ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က ကိုရီးယားဆိပ်ကမ်းဈေးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီရေတပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတလုံးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁၂ ဦးသေဆုံးကာ ၃၁ ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကပြောပါတယ်။
အဲဒီပစ်ခတ်မှုကို စစ်တွေပွိုင့်ကမ်းခြေအနီး အခြေစိုက်ထားတဲ့ ရေတပ်စစ်သင်္ဘောက ပစ်ခတ်လိုက်တာဖြစ်ပြီး လူစည်ကားတဲ့ ဈေးအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာပါ။
အဲ့ဒီ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။