ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မိုးကုတ်)၏ အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ အသင်းဝင် ၁၁၈ ဦးက နေပြည်တော် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်သို့ ကန့်ကွက်စာ တင်ပြထားကြောင်း သိရသည်။
၂၀၁၉-၂၀၂၂ ရွေးချယ်တင်မြှောက်ပွဲတွင် ကူညီဆောင်ရွက်မည့် ကော်မရှင်အဖွဲ့နှင့် ဥက္ကဌ အပါအဝင် အမှုဆောင်များ တကြိမ်တခါမျှ တွေ့ဆုံညှိနှိုင်းမှု မရှိခြင်း၊ ကော်မရှင်စည်းမျဉ်း စည်ကမ်းဆိုင်ရာ သတ်မှတ်ထားမှု မရှိခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းနှင့် ပတ်သတ်၍ အသင်းသူ၊ အသင်းသားများအား ပွင့်လင်းမြင်သာစွာ အသိပေးခြင်း ကြေညာချက်ထုတ်ပြန်ခြင်းများ မရှိခဲ့ကြောင်း အသင်းဝင်များက ပြောသည်။
ရိုက်ကူ/ တည်းဖြတ်- အဲမလီ