မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ၅၀ ကျော်မှ ကြံစိုက်ခင်းဧကပေါင်း ၁ သောင်းခန့်ရှိပြီး ယခုနှစ် ကြံခုတ်ရာသီ ဒီဇင်ဘာလ ၁ ရက်နေ့ မှစတင်ကာ ကြံတတန်လျှင် ယခင်နှစ်ပေါက်ဈေး ကျပ် ၄၅၀၀၀ အစား ကျပ် ၃၈၀၀၀ နှုန်းဖြင့် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပရေးရှင်း (MEC) ဒုရင်္ဂဗိုလ်သကြားစက်မှ ဈေးသတ်မှတ်လိုက်သည့်အတွက် ကြံစိုက်တောင်သူများ နှစ်နာမှုများ ရှိနေပြီး ကြံစိုက်၊ ကြံခုတ်လုပ်သားများလည်း ရှားပါးမှုများကြုံတွေ့နေရသည်။
ရိုက်ကူး – ကောင်းမြတ်မင်း
တည်းဖြတ် – ဇင်မိုးဝေ