အိန္ဒိယနိုင်ငံဘက်က သတ်မှတ်ချိန်များ အကြိမ်ကြိမ်နောက်ကျနေစဉ် တရုတ်နိုင်ငံဘက်က ခြေလှမ်းကျဲလာသဖြင့် အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံမှ အခြေခံအဆောက်အအုံဆိုင်ရာ ကတိကဝတ်များကို အရှိန်မြှင့်လုပ်ဆောင်ရန် အပြင်းအထန် ကြိုးစားလာနေသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ ချေးငွေနှင့်အကူအညီအတွက် အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလီယံခန့် သုံးစွဲထားသော် လည်း စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးနေခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ဂုဏ်သတင်း ထိခိုက်နေသည်။
အိန္ဒိယနိုင်ငံသည် စစ်တွေဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းနှင့် ပလက်ဝတွင် ကုန်းတွင်းဆိပ်ကမ်းတည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးသွားပြီဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် ဗစ်ကရမ် မစ်ဆာရီက ပြောသည်။
ယခုအပတ်အတွင်း The Global New Light of Myanmar သို့ ပြောကြားရာတွင် သူက “ပလက်ဝကနေ မီ ဇိုရမ်ပြည်နယ်နယ်စပ် ဇိုရင်ပွိုင်အထိ ဖောက်မယ့်လမ်းရဲ့နောက်ဆုံးအဆင့်အတွက် ကန်ထရိုက်ကို မကြာသေးမီက ချပေး လိုက်ပါတယ်။ ဒီသယ်ယူပို့ဆောင်ရေးစင်္ကြန်ကို တည်ဆောက်ခြင်းဟာ အပြည့်အ၀ လုပ်ငန်းလည်ပတ်နိုင်တဲ့အခါ ဒီလမ်း ကြောင်းဖြတ်သန်းသွားတဲ့ ရခိုင်နဲ့ချင်းပြည်နယ်တွေရဲ့စီးပွားရေးရှုခင်းကို ပြောင်းပစ်လိုက်နိုင်တဲ့ အလားအလာရှိတယ်လို့ ထင်ပါတယ်” ဟု သူ ပြောသည်။
ပလက်ဝဆိပ်ကမ်းနှင့် မီဇိုရမ်ရှိ ဇိုရင်ပွိုင်ကို ဆက်သွယ်သော ၁၀၉ ကီလိုမီတာလမ်းအတွက် ကုဋေ ၁၆၀၀ ကန်ထရိုက် ချထားပေးလိုက်သောကြောင့် အောက်တိုဘာလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်ဟု မျှော်လင့်ရသည်။
အိန္ဒိယနိုင်ငံသည် အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးကိုလည်း တည်ဆောက်နေပြီး ၂၀၁၄ ခုနှစ်ကပင် ပြီးစီးအောင် တည်ဆောက်ရမည်ဖြစ်သော်လည်း ၂၀၂၀ ခုနှစ်ရောက်မှသာ ပြီးစီးတော့မည်ဖြစ်သည်။ ထိုလမ်းအတွက် လည်း စီမံကိန်းများ ဆောင်ရွက်နေသည်ဟု မစ်ဆာရီက ဆက်ပြောသည်။
“ကျနော်တို့ တမူး-ကလေး လမ်းပေါ်က တံတား ၆၉ စင်းကို ပြင်ဆင်နေပြီး ကလေးဝ-ယာကြီးလမ်းပိုင်းကို တည်ဆောက် နေတယ်။ အိန္ဒိယက မီဇိုရမ်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ချင်းပြည်နယ်မှာ နယ်စပ်ပေါ်က ရိကနေ တီးတိန်ကို ဆက်သွယ်တဲ့ လမ်းကိုလည်း ကျနော်တို့တည်ဆောက်နေပါတယ်” ဟု သူ ဆက်ပြောသည်။
မေလ ၂၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာသည် နိုင်ငံခြားရေးရာဆွေးနွေးရန် နေပြည်တော် သို့ သွားရောက်ခဲ့သောအခါမှသာ အိန္ဒိယ-မြန်မာဆက်ဆံရေးသည် အာရုံစူးစိုက်ခံလာရသော်လည်း မြန်မာနိုင်ငံအပေါ် အိ န္ဒိယက ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် နိပေါတို့လောက် အာရုံစိုက်ခြင်း မရှိဟု နယူးဒေလီမှ ဝေဖန်သူများက ဆိုကြသည်။
သို့သော် မြန်မာနိုင်ငံသည် အိန္ဒိယ၏ အရှေ့ တိုင်းအားပေးသော Act East policy မူဝါဒအတွက် အရေးပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏အခိုင်အမာတည်ဆောက်မှုများကို အိန္ဒိယက ချိန်ခွင်လျှာညှိရန် ကြိုးစားလျှင် မြန်မာနိုင်ငံသည် လွန်စွာအရေးပါကြောင်း ဩဇာရှိ Times of India သတင်းစာက ဆိုသည်။
တရုတ်နိုင်ငံ၏ Belt & Road (OBOR) စီမံကိန်းကြောင့် ကျောက်ဖြူဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တခုအတွက် ဒေါ်လာ ၁၀ ဘီလီ ယံ ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့သည်။ ထိုစီမံကိန်းများမှ အလုပ်အကိုင် ထောင်ချီဖန်တီးပေးမည်ဟု တရုတ်နိုင်ငံက ကတိပြုထားသည်။ မြန်မာ့ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကလည်း သူတာဝန်ယူစဉ်ကာလအတွင်း တရုတ်မြန်မာဆက်ဆံရေး တိုးတက်လာသည်။
သို့သော် အိန္ဒိယအစိုးရသည် ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ လမ်းသစ် နှစ်ခုအပါအဝင် လမ်းစီမံကိန်းများသည် များသောအား ဖြင့် ဆင်းရဲသော ထိုဒေသများမှ ပြည်သူများကို အထောက်အကူပြုမည်ဟု ယုံကြည်နေသည်။
မစ်ဆာရီက “စစ်တွေနဲ့ ကာလကတ္တားဆိပ်ကမ်းတွေက ၅၄၀ ကီလိုမီတာပဲ ဝေးတော့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်က ပို့ကုန်တွေအတွက် စစ်တွေဟာ ထွက်ပေါက်သစ်ဖြစ်လာမှာပါ” ဟု ပြောသည်။