ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်က မြေ ၁၄၅၃ဧက ပေါ်မှာ Alliance Star ကုမ္ပဏီက ဆောင်ရွက်မယ့် Eco Green City စီမံကိန်းဟာ အစိုးရနဲ့ စာချုပ်ချုပ်ဆိုပြီး ၆ လအတွင်း စတင် အကောင်အထည် ဖော်ရမှာ ဖြစ်ပေမယ့် ဒီနေ့အထိ ဆောင်ရွက်နိုင်တာမရှိသလို ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
စီမံကိန်း မြေနေရာကို လက်ရှိကာလပေါက်ဈေးနဲ့ တွက်ချက်မယ်ဆိုရင် Build up ဧရိယာအတွက် ကျပ် ၂၀.၁၂ ဘီလီယံ ရရှိမှာ ဖြစ်ပါတယ်။ အကျိုးတူ ဆောင်ရွက်တာဖြစ်တဲ့အတွက် နိုင်ငံတော်က ကျပ် ၆၂.၈၅ ဘီလီယံနီးပါး ရရှိမှာဖြစ်ပြီး ငွေကြေးအနေနဲ့ ၄၂.၇၂ ဘီလီယံ အကျိုးအမြတ် ရရှိမှာဖြစ်တယ်လို့ ဒုဝန်ကြီး ဦးကျော်လင်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။