မန္တလေးမြို့ရှိ NLD ကို ချစ်ခင် အားပေးထောက်ခံကြသော ကျောက်စိမ်းညီအကိုများဦးစီးကျင်းပသည့် We Love Mandalay အိမ်စီးကား NLD စတစ်ကာ အလှဆင်ပြိုင်ပွဲကို အောက်တိုဘာလ ၁ ရက်နေ့ ကျုံးတောင်ဘက်ရှိ မြို့တော်စည်ပင်ရုံးရှေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုနဲ့ အခြားဆု (၂၀) အပါအဝင် အွန်လိုင်းဆုကိုလည်းပေးသွားမှာဖြစ်ပြီး ဆုရရှိသူများကို အောက်တိုဘာ ၃ ရက်နေ့ ညနေ ၅ နာရီတွင် ကျုံးတောင်ဘက်၌ ဆုပေးပွဲ အခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်ရောက်ရှင်ပြိုင်ကြမည့် ပြိုင်ပွဲများအတွက် ဝင်ခွင့် လျှောက်လွှာများကို မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အနောက်ပေါက် နှင့် ကားရောင်းဝယ်ရေး စခန်းတို့တွင် အခမဲ့ထုတ်ယူနိုင်ပြီး လျှောက်လွှာများကို စက်တင်ဘာ ၃၀ ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထား တင်ရမှာဖြစ်သည်။
ရိုက်ကူး – ဇော်ဇော်