အိမ်တိုင်းအိမ်တိုင်းလိုလိုမှာ တွေ့ရတတ်တဲ့ အရောင်အသွေးစုံတဲ့ ခြေသုတ်ဖုံတွေဟာ တနိုင်တပိုင် အသေးစား လုပ်ငန်းတခုလည်း ဖြစ်ပါတယ်။ အလုပ်သမား ၈ဦးကနေ ၁၅ဦးအထိ ရှိတတ်ပြီး တနေ့ကို ခြေသုတ်ဖုံ အထည် ၃၀၀ အထိထုတ်လုပ်ကြပါတယ်။အင်းစိန်မြို့နယ် ရွာမအနောက်မှာနေထိုင်တဲ့ အများစုက ခြေသုတ်ဖုံလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။
ခြေသုတ်ဖုံလုပ်ငန်းတွေဟာ ကိုဗစ် ပထမလှိုင်းကတည်းက လုပ်ငန်းပြန်လည် လည်ပတ်နိုင်ဖို့ ရုန်းကန်လာခဲ့ရာကနေ ကိုဗစ်ဒုတိယလှိုင်းမှာတော့ လုံးဝရပ်နားလိုက်ရပါတယ်။ လုပ်ငန်း ရပ်နားလိုက်ရလို့ ဒီအလုပ်ကို မှီခိုစားသောက်နေရတဲ့ အခြေခံလူတန်းစားတွေရဲ့ အခက်အခဲကို တင်ပြလိုက်ရပါတယ်။
ရိုက်ကူး/ တည်းဖြတ် -အဲမလီ