အခုပြောမှာကတော့ လက်ရှိ နိုင်ငံတကာ ဈေးကွက်ထဲမှာ ထုတ်လုပ်ရောင်းချနေတဲ့ မော်တော်ကားတွေထဲ က ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကားတွေကို ပြောမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် ထုတ်လုပ်ရောင်းချနေတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။
(၁) Aston Martin MA-RB 00
၂၀၁၈ခုနှစ် မော်ဒယ် သတ်မှတ်ချက်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး ပုံမှန်လမ်းကြောင်းမှာပါ မောင်းနှင်ခွင့်ရ Supercar မော် ဒယ်ပါ။ ကာဗွန်ဖိုက်ဘာကိုယ်ထည်သားနဲ့ V12 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ ဈေးနှုန်းဒေါ်လာ ၃.၉သန်း ဖြစ်ပါတယ်။ ပတ်လမ်းမောင်းမော်ဒယ် ၂၅ စီးနဲ့ ပုံမှန်လမ်းကြောင်းမောင်းမော်ဒယ် ၉၉ စီးကနေ ၁၅၀ စီး အကြားပဲ ထုတ်လုပ်ရောင်းချ ဖို့ ရှိနေတာပါ။
(၂) LukanHypersport
ဒူဘိုင်းအခြေစိုက် ကုမ္ပဏီရဲ့ မော်ဒယ် ဖြစ်ပြီး အစီးရေ ၇စီးပဲ ထွက်ရှိလာဖို့ ရှိနေတာပါ။ ရှေ့မီးကြီးတွေမှာ LED စနစ်ကို စိန် ၂၂၀ ပွင့်နဲ့ ကွပ်ထားမှာပါ။ မြင်းကောင်ရေ ၇၈၀ အား ထုတ်ပေးနိုင်မယ့် အင်ဂျင်ကို တပ်ဆင်ထားပြီး စွမ်းဆောင်ရည်ထက် ဇိမ်ခံဦးစားပေး မော်ဒယ်ပါ။ တန်ဖိုးဒေါ်လာ ၃.၃သန်း ဖြစ်ပါတယ်။
(၃) PaganiHuayra BC
အစီးရေ ၂၀ပဲ ထုတ်လုပ်ရောင်းချမယ်လို့ ယူဆရတဲ့ အီတလီအခြေစိုက် ကုမ္ပဏီရဲ့ မော်ဒယ်ပါ။ Mercedes-Benz AMG ကနေထုတ်လုပ်ပေးတဲ့ ၆.ဝလီတာသုံး V12 အင်ဂျင်ကို တပ်ဆင်ထားပြီးသူက မြင်းကောင်ရေ ၇၅၀အား ထွက်ရှိပြီး ဈေး နှုန်းဒေါ်လာ ၂.၈သန်းနဲ့ ရောင်းချနေတာပါ။
(၄) Bugatti Chiron
ပြင်သစ်အခြေစိုက် Bugatti ရဲ့ အခုနှစ်မှာ ဈေးကွက်တင်လာတဲ့ မော်ဒယ်သစ် ဖြစ်ပြီး မြင်းကောင်ရေ ၁၅၀၀ထွက် အင် ဂျင်ကို တပ်ဆင်ထားသလို နှစ်ယောက်စာပဲ ထိုင်ခုံပါရှိပြီး တနာရီမိုင် ၆၀နှုန်းကို ၂.၅စက္ကန့်နဲ့ ရောက်မှာ ဖြစ်သလို ဈေးနှုန်း ဒေါ်လာ ၂.၇သန်း ဖြစ်ပါတယ်။
(၅) Koenigsegg Reger
အစီးရေ ၈၀ပဲ ထုတ်လုပ်မယ့် မော်ဒယ်ဖြစ်ပြီး အင်ဂျင်က ၅.ဝလီတာသုံး အင်ဂျင်နဲ့အကူ လျှပ်စစ်အင်ဂျင် သုံးလုံးပူး တွဲ ထိုင်ထားပြီး မြင်းကောင်ရေ ၁၈၂၂ကောင်အား ထုတ်ပေးနိုင်သလို ဆီဒင် အခြေစိုက်ကားကုမ္ပဏီက Regera တစီးကို ဒေါ် လာ ၁.၉သန်းနဲ့ ရောင်းမှာပါ။
(၆) Zenvo TS1
နယ်သာလန် အခြေစိုက် Supercarထုတ်လုပ်သူ Zenvoရဲ့ မော်ဒယ်တခု ဖြစ်ပြီး ၅.၉လီတာသုံး V8 အင်ဂျင်က မြင်း ကောင်ရေ ၁၁၀၀ အား ထုတ်လုပ်ပေးနိုင်သလို တနာရီ ၂၃၃ မိုင်ထိအောင် အမြန်ဆုံးမောင်းနှင်နိုင်မှာပါ။ ဈေးနှုန်းဒေါ်လာ ၁.၈သန်းဖြစ်ပြီး ၁၅စီးပဲ ထုတ်လုပ်ရောင်းချမှာပါ။
(၇) Arash AF10 Hybrid
အင်္ဂလန်အခြေစိုက် ကုမ္ပဏီရဲ့ ထုတ်လုပ်မှု ဖြစ်ပြီး Hybrid စနစ်နဲ့ပါပဲ။ ၆.၂လီတာသုံး မြင်းကောင်ရေ ၅၅၀ အားထွက် အင်ဂျင်နဲ့ လျှပ်စစ်မော်တော် ပူးတွဲတပ်ဆင်ထားပါတယ်။ တန်ဖိုးဒေါ်လာ ၁.၅သန်းရှိပြီး မိုင် ၆၀နှုန်းကို အချိန် ၂.၈စက္ကန့်နဲ့ ရောက်နိုင်ပါတယ်။
(၈) Ferrari LaFerrariAptera
နာမည်ကျော် Ferrari ရဲ့ ဒေါ်လာ ၁.၄ သန်းတန် မော်ဒယ်ပါ။ Hybrid စနစ်နဲ့ Supercar ဖြစ်ပြီး တနာရီ ၂၁၇ မိုင်ထိအောင် မောင်းနှင်နိုင်သလို တနာရီမိုင် ၆၀နှုန်းကိုတော့ ၃စက္ကန့် ဝန်းကျင်နဲ့ ရောက်မှာပါ။ ၆.၃လီတာသုံး V12 အင်ဂျင်နဲ့ လျှပ်စစ် မော်တာ ပူးတွဲတပ်ဆင်ထားတာ ဖြစ်ပါတယ်။
(၉) Mazzanti Evantra Millecavalli
အီတလီအခြေစိုက် ကားကုမ္ပဏီရဲ့ထုတ်လုပ်မှု ဖြစ်ပြီး တကမ္ဘာလုံးကို ၂၅ စီးမှာ ထုတ်လုပ်ရောင်းချနေတာ ဖြစ်သလို ၇.၀ လီတာသုံး V8 အင်ဂျင်က မြင်းကောင်ရေ ၁၀၀၀အားထုတ်ပေးနိုင်ပြီး တနာရီမိုင် ၂၅၀ ထိအောင် မောင်းနှင်နိုင်မှာဖြစ်ကာ ဈေးနှုန်းဒေါ်လာ ၁.၂သန်းပါ။
(၁၀) Apollo Arrow
ဂျာမနီအခြေစိုက် အဆင့်မြင့်ကားထုတ်လုပ်ရောင်းချသူ Apolloရဲ့ ထုတ်လုပ်မှု ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဂျနီဗာကားပြပွဲမှာ ထည့် သွင်းပြသခဲ့တဲ့ မော်ဒယ်က ဒီနှစ်အတွက် ဈေးကွက်ဝင်လာတာပါ။ ၄.၂ လီတာသုံး အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင် ရေ ၁၀၀၀အား ထုတ်ပေးနိုင်ပြီး တန်ဖိုးဒေါ်လာ ၁.၁သန်း ဖြစ်ပါတယ်။
Ref: www.forbes.com