ဧရာဝတီ၊ စက်တင်ဘာ ၉၊ ၂၀၁၉
ခြင်းလုံးကို အချက်ရေ သောင်းဂဏန်းနဲ့ မရပ်မနား တော့ကစားနိုင်ပြီး လုံးဝန်းသော အသီးနှင့် အရာဝတ္တု မှန်သမျှကို အချက်ရေများစွာ တော့ကစားနိုင်တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ နေထိုင်တဲ့ ဦးမင်းမြတ် (ခ) မင်းမင်းအေးဟာ မွေးရာပါ လက်နှစ်ဖက် မပါခဲ့တာကြောင့် မသန်စွမ်းဘဝရဲ့ အပြင်ဘက် လက်တွေ့ဘဝဟာ အလုပ်လုပ်ကိုင်ဖို့ အခတ်အခဲတွေနဲ့ ယနေ့အချိန်ထိ ရင်ဆိုင်ခဲ့ရပါတယ်။
ဦးမင်းမြတ်ဟာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကတတ်ရွာမကျေးရွာဇာတိဖြစ်ပြီး အဘ ဦးမြညွှန့် (ခ) ဦးမြတ်ညွှန့် အမိ ဒေါ်ခင်သိန်းတို့မှ ၁၉၇၈ ခုတွင် မွေးဖွားခဲ့ပါတယ်။ အဖိုးဖြစ်သူက ဘဝကို အဆုံးမပေးဖို့ သူ့ရဲ့ခြေထောက်တွေကို လက်သဖွယ် အသုံးပြုတက်ဖို့ သင်ကြားပေးခဲ့တာကြောင့်လည်း ခြေထောက်နဲ့ ကိုယ်တိုင်စာရေးကာ ဘွဲ့ရသည်အထိ ပညာသင်ကြားနိုင်ခဲ့ပါတယ်။
သူဟာ တက္ကသိုလ်ဝင်တန်း အောင်မြင့်ပြီးနောက်ပိုင်း ပဲခူးဒီကရီကောလိပ် တက်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် သမိုင်း (ဝိဇ္ဇာဘွဲ့) ဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ ဘွဲ့ရခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ရန်ကုန်တက် အလုပ်ရှာဖွေခဲ့ရာမှာ အလုပ်မရရှိခဲ့ပါဘူး၊ သူကျွမ်းကျင်းတဲ့ ခြင်းအလှပြအတွက် ပြိုင်ပွဲဝင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့အတွက် အခွင့်အရေးက မရှိခဲ့ပါဘူး။
နောက်ဆုံးမှာတော့ ဦးမင်းမြတ်ဟာ သူရဲ့မိခင်ဆုံးသွာပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံ၊ မဲဆောင်မြို့က မယ်တော် ကျောင်းသားဆေးခန်းမှာ လုပ်အားပေးဝင်လုပ်ကာ အသက်မွေးဝမ်းကြောင်းပြုရင် မယ်တော် ကျောင်းသားဆေးခန်းမှာ နှလုံးလာခွဲစိတ်တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့က အမျိုးသမီးတစ်ဦးနဲ့ မေတ္တာမျှခဲ့တာကြောင့် တောင်းရန်လက်ထပ်ယူခဲ့ပြီးနောက် ဇနီးသည်နှင့်အတူ မော်လမြိုင်မြို့တွင် အခြေချနေထိုင်ခဲ့တာဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဉာဏ်စိုးဝင်း