မသန်စွမ်း တယောက်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ မအားဂျာ ဟာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဇာတိဖြစ်ပါတယ်။ အခုတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က စက်ချုပ်ရုံ တခုမှာ အလုပ်လုပ်ပြီး ရုန်းကန် ရပ်တည်နေသူတဦးပါ။
ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ သူအလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ပေါ်က မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်မဲ လာပေးခဲ့ပါတယ်။
သူမက သူမြင်ချင်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံ၊ ဖြစ်စေချင်တဲ့ အစိုးရ၊ ဒီမိုကရေစီနဲ့ မသန်စွမ်းတွေရဲ့ အခွင့် အရေးတွေအကြောင်းကို ချင်းမိုင်မြို့ ကောင်စစ်ဝန်ချုပ်ရုံးမှာ ကြိုတင်မဲပေး အပြီးမှာဘဲ ဧရာဝတီကို အခုလို ရှင်းပြခဲ့ပါတယ်။
#2020Election #earlyvoting #IRWLabourRight #IRWpeace
သတင်း – ကျော်ခ
ရိုက်ကူး – အောင်အောင်ထွန်း
တည်းဖြတ် – အောင်ခိုင်မျိုး