ဦးမင်းကျော်လွင်ကို စည်ပင်ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဆိုပြုခဲ့တာ ဖြစ်ပြီး ဇွန်လ (၇) ရက်နေ့က လွှတ်တော် အစည်းအဝေးမှာ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဇွန်လ (၈) ရက်နေ့မှာတော့ စည်ပင်ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဆွေးနွေး ခဲ့ကြရာမှာတော့ အခုလို အကြိတ်အနယ် ဖြစ်ခဲ့ကြ ပါတယ်။ အထူးသဖြင့် ဦးမင်းကျော်လွင်ဟာ မြန်မာပြည်တွင်းမှာ (၁၀) နှစ်ဆက်တိုက် နေထိုင်မှု မရှိခဲ့ဘူးလို့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ထောက်ပြပြီး ဒါက အခြေခံ ဥပဒေ ပုဒ်မ (၁၂၀) (ဂ) နဲ့ မကိုက်ညီ ဘူးလို့ ဆိုကာ လွှတ်တော် ဥက္ကဋ္ဌနဲ့ အကြိတ်အနယ် ဆွေးနွေး ခဲ့ပါတယ်။
ရိုက်ကူး -ဟင်္သာနီ (မွန်မြေ)