မဟာရန်ကုန် မြို့လယ်ခေါင်က မြို့နယ်ကြီး ၆ မြို့နယ်နဲ့ ၅ မိနစ်ခန့်သာ ကွာဝေးတဲ့ ပုဇွန်တောင်ချောင်းရဲ့တဘက်ကမ်း ဒေါပုံမြို့နယ်ထဲက သင်္ဘောကျင်းရပ်ကွက်ဟာ မိုးတွင်းကာလ ရေကြီးရေလျှံတဲ့အခါတွေတိုင်း ရေဆိုးနဲ့ မိလ္လာရေတွေနဲ့ ဖုံးလွှမ်းနေတတ်ပါတယ်။
လွှတ်တော် ၂ ဆက်အတွင်း ပြည်သူ့ကိုယ်စားလှယ်တွေက ဒီမိလ္လာကန်လျှံ ရေဆိုးစနစ်တွေကို မဖြေရှင်းခဲ့တာလား။ ရပ်ကွက်ဖွံ့ဖြိုးရေးအတွက် ဖွဲ့စည်းထားတဲ့အဖွဲ့တွေကကော သိန်းတစ်ထောင်ဘတ်ဂျက်ထဲကငွေတွေကို ဘယ်နေရာတွေမှာ သုံးစွဲခဲ့ပါသလဲ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရေဆိုးစွန့်ပစ်မှုစနစ်၊ မိလ္လာစနစ်၊ အမှိုက်စွန့်ပစ်မှုစနစ်နဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ခဲ့သလဲဆိုတာကို ရုပ်သံသတင်းအဖြစ် ရိုက်ကူးထားပါတယ်။
ရိုက်ကူး ၊ တည်းဖြတ် – လင်းဆက်အောင်