မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်း ယနေ့ (ဇွန် ၂၂ ရက်) နံနက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီတပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) တို့ကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေး နယ်မြေကို ရောက်ရှိနေတဲ့ အလှမယ် ထားထက်ထက်က မန္တလေးမှာ နေထိုင်ကြသူတွေကို တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်း ပါဝင် လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းထားပါတယ်။
“သို့ မန္တလေး သင်လည်း PDF ပါပဲ။ ဒီတိုက်ပွဲမှာ သင်ကိုယ်တိုင် ပါဝင်နိုင်ပါတယ်။ မန္တလေး နေထိုင်သူ ပြည်သူများအားလုံးက တတ်နိုင်တဲ့ နေရာကနေ လုပ်နိုင်တဲ့အရာကို လုပ်ပြီး ပူးပေါင်း ပါဝင်ပေးကြပါ”
“ရန်သူကို အမြဲ စောင့်ကြည့်နေပေးကြပါ။ ကျည်ကွယ်၊ မျက်ကွယ်မှာ ရှိနေပေးကြပါ။ ရေနဲ့ စားနပ်ရိက္ခာ စုဆောင်းထားကြပါ။ အလျဉ်းသင့်ချိန် လှုပ်ရှားလို့ ရနိုင်တာ လှုပ်ရှားပေးကြပါ။ မန္တလေးရဲ့ အရေးကြီးသတင်းတွေ မဖုံးမိသွားစေဖို့ ဒီနေ့က စလို့ အခြားအရေးမကြီးသော ပိုစ့်တွေ ရှောင်ပြီး တင်ပေးကြပါ”လို့ ထားထက်ထက်က ဆိုပါတယ်။
ဆက်လက်ပြီး ထားထက်ထက်က ပြည်သူတွေ စစ်ကူပေးပါလို့ ပြောထားပြီး၊ ဆေးအကူအညီ ပေးနိုင်ဖို့ အသင့်ပြင်ထားပေးပါလို့လည်း ဆိုပါတယ်။
“ပြည်သူက စစ်ကူပေးပါ။ စစ်ကားလမ်းကြောင်း ဘယ်ကို သွားနေတယ်၊ အင်အားဘယ်လောက် ရှိတယ် စတာတွေကို နေရာ၊ အချိန်၊ နေ့ရက်နဲ့ သေချာ စိစစ်ပြီး မှန်ကန်တဲ့ သတင်းကို အမြန် တင်ပေးပါ။ PDF များအတွက် ဆုတ်ခွာတဲ့အခါ၊ အလစ်အငိုက် တိုက်တဲ့အခါ လမ်းကြောင်းသာအောင် စောင့်ကြည့်ပေးပါ”
“ဆေးအကူအညီ ပေးနိုင်ဖို့ အသင့်ပြင်ထားပေးပါ။ သတင်းအမှား မတင်မိ မရှဲမိအောင် အထူး ဂရုစိုက်ပေးပါ။ မန္တလေးပြည်သူများ အနိုင်ရ ဘေးကင်းပါစေ”လို့ ထားထက်ထက်က ပြောထားပါတယ်။
လက်ရှိအချိန်မှာတော့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ချမ်းမြသာစည်မြို့နယ်အတွင်း စစ်ကောင်စီတပ်များမှ အင်အား အဆမတန် တိုးကာ ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသလို လမ်းသွားလမ်းလာများကိုလည်း ပစ်ခတ် ဖမ်းဆီးမှုများ ပြုလုပ်နေတာကြောင့် ၎င်းတို့ ကင်းပုန်းချထားတဲ့ နေရာတော်တော်များများမှာ လက်လုပ်ဗုံးများ ပေါက်ကွဲနေတယ်လို့ သိရပါတယ်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အတွက် ထားထက်ထက်ရဲ့ မွေးနေ့ဆုတောင်း
စစ်သင်တန်းအတွက် လှူဒါန်းပေးကြဖို့ ထားထက်ထက် တိုက်တွန်း
အကြောက်တရားတွေ ဖိနှိပ်မှုတွေနဲ့ မရှင်သန်လိုဘူးဆိုတဲ့ ထားထက်ထက်နဲ့ မေးမြန်းခြင်း
တော်လှန်ရေးထဲ ပါဝင်လာသူတွေကို လေးစားကြိုဆိုတဲ့ ထားထက်ထက်</a