တရုတ်နိုင်ငံမှာ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ခရီးသွား အေဂျင်စီပေါင်း ၃ သောင်းကျော် ရှိနေပါတယ်။ အတိအကျပြောရမယ်ဆိုရင် ၃၇,၇၉၄ ရှိနေတယ်လို့ တရုတ်နိုင်ငံ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီစာရင်းဟာ ၂၀၁၉ ခုနှစ် ဇွန်လအထိ စာရင်းသာဖြစ်ပြီး ၂၀၁၉ ခုနှစ် ကုန်ဆုံးသွားရင်တော့ ဘယ်လောက်ရှိမယ် မသိရသေးပါဘူး။
တရုတ်နိုင်ငံတောင်ပိုင်းက ဂွမ်ဒေါင်းပြည်နယ် တခုတည်းမှာတင်ပဲ ခရီးသွားလုပ်ငန်း အေဂျင်စီပေါင်း ၃ ထောင်ကျော်ရှိနေပြီး မြို့တော် ဘေကျင်း၊ Jiangsu၊ Zhejiang နဲ့ Shandong စတဲ့ ပြည်နယ်တွေမှာတော့ ခရီးသွား လုပ်ငန်းအေဂျင်စီပေါင်းက ၂၅၀၀ ကျော် ရှိနေပါတယ်။
၂၀၁၉ ခုနှစ် ဇွန်လအထိ တရုတ်ခရီးသွား အေဂျင်စီတွေဟာ တရုတ်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားပေါင်း ၈ ဒဿမ ၅၆ သန်းအတွက် ခရီးစဉ်တွေကို စီစဉ်ပေးခဲ့ရပါတယ်။ တရုတ်ခရီးသွားလုပ်ငန်းအတွက် အကြီးမားဆုံးဈေးကွက်ကတော့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေက လာရောက်ကြတဲ့ ခရီးသွား ဧည့်သည်တွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောပါတယ်။
ပြည်ပခရီးစဉ်တွေအတွက်ဆိုရင်တော့ လူပေါင်း သန်း ၃၀ ကျော်အတွက် တရုတ်ခရီးသွားအေဂျင်စီတွေက စီစဉ်ပေးခဲ့ရပါတယ်။ အထူးသဖြင့်ကတော့ ထိုင်းနိုင်ငံခရီးကို အများဆုံး စီစဉ်ပေးခဲ့ရပါတယ်။
တရုတ်နိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားတွေ အဓိကလည်ပတ်တဲ့ နေရာ ၃ နေရာကတော့ Zhejiang၊ Jiangsu နဲ့ Hubei ပြည်နယ်တွေပါ။ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း လာရောက်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွားပေါင်း ၈ ဒဿမ ၅၆ သန်းအတွက် တရုတ်ခရီးသွား အေဂျင်စီတွေအနေနဲ့ ခရီးစဉ်ပေါင်း ၇၈ ဒဿမ ၁၂ သန်း စီစဉ်ပေးခဲ့ရပါတယ်။
တရုတ်နိုင်ငံဟာ ခရီးသွားအေဂျင်စီတွေ များပြားတာနဲ့အမျှ ဇီးရိုးဘတ်ဂျက်ကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြတဲ့ ခရီးသွား အေဂျင်စီတွေကလည်း အများအပြားပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ တရုတ်ခရီးသွား အရေအတွက် တိုးလာခဲ့ပေမယ့် ဝင်ငွေအနေနဲ့တော့ တိုးမလာခဲ့ပါဘူး။
Ref: xinhunet
You May Also Like This Story:
ခရီးသွားလုပ်ငန်းမှာ ရေပန်းစားလာတဲ့ Food Tourism
နိုင်ငံတကာခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ ထိုင်းနိုင်ငံက နေရာများ
တနှစ်ထက် တနှစ် ဖွံ့ဖြိုးတိုးတက်လာတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း