• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၂၀၁၆ တွင် စောင့်ကြည့်ရမည့်သူများ

by ဧရာဝတီ
26 January 2016
in ဆောင်းပါး
A A
၂၀၁၆ တွင် စောင့်ကြည့်ရမည့်သူများ
52.5k
VIEWS
Share on FacebookShare on Twitter

Political Leadership

(သမ္မတ) ဒေါ်အောင်ဆန်းစုကြည်

RelatedPosts

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
2.1k
မြိတ်မြို့

မြိတ်မြို့

11 May 2025
539
တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

10 May 2025
1.4k

မြန်မာနိုင်ငံ ခေတ်သစ်သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး သြဇာအာဏာ ကြီးမားပြီး တိုင်းရင်းသား ပြည်သူလူထု၏ ချစ်ခင်လေးစားမှုကို ခံယူရရှိသော နိုင်ငံရေး သမား မရှိခဲ့။

သူ၏ ဖခင် အမျိုးသားခေါင်းဆောင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ဒေါ်အောင် ဆန်းစုကြည်သည် ဒုတိယ အမျိုးသား ခေါင်းဆောင်ပင် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ ပြည်နှင့် တိုက်ရိုက်ပါဝင် ပတ်သက်ခဲ့သော နိုင်ငံခြားတိုင်းပြည်များက အသိအမှတ်ပြု လေးစားခဲ့ကြသည်။ ယခုခေတ်မှာတော့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကိုတော့ ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြု လေးစား အသိအမှတ်ပြုကြသည်။ အရှေ့တောင် အာရှက မြန်မာဆိုသော နိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွဲပြီးသိကြသည်။

၁၉၉၀ တွင် သူမပါဝင်ဦးဆောင်ထည်ထောင်ခဲ့သော National League for Democracy အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်သည် ရွေးကောက်ပွဲကို အပြတ်အသတ် နိုင်ခဲ့သလို နှစ်ပေါင်း ၂၅ နှစ်ကြာသောအခါ တွင်လည်း သူ၏ ပါတီသည် အကြီးအကျယ် အနိုင်ရခဲ့ပြန်ပြီ ဖြစ်သည်။ ဤသည်မှာသမိုင်းတွင် ထူးခြားသော ဖြစ်စဉ်ဖြစ်သည်။

တောင်အာဖရိက၏ နိုဗယ်ဆုရှင် Nelson Mandala သည် သမ္မတ ဆိုသောရာထူးထက် ကြီးမြတ်သူ ဖြစ်သည်။ ထို့ကြောင့် တမ္ဘာလုံးက ကြည်ညိုလေးစားခြင်းကို အကြီးအကျယ် ခံရသူဖြစ်သည်။

လွန်ခဲ့သော နှစ်များက ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကို ဦးဆောင်ရာတွင် Moral Leadership အဖြစ်နှင့် ဆက်ရပ်တည်မလား၊ အာဏာကို ယူပြီး နိုင်ငံရေးမှာ ဆက်ရွှေ့ မလား၊ ဦးဆောင်မလား ဆိုသော မေးခွန်းများဖြင့် သူ၏ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြ ဖူးသည်။ သို့သော် ထိုမေးခွန်းသည် ရွေးကောက်ပွဲလွန် နောက်ပိုင်းတွင် အဆုံးသပ်သွားပြီ ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ နိုင်ပြီးနောက်ပိုင်း NLD အစိုးရ ပုခုံးပေါ် နှင့် သူ၏ ခေါင်းပေါ် သို့ ကျရောက်လာမည့် တာဝန်များက များပြားလှသည်။

မြန်မာပြည်တွင် အရေးတကြီး လိုအပ်နေသော ငြိမ်းချမ်းရေး ခေါင်းစဉ်အပြင် တိုင်းပြည်တွင် အဓိက အလျင်အမြန် ဆောင်ရွက်ရမည့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလှမ်းများ နှင့် စားဝတ်နေရေး ပြေလည်ဖှုလုံရေးတို့အတွက် NLD နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရက ဘယ်လိုပေါ်လစီအသစ်တွေ ချပြီး ဖြေရှင်းဦးဆောင်မှာလဲ ဆိုတာ အဓိက ဖြစ်သည်။  အစိုးရအသစ်က ဒီခေါင်းစဉ် ဟောင်းများကို ဖြေရှင်းရမှာ ဖြစ်သည်။

အထက်က ဆိုခဲ့သော အခြေခံလိုအပ်ချက်များနှင့် ခေါင်းစဉ်ဟောင်းများကို ဖြေရှင်းရမှာ ဖြစ်သလို စစ်အာဏာ ရှင်စနစ်အောက်မှာ ဆိတ်သုန်းဖျက်ဆီးခံခဲ့ရသော ဒီမိုကရေစီ တန်ဖိုးများ အသေအချာ အမြစ်တွယ်ရေး ကိစ္စများကိုလည်း လုပ်ဆောင်ရအုံးမည်။ မဲပေးခဲ့သူများနှင့် ဒီမိုကရေစီ လှုပ်ရှားသူ အဖွဲ့အစည်းတွေထဲမှာ မျှော်လင့်ချက်တွေက တလှေကြီး ရှိနေကြသည်။ ထို့အပြင် တိုင်းရင်းသား ပြည်နယ်များမှ ပြည်သူလူထုတွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ပေါ်လစီကို အထူးလေ့လာ မျှော်လင့်စောင့်ကြည့်မှာ မလွဲဖြစ်သည်။

သူမအနေဖြင့် ယခင်အာဏာပိုင်များ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ယခင် အပြစ် ဟောင်းများအတွက် လက်စားချေခြင်း မပါသော အမျိုးသား ရင်ကြားစေ့ရေး ကိစ္စများ ကိုလည်း တရားဝင် မျိုးစေ့ချ အကောင် အထည်ဖော်သွားရမှာ ဖြစ်သည်။ ဒါမှ တိုင်းပြည်မှာ ရင်ကြားစေ့ရေးကို မှန်မှန်ကန်ကန် ရှေ့ဆက်နိုင်မည်။

ဘာကြောင့်လဲ ဆိုသော် ပြည်သူက ရွေးချယ်တင်မြောက်ထားသော ခေါင်းဆောင်သည် ပြည်သူ၏အကျိုး၊ ပြည်သူ၏ မျက်နှာကို ကြည့်ရမည့် ပြည်သူ့ဝန်ထမ်း ခေါင်းဆောင်သာ ဖြစ်သည်။ ပြည်သူလူထုကို အနိုင်ကျင့် ချယ်လှယ်အုပ်စိုးပြီး အာဏာကို အလွဲသုံးစား ပြုသော ခေတ်ကုန်ခဲ့ပြီ ဖြစ်သည်။

တကယ်တော့ ပညာပြည့်ဝသော ဒီမိုကရေစီရှိသော ခေါင်းဆောင်များ တိုင်းပြည်တွင် ဦးဆောင်ပြီး ချိန်ခွင်လျာ ညိုနိုင်လျှင် တိုင်းပြည်ချမ်းသာပြီး အေးချမ်းတည်ငြိမ် ပြုံးပျော် နိုင်ပြီဟု အကြမ်းဖျင်း ကောက်ချက်ချနိုင်မည်။ ဆူးငြောင့်ခလုတ်နှင့် ဒီမိုကရေစီ အဖျက် အမှောက်များ ဘေးသို့ ရှဲသွားနိုင်သည်။ သူတို့ အားအင်ချိနဲ့သွားမှ ဒါမဟုတ် သူတို့အလင်းဝင် အမြင်မှန် ရမှ တိုင်းပြည်ပိုကောင်းစားမှာတော့ အမှန်။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုသည် မြန်မာနိုင်ငံတွင်သာမက အင်အားကြီး အန္ဒိယ နှင့် တရုတ်ကြား တွင် တည်ရှိနေသော မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မှုဝါဒ ရပ်တည်ချက်နှင့် ပုံရိပ်ကိုလည်း မြင့်တင်သွားနိုင်မည်ဟု ယုံကြည်ရသည်။ အရှေ့ နှင့် အနောက် ဆက်ဆံ ရေးမှာလည်း မျှမျှတတ ဆက်ဆံနိုင်မည်ဟု မျှော်လင့်ယုံကြည် ကြသည်။

၂၀၁၆ တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်မှာ တိုင်းပြည်ရော ပြည်သူ လူထုရော ဒီမိုကရေစီ အသိဖြင့် နိုးကြားတက်ကြွနေပြီ ဖြစ်သည်။ လမ်းပေါ်တွင် အပြုံး များကို ပိုပြီးတွေ့နေရပြီ ဖြစ်သည်။ မျှော်လင့် ချက်နှင့် စိုးရိမ်မှု တချို့ရောထွေးသော စကားများကို အားတက်သရော ပြောဆိုနေကြပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီစပြီး တာဝန်ယူပြီး ဆုံးဖြတ်ရတော့မည့် နိုင်ငံတော် တာဝန်များတွင် ပြည်တွင်း ပြည်ပက လေ့လာစောင့်ကြည့် အကဲဖြတ်ကြတော့မှာ အမှန်။

၂၀၁၆ တွင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပေးခဲ့သော ကတိများနှင့် တိုင်းပြည်ကို ဘယ်လို အလုပ်အကြွေးပြုမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

၂၀၁၆ တွင် စောင့်ကြည့်ရသူများ

ဦးကျော်သူ

မြန်မာလူမျိုးတွေက အကဲဆပ်တယ် ဝေဖန်တာ စောတယ်လို့ တချို့က ထင်ကြမယ်။ အဲဒီအသိုင်းအဝိုင်းမှာ အလုပ်လုပ် ရှင်သန်အောင်မြင်သူတွေ အရေထူကြဖို့ လိုတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဦးကျော်သူသည် မြန်မာ့အသိုင်းအဝိုင်း နှင့် နိုင်ငံတကာ၏ စာမေးပွဲစစ်တာတွေ ကို အကြိမ်ကြိမ်အောင်ခဲ့ပြီး ဖြစ်သည်။ အရှေ့တောင် အာရှရဲ့  နိုဗယ် ဆုလို့ ခေါ်ခံရတဲ့ မက်ဆိုင်းဆိုင်း (Ramon Magsaysay) ဆုရခဲ့သူ ဦးကျော်သူရဲ့ “နာကူ “ က မြန်မာနိုင်ငံမှာ ပရဟိတ လုပ်ငန်းကို ယုံယုံ ကြည်ကြည် လုပ်နေတာ ဖြစ်သည်။

ကွယ်လွန်သွားသူ ဆရာကြီး ဦးသုခ၏ ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့သော နာရေး ကူညီမှု အသင်းသည် ဦးကျော်သူ၏ လက်အောက်တွင် မြန်မာပြည်၏ အဓိက လိုအပ်ချက်ကို ဖြည့်စည်းပေးနေဆဲ ဖြစ်သည်။ သူ၏ လုပ်ဆောင်မှုကို ခြိမ်းခြောက်မှု၊ ဖျက်ဆီးမှုတွေ ကြုံခဲ့ရသော်လည်း ဒီနေ့ ဒီအချိန်တွင် နာရေးအသင်းသည် နိုင်ငံရေးအရောင်ဆိုးခြင်း မခံရဘဲ သူတို့၏ အလုပ်ကို ဆက်လုပ်ပြီး ကြီးထွားနေဆဲ ဖြစ်သည်။

နာရေးကူညီမှု အသင်းနှင့် ဦးကျော်သူတို့၏ စေတနာဝန်ထမ်း ပြည်သူ့ဝန်ထမ်းလုပ်ငန်းကို နိုင်ငံတကာကပင် အသိအမှတ်ပြုပြီး ဆုတံဆိပ်များ ချီးမြင့်ခဲ့သည်။ နိုင်ငံတော်နှင့် အစိုး ရက ချီးကျူးမှတ်တမ်းတင်ခြင်း တစုံတရာကတော့ မတွေ့ရသေးပါ။ ဦးကျော်သူရဲ့ “ နာကူ” လူမျိုးမရွေး ဘာသာမရွေး နိုင်ငံရဲ့ အသွေးရောင် မရွေး သူတို့၏ လူမှုကယ်ဆယ်ရေး နာရေးလုပ်ငန်းကို လုပ်ဆောင်နေဆဲ ဖြစ်သည်။

အာဏာရှင်တွေ နှင့် နောက်ဆက်တွဲ အစိုးရ၏ ခြိမ်းခြောက်ဖျက်ဆီးဖို့ ကြံစည် ကျိုးစား မှုတွေကို ကြံ့ကြံ့ခံခဲ့သလို အဖွဲ့စည်းနှင့် မိမိ၏ ယုံကြည်မှုကိုလည်း ရောင်းမစားခဲ့သော ဦးကျော်သူသည် မြန်မာ့ ခေတ်သစ်သမိုင်းတွင် မြန်မာတွေ ဂုဏ်ယူရမည့် ပြည်သူ့သား ကောင်း တဦး ဖြစ်သည်။ သူလို လူမျိုး စစ်စစ်မှန်မှန် သမိုင်းမှာ ပေါ်ထွက်ဖို့ကတော့ ခက်သည်။ သို့သော် အတုအယောင်တွေ ထွက်ဖို့ကတော့ လွယ်သည်။ မေတ္တာ စေတနာ အရင်းမခံဘဲ ရင်ထဲက မပါသော အဖွဲ့အစည်းများတော့ ပေါ်လာတတ်သည်။

Change အပြောင်းအလဲကို တောင်းတနေသော မြန်မာနိုင်ငံတွင် Free Funeral Service ၏ ကဏ္ဍက ၂၀၁၆ တွင် ပိုလို့အရေးကြီးလာသည်။ နိုင်ငံတော်၏ တရားဝင် အသိအမှတ်ပြု ပံ့ပိုးမှုကလည်း အရေးကြီးလာပြီ ဖြစ်သည်။

“ ဒီမိုကရေစီ အစိုးရ” တက်လာလျှင်တော့ သူ၏လုပ်ဆောင်ချက်များကို တရားဝင် အသိအမှတ် ပြုမည်လား စောင့်ကြည့်ရအုံးမည် ဖြစ်သည်။ ၂၀၁၆ မှာတော့ ဦးကျော်သူ၏ “ နာကူ” လူမှုရေးလုပ်ငန်းများ လွတ်လွတ် လပ်လပ်နဲ့ ပိုမိုကူညီနိုင်မည်ဟု မျှော်လင့်နေကြ သည်။

၂၀၁၆ တွင် စောင့်ကြည့်ရသူများ

ဦးအောင်ကိုဝင်း

Philanthrophy ဆိုသော ဝေါဟာရ စကားလုံးသည် မြန်မာနိုင်ငံတွင် မတွင်ကျယ်သေးပေ။ တချို့က Philanthrophy  နှင့် Charity  ပေးကမ်းစွန့် ကြဲခြင်းကို မှားပြီး ဘာသာပြန်ကြသည်။ Philanthrophy က ပိုပြီး နက်နဲသည်။ သူက အလှူဒါန ပေးကမ်းခြင်းတခုတည်းမဟုတ်ဘဲ လူသားမျိုးနွယ်ကို မေတ္တာ သံယောဇဉ်ဖြင့်  ပစ္စပ္ဗုန်နှင့် အနာဂတ်အတွက်ပါ မျိုးဆက်နှင့်ချီပြီး စောင့်ရှောက် ပျိုးထောင်ပေးခြင်းမျိုးဖြစ်၍ ပို၍ လေးနက် သည်။

သံဇာတကြွယ်ဝသော မြန်မာနိုင်ငံသည်  ကမ္ဘာတွင်အဆင်းရဲဆုံး နိုင်ငံစာရင်းမှာ ရှိနေဆဲဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ဒေါ်လာငွေ ဘီလီယံနှင့်ချီသော ကြွယ်ဝသော သူဌေးကြီးများရှိသည်။ ထိုသူဌေးများထဲမှ တိုင်းပြည် အတွက် လိုအပ်နေသော အဓိက ကဏ္ဍများတွင် စေတနာသဒ္ဓါတရားပြည့်ဝစွာ ပြန်လည်လှူဒါန်းသူ ကတော့နည်းနေဆဲဖြစ်သည်။ ဥစ္စာဓနကို အမျှော်အမြင်ကြီးကြီး အကျိုးရှိရှိဖြင့် ပြန်လည်လှူဒါန်းနေသော သူဌေး ကြီးများ ထဲတွင် ကမ္ဘောဇအုပ်စု၏ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ထိပ်ဆုံးမှဖြစ်သည်။

KBZ ဘဏ်အနေနှင့်ရော ဦးအောင်ကိုဝင်း မိသားစုတည်ထောင်ထားသော ကမ္ဘောဇအနာဂတ် မြန်မာ အလင်းတန်းများ ဖော်ဒေးရှင်း (KBZ Brighter Future Myanmar Foundation ) လုပ်ငန်းမှ ရရှိသော အမြတ်အစွန်းများကို ၁၉၉၈ ခုနှစ်ကတည်းက ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး သဘာဝဘေးဆိုင်ရာ လှူဒါန်းမှုများကို အင်နှင့်အားနှင့် ပံ့ပိုးကူညီလျက်ရှိသည်ကိုတွေ့ရသည်။

နိုင်ငံတကာတွင်ခေတ်စားသော Philanthrophy ဆိုသောဝေါဟာရ၏ အဓိပ္ပာယ်က မြန်မာနိုင်ငံတွင် မထွန်းကားသေးဘဲ လှူကြသူအများစုသည် နိုင်ငံရေး စီးပွားရေး ကိုယ်ကျိုးစီးပွားနှင့် အကျိုးလို ၍ ညောင်ရေလောင်းကြသူတွေက များသည်။

ဦးအောင်ကိုဝင်းသည် အနာဂတ်တွင် ကျန်းမာရေးကဏ္ဍများကို အထူးအာရုံထားပြီး တနိုင်ငံလုံး အတိုင်း အတာ ဖြင့် ကူညီတော့မည်ဟု သိရှိရသည်။ ၂၀၁၆ ခုနှစ်မှ စတင်ပြီး အထူးသဖြင့် တောရွာများတွင်  မြန်မာ ပြည်သူ များ ကြုံတွေ့နေ ရသည့် ကျန်းမာရေးဘေး အန္တရာယ်များဖြစ်သည့်  မီးဖွားစဉ်ကလေးငယ်များ သေဆုံးမှု မြင့်မား နေခြင်း (၂၀၁၅ ခုနှစ်  ကမ္ဘာ့ဘဏ်၏ စာရင်းဇယားများအရ မီးဖွားစဉ် ကလေးသေဆုံးမှုနှုန်း ၁၀၀၀ လျှင် ၄၀ ဦး သေဆုံး)   နှုတ်ခမ်းကွဲနှင့် မျက်စိရောဂါများကို အထူးအာရုံ ထား ပြီး တနိုင်ငံလုံး အတိုင်း အတာ နှင့်ကူ ညီ တော့ မည်ဟု သိရသည်။

Philanthrophy ဆိုသူများမှာ Vision အမြင် နှင့် အမျှော်အမြင်ကြီးမှုတို့နှင့် ပြည့်စုံပြီး ရေရှည်နှင့် အနာဂတ် မျိုးဆက် များ အတွက် ဘာ လုပ်ပေးမည်လဲ ဆိုသည်ကို ကြည့်ကြသည်။

မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်သည် ၂၀၁၀ မှ ၂၀၁၅ အတွင်းကျပ်ငွေ ၉၈ ဘီလီယံကို သုံးစွဲပြီး လူမှုအကျိုးပြု လုပ်ငန်းများလုပ်ခဲ့သည်ဟုသိရသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ယနေ့အချိန်အထိ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ ပညာရေးအဆင့်အတန်းတိုးတက်ဖွံ့ဖြိုးမြင့်မားရေးတို့ကိုလည်း အထူးအာရုံထား လုပ်ဆောင်နေသည်ကိုတွေ့ရသည်။ ထူးခြားသည်က လူမှုရေးခေါင်းဆောင်များကဲ့သို့  ထိုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမျိုးဘာသာခွဲခြားချင်းမရှိဘဲ ကူညီနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အခြား နိုင်ငံတကာမှာ  ဘဏ်ကြီးများနှင့် ရင်ပေါင်တန်းကာ ၂၀၁၅ ခုနှစ်တွင် ဥရောပ သမဂ္ဂက ချီးမြှင့်သည့် Euromoney’s Corporate Social Responsibility Award 2015 ဆုတံဆိပ်ကို ရရှိခဲ့သည်။

တိုင်းပြည်ပွင့်လာသည်နှင့် အမျှ စေတနာယန္တရားနှင့် ကူညီမည့်သူများ ပို၍များ လာမည်ဟု မျှော်လင့်ရသည်။ တကယ်တော့ မြန်မာသည် အလှူဒါန လက်နှင့်မကွာဆိုသည့်နေရာ တွင် ထိပ်တန်းမှ ရှိသည်ဟု နိုင်ငံတကာက မှတ်တမ်းတင်ခဲ့ပြီးဖြစ်သည်။

၂၀၁၆တွင် ကမ္ဘောဇနှင့် ဦးအောင်ကိုဝင်းတို့၏ Philanthrophy လုပ်ငန်းများ လူမှုရေး ကျန်းမာရေး၊ပညာရေး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို စောင့်မျှော်ကြည့်ရမည်ဖြစ်သည်။

Your Thoughts …
Tags: Profile
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးနေဝင်း, ဦးတေဇ

ဦးနေဝင်း မိသားစုနှင့် ဦးတေဇ မိသားစုတို့၏ ပတ်သက်ရာ ပတ်သက်ကြောင်းများ

by ရန်ပိုင်
14 August 2014
27.4k

ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသော ဗိုလ်ချုပ် နေဝင်းသည် မေယုစစ် သင်္ဘောဖြင့် (ဦးတေဇ ဖခင်) ဦးမြင့်ဆွေ တာဝန်ကျရာ မြိတ်ဒေသသို့ ရောက်ရှိစဉ်က အတူတကွ ရိုက်ကူးထားသည့် ဓာတ်ပုံများကို ကြည့်ခြင်းဖြင့် သူတို့အကြား ခင်မင်ရင်းနှီးမှု အတိုင်းအတာကို တွေ့နိုင်သည်။

ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ

ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ

by ကျော်စွာမိုး
3 June 2016
14.4k

ဦးခန်းဟာ အတိတ်ဖြစ်ရပ်တွေကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲဖြစ်ပြီး သူ့ဆီ လာလည်တဲ့ ဧည့်သည်တွေကို သူ့အိမ် နံရံမှာ ချိတ်ဆွဲထားတဲ့ သမိုင်းဝင် ဓာတ်ပုံတွေကို ဝမ်းသာအားရနဲ့ လိုက်ပြလေ့ရှိပါတယ်

ပဒိုမန်းရှာ, ကရင်

ပဒို မန်းရှာ (သို့မဟုတ်) အကြွေစောတဲ့ ကြယ်တပွင့်

by ကျော်ခ
14 February 2015
27.1k

အဲဒီနေ့မနက်မှာဘဲ NCUB အစည်းအဝေး သွားတက်လိုက် သေးတယ်။ အစည်း အဝေးက ပြန်လာပြီး အိမ်မှာ နားနေရင်း ဝရံတာမှာ ထိုင်ခုံတလုံးပေါ်မှာ ထိုင်နေရင်း သစ်သီးလှီးစားနေတုန်း သေနတ်သမားတွေက ဝင်ပစ်သွားတာ။

ကချင်, ဗိုလ်ချုပ်အောင်ဆန်း, တိုင်းရင်းသူ

သမိုင်းဝင်ဓာတ်ပုံထဲက ကချင် တိုင်းရင်းသူ လဖိုင်နဲမ်ရာ

by လင်းသန့်
24 January 2015
6.7k

ပြုံးရွှင် ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ကချင်အမျိုး သမီးတွေဟာ (ညာမှ ဝဲသို့) ဂေါလူလု၊ နန်စဲန်း၊ အင်ခွန်ဘောက်၊ ခေါန် ရော်မခေါင်၊၊ ကော လင်းဂျာဘောက်၊ လဖိုင်နဲမ်ရာ တို့ ဖြစ်ပြီး...

မင်းကွန်းတိပိဋက ဆရာတော

ကမ္ဘာသိ အရှင်သူမြတ် မင်းကွန်း ဆရာတော်ကြီးရဲ့ ကျောင်းတိုက်

by အေးမွန်ရာပြည့်
7 June 2016
14.1k

မင်းကွန်းဆရာတော်ဘုရားကြီးဟာ စာမျက်နှာ (၁၆၀၀၀)၊ အုပ်ရေ(၂၀)ရှိတဲ့ ပိဋကတ်သုံးပုံကို အရကျက်မှတ် အာဂုံဆောင်နိုင်ခဲ့တာကြောင့် ၁၉၈၅ခုနှစ်မှာ ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာပါ။

ထူးအိမ်သင်, ဂီတပွဲ

စိတ်ပျက်ရတဲ့ ထူးအိမ်သင် ဂီတပွဲ (သို့မဟုတ်) ပြန်ဆို ယဉ်ကျေးမှု စနစ်တကျ ထွန်းကားသင့်ပြီ

by ငြိမ်းချမ်းအေး
25 August 2014
20.7k

“အမှား ပါရင် ခွှင့်လွှတ်ပေးပါ” ဆိုတာ အပျော်တမ်း သမား စကားပါ။ ရပ်ကွက် သီတင်းကျွတ် ပွဲ မှာပဲ အသုံးဝင်ပါတယ်။ လုပ်နေတဲ့ အလုပ်က ပရို အလုပ်၊ ပြီးတော့ မှ ထူးအိမ်သင် ကို...

Next Post
car , Acura MDX

ဂျာမနီမော်ဒယ်တွေကို ပြိုင်ဆိုင်မယ့် Acura MDX

အစိုးရဖွဲ့စည်းရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တပ်ချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည် အဓိကထားဆွေးနွေး

လမ်းရှာနေတဲ့ တွေ့ဆုံမှုတွေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate