တပ်မတော် အစိုးရလက်ထက် စိတ်ကြိုက် ရေးဆွဲပြဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး အတွက် လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် လွှတ်တော်ထဲတွင် အကြိတ်အနယ် ကြိုးပမ်း နေကြသည်။
NLD အစိုးရအနေဖြင့် ထိုကဲ့သို့ ကြိုးပမ်းနေသော်လည်း ပြင်၍ ခက်ခဲစေရန် တပ်မတော်က စနစ်တကျ ပြုလုပ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး လွှတ်တော်တွင်း ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေခြင်းမှာ နိုင်ငံရေး ဆောင်ရွက်မှု တခုအဖြစ်သာ ထင်ကျန်ခဲရုံကလွဲပြီး ပွန်းပဲ့သွားနိုင်ခြေပင် မရှိဟု သုံးသပ်မှုများလည်း ရှိသည်။
အစိုးရအနေဖြင့် လွှတ်တော်တွင်းမှ တဆင့် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး မအောင်မြင်နိုင်သော်လည်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား လက်မှတ်ရေးထိုးထားသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းမှတဆင့် ရနိုင်ကြောင်း အပစ်ရပ်အဖွဲ့များက ပြောသည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်၍ လက်ရှိ အစိုးရမှ ကြိုးပမ်းနေမှု၊ NCA လမ်းကြောင်းမှ ပြင်ဆင်နိုင်မှု အခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ပါဝင်နေသည့် အပစ်ရပ်လက်နက်ကိုင် အဖွဲ့များမှ တာဝန်ရှိသူများကို မေးမြန်းထားသည်။
အင်တာဗျူး – ကျော်ခ
တည်းဖြတ် – ဇော်နောင်လင်း