အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပါတီအောင်နိုင်ရေး သီချင်းကိုတော့ အနုပညာရှင် ၄၅ ယောက်က ပါဝင်သီဆိုထားကြတယ်လို့ သိရပါတယ်။
သီချင်းနာမည်ကိုတော့ “အောင်လံလွှင့်မည် NLD” လို့ နာမည်ပေးထားပြီး မကြာခင်မှာ နားဆင်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
“အမေစုရဲ့ ခြံအမှတ်က (၅၄)၊ ကျမတို့ သီချင်းမှာ ပါဝင်တဲ့ အဆိုတော်များက တေးသံရှင် ၄၅ ဦး၊ အားလုံးက ချစ်ခြင်းမေတ္တာများနဲ့ သီဆိုကြ၊ ရိုက်ကူးခဲ့ကြတဲ့ ၅ နှစ်တကြိမ် အမှတ်တရ စုစည်းမှုပါ။ လာဆိုကြတဲ့ အဆိုတော်တိုင်း အမေစုအပေါ် ဘယ်လောက် ချစ်ကြလဲဆိုတာ အရမ်းကို ပေါ်လွင်ပါတယ်”လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
ယခုနှစ်အတွက် ပါတီအောင်နိုင်ရေးသီချင်း Music Video ကိုတော့ ဒါရိုက်တာ ကြည်ဖြူသျှင်က ရိုက်ကူးထားတာဖြစ်ပြီး သူနဲ့အတူ ဒါရိုက်တာ စိုးကိုကိုစိုးကလည်း အတူ ပူးပေါင်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။
“ဒီနှစ်တော့ ကျမနဲ့အတူ ဒါရိုက်တာ စိုးကိုကိုစိုးတို့ ပူးပေါင်း ရိုက်ကူးခဲ့ပါတယ်။ အဆိုရှင် များတဲ့အတွက် ၃ ရက် အချိန်ခွဲ ရိုက်ကူးခဲ့ပါတယ်” လို့ ကြည်ဖြူသျှင်က ဆိုပါတယ်။
ဒီသီချင်းကိုတော့ အဆိုတော် သံသာဝင်းက ရေးသားထားတာဖြစ်ပြီး ၂၀၁၅ မှာတော့ “ခွပ်ဒေါင်းမာန်ချီ NLD” လို့ နာမည်ပေးထားတာဖြစ်ပြီး ၂၀၂၀ အတွက်ကိုတော့ “အောင်လံလွှင့်မည် NLD” လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။
“အောင်လံလွှင့်မည် NLD” သီချင်းကိုတော့ အမျိုးသား အဆိုရှင်များအဖြစ် ရဲသွင်၊ ရင်ဂို၊ တူးတူး၊ စည်သူလွင်၊ စောဖိုးခွား၊ Acid (အနဂ္ဂ ၊ ရန်ရန်ချန်း ) R ဇာနည်၊ ဖြိုးကြီး၊ ဂျီလတ်၊ မြတ်နိုးဟန်၊ သားကြီး၊ လင်းနစ်၊ ကောင်းကောင်း၊ ဖြိုးပြည့်စုံ၊ Mသီဟ၊ ကျော်သီဟ၊ လွှမ်းပြည့်ပိုင်၊ စည်သူမင်း ၊ ဝင်းခန့်၊ ဖြိုးမြတ်အောင်၊ မူးလာတို့က ပါဝင် သီဆိုထားပါတယ်။
အမျိုးသမီးအဆိုရှင်များအနေနဲ့ကတော့ ဟေမာနေဝင်း၊ မီမီဝင်းဖေ၊ ကော်နီ၊ အိအိ၊ သီရိကိုကို၊ သျှီ၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ သံသာဝင်း၊ ယုဇန၊ ချစ်သုဝေ၊ မေစံပယ်ညို၊ စန္ဒီမြင့်လွင်၊ ချမ်းချမ်း၊ ခင်စုစုနိုင်၊ အိုင်ရင်းဇင်မာမြင့်၊ ဆိုင်စံ၊ လိမ္မော်သီး၊ ပိုပို၊ ရွှေရည်ဖြိုးမောင်၊ ကေကေမိုး၊ ဘီလီလမင်းအေး၊ ချမ်းမြေ့မောင်ချိူတို့ ပါဝင် သီဆိုထားတယ်လို့ သိရပါတယ်။
You may also like these stories:
“ဘယ်အစိုးရကို မဲပေးရမယ်ဆိုတာ ကျနော်တို့က အဖြေရှိပြီးသား”လို့ ကျော်သူ ပြော
အနုပညာလောကထဲက ပျောက်ကွယ်သွားပြီး ချမ်းမီမီကို ဘာတွေ လုပ်နေခဲ့လဲ
“စိတ်ကူးယဉ်ကားဖြစ်လို့ စိန်ခေါ်မှုတွေ အများကြီး ရှိတယ်”လို့ ခါရာ ပြော