• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲ ဘယ်လောက်ပြင်းမလဲ

by ဧရာဝတီ
22 July 2020
in ဆောင်းပါး
A A
၂၀၁၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် နှစ်ဘက်ထိပ်သီးများ တွေ့ဆုံစဉ် / Reuters

၂၀၁၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် နှစ်ဘက်ထိပ်သီးများ တွေ့ဆုံစဉ် / Reuters

12.3k
VIEWS
Share on FacebookShare on Twitter

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ကိုကြည့်ပါက ထိုအင်အားကြီးနှစ်နိုင်ငံသည် နယ်ပယ်အချို့တွင် တနိုင်ငံနှင့် တနိုင်ငံ အလျှင်အမြန် အဆက်အသွယ်ဖြတ်နေကြသည်။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှုများ နေ့စဉ်ကြီးထွားလာနေပြီး စစ်အေးတိုက်ပွဲသစ်ဖြစ်မည်ဟူသည့် ပြောဆိုမှုများဖြစ်လာကြသည်။ အရေးပါသော ကွဲပြားခြားနားမှုများကို သုတေသီများ တွေ့မြင်ကြသော်လည်း ထိုအင်အားကြီးနှစ်နိုင်ငံသည် အန္တရာယ်များလှသော နယ်ပယ်အတွင်း ရောက်နေကြောင်း ယုံကြည်ကြသည်။

RelatedPosts

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
1.4k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
5k

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာတဝန်းတွင် တရုတ်ကို ဆန့်ကျင်နေပြီး အခြားနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ နှောင်ကြိုးပါသော အကူအညီများနှင့် ဆက်သွယ်ရေးလုပ်ငန်းကြီး ဟွာဝေးကို ဆန့်ကျင်ရန် တွန်းအားပေးကာ အငြင်းပွားမှု များပြားလှသော တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံကို ဆန့်ကျင်သူများဖက်မှ ရပ်တည်သည်။

ထရမ့်က နိုဝင်ဘာလရွေးကောက်ပွဲမဲဆွယ်ရာတွင် တရုတ်နိုင်ငံကို ပြဿနာတခုအဖြစ် တင်ထားသော်လည်း နှစ်နိုင်ငံဆက်ဆံရေးသည် ရွေးကောက်ပွဲတွင် သူ့ပြိုင်ဘက် ဂျိုးဘိုင်ဒင်ကို ရှုံးစေကာမူ အသံနေအသံထားသာ ပြောင်းလဲသွားမည့်သဘောရှိသည်။ ဂျိုးဘိုင်ဒင်က ထရမ့်ကို မပြတ်သားသူဖြစ်သည်ဟု စွပ်စွဲနေသည်။

ထိုစီးပွားရေး အင်အားကြီး နှစ်နိုင်ငံသည် တရုတ်နိုင်ငံ၏ အာရှကို လွှမ်းမိုးလိုသည့် ဆန္ဒအပြင် လိုက်လျှောညီထွေမရှိသော သေနင်္ဂဗျူဟာအမြင်များဖြင့် ရေရှည် အားပြိုင်နေကြောင်း ဟားဗတ် တက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ စတီဖင် ဝေါ့လ် ကပြောသည်။

ထရမ့်သည် အင်အားချိနဲ့ပြီး အမှားအယွင်းများသော ခေါင်းဆောင်အဖြစ် တရုတ်နိုင်ငံကမြင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်၏ အန္တရာယ်များလှသော တုံ့ပြန်မှုတွင် ၎င်း၏ အကျိုးစီးပွားအတွက် အမြတ်ထုတ်ရန် အခွင့်အလမ်းရှာသည်ဟု တရုတ်က ယုံကြည်ဖွယ် ရှိကြောင်း သူက ဆိုသည်။

“အခုဖြစ်နေတာတွေက တချို့နေရာတွေမှာ အမေရိကန်-ဆိုဗီယက် စစ်အေးတိုက်ပွဲနဲ့ တူပေမယ့် အဲဒီလို အားပြိုင်မှုလောက်တော့ အန္တရာယ်မများသေးဘူး” ဟု သူပြောသည်။

“အဓိကကျတဲ့ ကွဲလွဲမှုကတော့ ဒီနှစ်နိုင်ငံဟာ သိသိသာသာတင်းမာနေပေမယ့် စီးပွားရေးအရ နီးနီးကပ်ကပ်ဆက်စပ်နေတာပဲဖြစ်တယ်” ဟု သူပြောသည်။

တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး ကမ္ဘာတဝန်း သတိပေးနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယိုသည် မကြာသေးမီက ရေဒီယို အင်တာဗျူးတခုတွင် လက်ရှိအခြေအနေကို ထိုသို့စစ်အေးတိုက်ပွဲနှင့် နှိုင်းယှဉ်ပြောကြားခြင်းကို ကန့်ကွက်ခြင်း မရှိပေ။

အမေရိကန်ပြည်ထောင်စုသည် ဆိုဗီယက်ယူနီယံနှင့် စီးပွားရေးအရ အပြန်အလှန်ဆက်စပ်မှု မရှိခဲ့ကြောင်းလည်း သူပြောပြီး ထိုကြောင့် အနောက်နိုင်ငံများသည် တရုတ်နိုင်ငံနှင့် သီးခြားနေရန် လိုကြောင်း အထူးသဖြင့် နည်းပညာအရ ခွဲခြားရန်လိုကြောင်း သူပြောသည်။ ထိုနည်းပညာများကို တရုတ်က သူလျှိုလုပ်ရန် အသုံးပြုမည်ကို ဝါရှင်တန်က စိုးရိမ်နေသည်။

တိုက်ရိုက်စစ်ဖြစ်နိုင်ခြေ

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတဝန်းကူးစက်မှုအတွင်း ဘေ့ဂျင်းသည် စစ်မက်ပိုမိုလိုလားလာကြောင်း အတ္တလန်တိတ် ကောင်စီ အတိုင်ပင်ခံအဖွဲ့ အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဌ ဖရက်ဒရစ် ကမ်ပီက စနေနေ့က ထုတ်ပြန်သည့် ဆောင်းပါးတစောင်တွင် ရေးသားခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ် အခြေအနေကို အကာအကွယ်ယူပြီး တရုတ်နိုင်ငံဟာ သူတို့ဆီက မွတ်ဆလင်လူနည်းစုတွေကို ပိုမိုဖိနှိပ်လာတယ်။ ဟောင်ကောင်ကို ပိုမို တင်းကျပ်စွာ ချုပ်ကိုင်လာတယ်။ ထိုင်ဝမ်ကို ဖိအားတိုးမြှင့်တယ်။ တောင်တရုတ်ပင်လယ်မှာ တင်းမာမှု မြင့်မားစေတယ်။ ကိုရိုနာဗိုင်းရပ်စ် စုံစမ်းစစ်ဆေးမှုလုပ်ဖို့တောင်းဆိုလို့ သြစတြေးလျကို တိုက်ခိုက်မှု မြှင့်တင်တယ်။ ဟွာဝေးအမှုဆောင် တယောက်ကို ဖမ်းဆီးလို့ ကနေဒါကို ဖိအားမြှင့်တင်တယ်။ အိန္ဒိယနယ်စပ်ကို တပ်တွေ စေလွှတ်ပြီး အသေအပျောက်ဖြစ်တဲ့ တိုက်ခိုက်မှုကို ဖြစ်စေတယ်” ဟု ကမ်ပီ ရေးသားသည်။

တရုတ်နိုင်ငံနှင့် စစ်အေးတိုက်ပွဲအကြောင်းပြောရသည်မှာ အန္တရာယ်များကြောင်း ဂျော့တောင်းတက္ကသိုလ် လက်ထောက်ပါမောက္ခနှင့် အမေရိကန်အင်တာပရိုက် အင်စတီကျုမှ ပညာရှင် အိုရီယားနား စကိုင်လာ မက်စ်ထရို ပြောသည်။

“တရုတ်နိုင်ငံနဲ့ အခြေအနေက စစ်အေးတိုက်ပွဲနဲ့မတူဘူး။ အပြုသဘောဆောင်တဲ့ဖက်ကကြည့်မယ်ဆိုရင် နှစ်နိုင်ငံကြားမှာ ကျယ်ပြန့်တဲ့ ထိတွေ့ဆက်ဆံမှု ရှိတယ်။ ဆန့်ကျင်ဖက် အမြင်နဲ့ ကြည့်ရင် ဆိုဗီယက်နဲ့အကြားမရှိဖူးတဲ့ စစ်ဖြစ်နိုင်တဲ့အလားအလာရှိတယ်” ဟု သူပြောသည်။

စစ်အေးတိုက်ပွဲအမြင်ဖြင့်ကြည့်ခြင်းသည် ဝါရှင်တန်က ဘေ့ဂျင်းကို သဘောတရားရေးရာခြိမ်းခြောက်မှုအဖြစ် မှားယွင်းစွာ မြင်ခြင်းအပြင် ထိရောက်မှုမရှိသည့် တုံ့ပြန်မှုမျိုးကို ဖြစ်စေကြောင်း သူပြောသည်။

တောင်တရုတ်ပင်လယ်မှ လက်နက်စနစ်များကို ပြန်လည်ရုတ်သိမ်းခြင်းအပါအဝင် အမေရိကန်၏ စိုးရိမ်ပူပန်မှုများကို လျှော့ချရန် တရုတ်နိုင်ငံတွင် နည်းလမ်းအများအပြားရှိကြောင်း သူပြောသည်။

“ဒါပေမယ့် ဘေ့ဂျင်းက အမေရိကန်မူဝါဒရဲ့ တွန်းအားကို အခြေခံအားဖြင့် နားလည်မှုလွဲမှားနေလို့ ဒီလိုလျှော့ပေးမှာ မဟုတ်ဘူး။ အမေရိကန်ဟာ သူ့ရဲ့ သြဇာအာဏာကျဆင်းတာကို တုံ့ပြန်ဖို့ အခုလိုလုပ်နေတာလို့ ဘေ့ဂျင်းက ထင်နေတာ။ ဘေ့ဂျင်းကဘာလုပ်လုပ် အမေရိကန်က ဝေဖန်မယ်လို့ ထင်နေတာ” ဟုလည်း သူပြောသည်။

“ဒါကြောင့် သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ ဘယ်လိုအောင်မြင်အောင် လုပ်မယ်ဆိုတာလျှော့ချဖို့ ဆန္ဒမရှိဘူး။ အဲဒါက အမှားတခုပဲ။ တရုတ်နိုင်ငံဖက်က အဲဒီလိုပျက်ကွက်တာ၊ အမေရိကန်ကို အာမခံချက်ပေးဖို့ ပျက်ကွက်တာက စစ်ကို ဦးတည်သွားစေနိုင်တယ်” ဟု သူဆက်ပြောသည်။

ရုတ်တရက်တင်းမာမှု

လွန်ခဲ့သော နှစ်အနည်းငယ်က ကဲ့သို့မဟုတ်တော့ဘဲ အမေရိကန် စီးပွားရေးလုပ်ငန်းများသည် တင်းမာမှုလျှော့ချရန် ပြောဆိုလာကြသည်။ ယခင်ကမူ တရုတ်သည် နည်းပညာမူပိုင်ခွင့် အကြီးအကျယ်ချိုးဖေါက်သည်ဟု အမေရိကန် စီးပွားရေး လုပ်ငန်းများက မြင်ကြသည်။

တရုတ်နိုင်ငံသည် သိသာမြင်သာသော ဆောင်ရွက်မှုများကို တုံ့ပြန်နေခြင်းဖြစ်ကြောင်း ဘေ့ဂျင်းတွင် အမေရိကန် စစ်သံမှူးအဖြစ် လုပ်ကိုင်စဉ်က လေ့လာသိရှိခဲ့ကြောင်း အရှေ့အာရှဆိုင်ရာ ထိပ်တန်းနိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ ဒေးဗစ် စတိုင်းဝဲလ် ကပြောသည်။

“ပုဂ္ဂလိက အမြင်အရ ပြောရရင် ကျနော်လည်း အဲဒီလိုပဲထင်တယ်။ ဒီလူတွေနဲ့ အလုပ်လုပ်လို့ ရတယ်လို့ ကျနော်မြင်တယ်။ အဲဒီလို နားလည်မှုမျိုးကို လွန်ခဲ့တဲ့ ၁၀ နှစ်က ကျနော်ဘေ့ဂျင်းသွားတုန်းက ရခဲ့တာ” ဟု ဆွေးနွေးပွဲတခုတွင် သူပြောသည်။

ဟောင်ကောင်တွင် တရုတ်နိုင်ငံ၏ ချေမှုန်းမှုများနှင့် ဝီဂါမွတ်ဆလင်များကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများကိုလည်း အမေရိကန်ပြည်ထောင်စုက ဖိအားပေးသည်။ ထိုသို့ ဖိအားပေးတိုင်း ဘေ့ဂျင်းကလည်း လက်စားချေသော တုံ့ပြန်မှုများ ပြုလုပ်သည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး သဘောတူညီချက် ဆက်လက်ထိန်းသိမ်းရေးကိုမူ ထရမ့်ကမျှော်လင့်နေဆဲဖြစ်သည်။ တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မတိုင်မီက အမေရိကန်ကုန်စည်များကို ပိုမိုဝယ်ယူရန် ကတိပြုထားသည်။

တရုတ်နိုင်ငံသည် ထိုသဘောတူညီချက်ကို အပြည့်အ၀ဆောင်ရွက်နိုင်တော့မည် မဟုတ်ကြောင်း နှစ်ဖက်လုံးက သိနေသည်ဟု ဘေ့ဂျင်းမှ ရန်မင် တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ရှစ်ရင်ဟုန် ပြောသည်။ နှစ်နိုင်ငံဆက်ဆံရေးသည် ဆက်လက်ယိုယွင်းနေဦးမည်ဟု မျှော်လင့်ကြောင်း သူပြောသည်။

“အရင် စစ်အေးတိုက်ပွဲဟောင်းက သဘောတရားနဲ့ သေနင်္ဂဗျူဟာ ကြောင့်ဖြစ်တဲ့ အင်အားကြီးနှစ်နိုင်ငံအကြား ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုနဲ့ အားပြိုင်မှုဖြစ်တယ်” ဟု သူပြောသည်။

အမေရိကန်ပြည်ထောင်စုနှင့်တရုတ်နိုင်ငံကိစ္စတွင် ထိုအင်အားကြီးနှစ်နိုင်ငံသည် နယ်ပယ်အချို့တွင် တနိုင်ငံနှင့် တနိုင်ငံ အလျှင်အမြန် အဆက်အသွယ်ဖြတ်နေကြကြောင်းလည်း သူပြောသည်။

“ဒီလိုအဓိပ္ပါယ်နဲ့ပြောရင် တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ စစ်အေးတိုက်ပွဲသစ်ကို စတင် ဝင်ရောက်လာပြီဖြစ်တယ်” ဟု သူပြောသည်။

(AFP သတင်းထောက် Shawn Tandon ၏ How hot could US-China ‘Cold War’ get? ကို ဘာသာပြန်သည်။)

You may also like these stories:

အမေရိကန်ရဲ့ တောင်တရုတ်ပင်လယ် မူဝါဒ အပြောင်းအလဲ အာရှက သံသယနှင့် မျှော်လင့်ချက်များဖြင့် တုံ့ပြန်

တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ

တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရင်ဆိုင်ဖို့ အမေရိကန် ရွေးချယ်

Your Thoughts …
Tags: စစ်တင်းမာမှုများတရုတ်အင်အားကြီး နှစ်နိုင်ငံအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

နိုင်ငံတကာ ခရီးသွားလုပ်ငန်းအများစု ထိုင်းဈေးကွက်မှ ထွက်ခွာနေ

ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ယခုလ ၂၀ ရက်က KNDP ပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပနေစဉ် / KNDP / Facebook

ကရင်ပါတီများ အချင်းချင်း ညှိနှိုင်း၍ မဲဆန္ဒနယ် ခွဲဝေ ယှဉ်ပြိုင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate