ်အားဖြင့် မကောင်းဘူး၊ ရည်ရွယ်ချက်အားဖြင့် မကောင်းဘူးဆိုရင်တော့ ပါတီမကောင်းတာ။ လုပ်ငန်းစဉ်တွေကလည်း ကောင်းရဲ့နဲ့ တယောက်တလေ မကောင်းတာသည် ပါတီမကောင်းတာ မဟုတ်ဘူး။ လူပုဂ္ဂိုလ် မကောင်းတာ။ ဒါကို ကွဲကွဲပြားပြား သိမယ်ဆိုရင် ပြည်သူလူထုကနေပြီးတော့ ကျနော်တို့ ပါတီကောင်းတယ်၊ မကောင်းဘူး ဆိုတာကို ကွဲကွဲပြားပြား ဝေဖန် ပိုင်းခြား နိုင်ပါလိမ့်မယ်။

ကျနော်တို့ပါတီဟာ ၂၀၁၀ ကနေ ၂၀၁၅ အထိ တာဝန်ယူခဲ့တဲ့ အစိုးရတခု ဖြစ်ပါတယ်။ အဲဒီလို တာဝန်ယူခဲ့တဲ့ ကျနော်တို့ အပိုင်းမှာ လက်ရှိဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းနဲ့ တနှစ်တနှစ်ချင်း၊ ၂ နှစ် ၂ နှစ်ချင်း နောက်ဆုံး ၅ နှစ်ပြည့် သွားတဲ့ အချိန်မှာ ၅ နှစ် ၅ နှစ်ချင်း ကြိုက်တဲ့ဘက်က ယှဉ်ပါ။ ကျနော်တို့တွေ ယှဉ်ပြိုင်ရဲပါတယ်။ ယှဉ်ပြိုင်နိုင်ပါတယ်။ ယှဉ်ပြိုင် ဖို့ကလည်း အရန်သင့်စောင့်နေပါတယ်လို့ ပြောကြားလိုပါတယ်။

မေး။ ။ လက်ရှိ တာဝန်ယူနေတဲ့ အာဏာရ ပါတီဟာ အစိုးရသက်တမ်း ၃ နှစ် နီးပါးရှိပြီဆိုတော့ သူတို့ရဲ့ အားသာချက်၊ အားနည်း ချက်တွေကို ဘယ်လိုမြင်လဲ၊ ဘာတွေ ထောက်ပြ ဝေဖန်ချင်တာ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ကျနော်တို့မှာ ရှိထားတဲ့၊ ကိုင်ဆွဲထားတဲ့ မူဝါဒအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ ပြည်သူ လူထု အပေါ်မှာ ထားခဲ့တဲ့ စေတနာအပေါ်မှာ မူတည်ပြီးတော့ ဒီကိစ္စကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ တာဝန် ယူစဉ် ကာလမှာ ကျနော်တို့က ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အဓိကတော့ ဆင်းရဲနွမ်းပါးမှု လျှော့ချတယ် ဆိုတာက လူနေမှု ဘဝ ဖွံ့ဖြိုးတိုးတက်အောင်လို့ ဒီရည်ရွယ်ချက်ကို ထားခြင်း ဖြစ်ပါတယ်။ အဲဒီဟာသည် အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါကို နိုင်ငံတော် သမ္မတရဲ့ ပထမဆုံး မိန့်ခွန်းမှာလည်း ထည့်သွင်း ဖော်ပြသွားတယ်။ ဒါမူဝါဒပဲ။ အဲဒီကနေ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက် ဖို့ဆိုတာ တယောက်ချင်းရဲ့ စားဝတ်နေရေးတွေ အဆင်ပြေမှ ဖြစ်ပါတယ်။ တဦးတယောက်ချင်းရဲ့ စားဝတ် နေရေး ကိုမှ မကြည့်နိုင်ဘူး ဆိုရင် ဒီအစိုးရကို လူပုဂ္ဂိုလ်အရ ဘယ်လိုပဲ ကြိုက်လှပါပြီ ပြောပြော၊ အူမ မတောင့်ဘူး ဆိုရင် တော့ ပြည်သူလူထုရဲ့ ထောက်ခံမှုဟာ တဖြည်းဖြည်း ကျဆင်းသွားလိမ့်မယ်လို့ ဒါကိုတော့ ကျနော်တို့ ဒီလိုမြင်ပါတယ်။

နောက်တခုက ကျနော်တို့ ပါတီ မူဝါဒက ကျနော်တို့ပြောနေကျ အမျိုးသားရေး မူဝါဒ၊ ဒို့တာဝန် အရေး ၃ ပါး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒီ ၃ ချက် အပေါ်မှာ ကျနော်တို့က အခြေခံပြီး အဲဒီလို ၃ ချက်အပေါ်မှာ အခြေခံခြင်းအားဖြင့် နိုင်ငံမှာ မိမိတို့ စီမံခန့်ခွဲနိုင်တဲ့ အာဏာတွေကို ပြည်ပ စွက်ဖက်မှု၊ နိုင်ငံခြားသားတွေ ဝင်ရောက်လာမှု အပေါ်မှာပဲ အခြေခံပြီး စဉ်းစားတယ်။ ဒီအပေါ်မှာလည်းပဲ အားနည်းချက်၊ အားသာချက်သည် ဒါပြည်သူလူထု သိကြပါလိမ့်မယ်။

၂၁ ရာစု အခင်းအကျင်းနဲ့အညီ ဒါတွေကို လက်ခံရပါတယ်ဆိုရင်၊ ဖိအားတွေ လျော့ကျအောင်လို့ လက်ခံရပါတယ် ဆိုရင် တယောက် လက်ခံရင် နောက်ထပ် ထပ်တိုးလာတဲ့ ဥပမာတွေ၊ သင်ခန်းစာယူရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒါကြောင့် အားနည်းချက်၊ အားသာချက် ဆိုတာဟာ ပြည်ပစွက်ဖက်မှု ရှိမှုတွေမှာ ကျနော်တို့ လက်ထက်ကထက် များစွာ လက်ခံ ထားတယ် ဆိုတာကို တွေ့ရပါတယ်။

နောက်တချက်က ပြည်ခိုင်ဖြိုးပါတီက တရားဥပဒေစိုးမိုးရေး လုပ်တဲ့နေရာမှာလည်း မိမိတို့ကိုယ်တိုင် လေးစား လိုက်နာ ရပါတယ်။ ဥပဒေကို ပိုမိုထိရောက်ပြီးတော့ ခံစားရလိမ့်မယ်လို့ မြင်ပါတယ်။ တရားဥပဒေ စိုးမိုးရေး လိုချင်ရင် မိမိကိုယ်တိုင် လေးစားလိုက်နာပြီး အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းတွေကလည်းပဲ သေသေချာချာ ဥပဒေနဲ့ အညီ အကောင် အထည် ဖော်မှသာ တရားဥပဒေ စိုးမိုးရေးကို ပိုပြီးတော့ ကိုင်တွယ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ဒီလို မြင်ပါတယ်။

အတိုက်အခံမိုလို့ မကောင်းတာတွေချည်း ပြောနေတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ကျနော်တို့ ကောင်း တာ တွေလည်း ဒီအပေါ်မှာ လုပ်ဆောင်နေတာကို အပြုသဘောအရ ကျနော်တို့ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါဘာလဲဆိုရင် ကျနော်ရဲ့ ပုဂ္ဂိုလ်ရေး အမြင် ဖြစ်ပါတယ်။ အဂတိတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်မှုတွေ အရှိန်လေးရပြီး တော့ ဆောင်ရွက်လာတာဟာ ကျနော်တို့ ကြိုဆိုရမှာ ဖြစ်ပါတယ်။ အဂတိတိုက်ဖျက်ရေးဟာ လုံးဝ ပပျောက်သွားနိုင်တဲ့ အနေအထား မဟုတ်ဘူး။ ဒီအဂတိ တိုက်ဖျက်ရေးကို လုပ်တယ်ဆိုရင်လည်း ဒီဝန်ထမ်းတွေရဲ့ စားဝတ်နေရေး ဖူလုံရေးကို တဖက်တလမ်းက ဖြည့်ဆည်းပေးဖို့ ဆိုတာလည်း ဒီနေရာမှာ အကြံပြုလိုပါတယ်။

အဲဒီလို ပြည်သူလူထုရဲ့ လူနေမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရင်း ဝန်ထမ်းတွေရဲ့ နေမှု၊ ထိုင်မှု၊ စားမှု၊ သောက်မှု၊ ဝန်ထမ်း လစာ ဖြည့်ဆည်းပေးနိုင်ပြီးတော့ အဂတိတိုက်ဖျက်ရေးကို ဟန်ချက်ညီညီ ဆောင်ရွက်သွားမှသာလျှင် အကောင် အထည် ဖော်တဲ့ အဖွဲ့အစည်း၊ အကောင်အထည်ဖော်ခံရတဲ့ လူပုဂ္ဂိုလ် ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ အခု ဒီကိစ္စတွေနဲ့ တရား စွဲဆိုတဲ့ လူတော်တော်များများ ပြေးနေကြတာကို တွေ့ရပါတယ်။ သွားကြည့်လိုက်ပြန်တော့လည်း ဥပဒေကို သိရှိနားလည် တဲ့ သူတွေဖြစ်နေတယ်။ ဒီအပေါ်မှာ လုပ်ဆောင်နေတဲ့ နေရာမှာ ပညာပေးမှုတွေ၊ လျှော့ချနိုင်မှုတွေ ဒါတွေကိုလည်းပဲ ဦးစားပေး ပြီး ဆောင်ရွက်သင့်တယ်လို့ ကျနော့် အနေနဲ့ မြင်ပါတယ်။

မေး။ ။ တပ်မတော် ကာကွယ်ရေး ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဖြစ်လာနိုင်တယ် ဆိုပြီး သုံးသပ်တာတွေ ရှိ တယ်။ တပ်မတော်က ဖွဲ့စည်းပုံအရ ၂၅ ရာခိုင်နှုန်း နိုင်ပြီးသား ဖြစ်တယ်။ တကယ်လို့ ရွေးကောက်ပွဲမှာသာ ကြံ့ခိုင်ရေး ပါတီ က ၂၆ ရာခိုင်နှုန်း နိုင်ခဲ့မယ်ဆိုရင် တပ်မတော်နဲ့ ကြံ့ခိုင်ရေး ပေါင်းပြီး နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်လာနိုင်တယ် ဆိုပြီး အမြင်တွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ဘာများ ပြောစရာ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ပါတီ အနေနဲ့ ယုံကြည်ချက်က ၂၅ ရာခိုင်နှုန်းရယ်တွေ ဘာတွေ သိပ်ပြီးတော့ မစဉ်းစားဘူး။ ကျနော်တို့ နိုင်ဖို့ ရည်ရွယ်ထားတာ ဂုဏ်သိက္ခာရှိသော အစုအဖွဲ့ ရာခိုင်နှုန်း နိုင်လိမ့်မယ်ဆိုတာ အရမ်းကို ယုံကြည်ထားတာ။ အဲဒီ တော့ ၂၆ ရာခိုင်နှုန်း၊ ၂၇ ရာခိုင်နှုန်းတွေ မဟုတ်ဘူး။ ကျနော်တို့သည် ဂုဏ်သိက္ခာရှိရှိနဲ့ နိုင်သော အစုအဖွဲ့ ရှိတယ်ဆိုရင် ကျနော် တို့ ကို ထောက်ခံမယ်ဆိုရင် အဲဒီ ထောက်ခံမှုအပေါ်မှာ အနိုင်ရရှိလာမှု အပေါ်မှာ မူတည်ပြီးတော့ ပြည်သူလူထု အမှန်တကယ် လို ချင် တဲ့၊ လိုအပ်တဲ့ သမ္မတ ဖြစ်သွားမယ်လို့ ကျနော်တို့က ဒီလိုပဲ မြင်ပါတယ်။ ။

Your Thoughts …
Tags: ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၆)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၆)

by အောင်သစ်
16 March 2024
3.6k

ဦးမောင်မောင်၏ ခမ်းနားခဲ့သောအချိန်များကို ကံကြမ္မာက ကြာရှည်စွာ မျက်နှာသာ မပေးခဲ့ပေ။ ကျားဖြန့် လုပ်ငန်းများနှင့် ပတ်သက်၍ အဦးဆုံး ဖမ်းခံလိုက်ရသည့် ကိုးကန့် စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦးထဲတွင် ဦးမောင်မောင် ပါဝင်သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

by Nandita Haksar
24 June 2024
2.3k

"ပန်းလေးတပွင့် ကိုင်ထားသူကို စစ်တပ်က ဘာကြောင့် ကြောက်တာလဲ"

မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းစကားဖြန့်ချိသူ ဦးဝီရသူကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘွဲ့တံဆိပ်ပေးအပ်စဉ်

ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ

by ဥသြ
5 July 2023
8.9k

လူမှုရေး သိပ္ပံဘာသာရပ်မှာ ဘာသာရေးက ပဋိပက္ခကို ဦးတည်စေတယ်ဆိုတဲ့ သီအိုရီနှစ်ခု ရှိပါတယ်။ ပထမ တခုကတော့ Social Identity သီအိုရီနဲ့ ဒုတိယ တခုကတော့ Realistic Conflict Group သီအိုရီ ဖြစ်ပါတယ်။

၁၉၅၈ နှင့် ၁၉၆၂ ခုနှစ်များက အာဏာသိမ်းမှုများတွင် ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာ့ ပထမဆုံး စစ်အာဏာသိမ်းမှု နှစ် ၆၀ ပြည့်တဲ့အခါ

by David I. Steinberg
2 March 2022
6.5k

နှစ် ၆၀ အထွဋ်အထိပ်ကာလ ရောက်လာသောအခါ စစ်အုပ်စုသည် ၎င်းတို့၏ လွှမ်းမိုးမှုကို လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆိုးရွားလှသော စစ်အာဏာသိမ်းမှုဖြင့် တိုးချဲ့လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်တွင် သူ့မိဘများနေထိုင်ခဲ့သည့် အိမ်တလုံးသာ ရှိသည်။ သမ္မတ ဦးဝင်းမြင့်ထံတွင် ကိုယ်ပိုင်အိမ်ပင် မရှိပေ / ဧရာဝတီ

အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား

by ပေါ်ထွန်း
5 May 2022
11.4k

စစ်ခေါင်းဆောင်အချို့နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အချို့သည် လွန်ခဲ့သည့် ခြောက်နှစ်က စီမံကိန်း တခုကို စတင်ခဲ့သည်

Next Post
အဆိုတော်အစ္စဏီကို ရုံးထုတ်လာစဉ်  / ယုဖြူဟန် / ဧရာဝတီ

တရားလိုဘက်မှ တရားရုံးပြောင်းပေးရန်လျှောက်ခဲ့တဲ့ အဆိုတော် အစ္စဏီအမှု

FPNCCအဖွဲ့ဝင်များ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်လာစဉ်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သီးသန့် တွေ့ဆုံစဉ် / FPNCC / Facebook

မြောက်ပိုင်း ၇ ဖွဲ့ က ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်တို့နှင့် တွေ့ဆုံမည်

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate