ဒေါသကြီးတဲ့ ကြောင်လေးလို့ နာမည်ကြီးတဲ့ ကြောင်လေး Tardar Sauce ဟာ အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ ပိုင်ရှင်ဖြစ်သူရဲ့ နေအိမ်မှာ မေလ ၁၄ ရက်၊ အင်္ဂါနေ့က သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ကြောင်လေး သေဆုံးမှုကို ပိုင်ရှင်ဖြစ်သူ Tabitha Bundesen က ဒီနေ့မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက စတင်ပြီး အင်တာနက်မှာ နာမည်ကြီးခဲ့တဲ့ ကြောင်လေးဟာ Meme တွေမှာလည်း ပါဝင်ခဲ့တဲ့ ကြောင်လေး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က စလို့ နယ်လှည့်ခရီးထွက်ပြီး ရုပ်သံအစီအစဉ်တွေမှာ ပါဝင်ခဲ့တဲ့ ကြောင်လေးဖြစ်ပြီး ကမ္ဘာတဝှမ်းက လူတွေကို ချစ်ခင်မှုကိုလည်း ခံခဲ့ရပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ကြောင်လေးရဲ့ ပိုင်ရှင်က လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပြီး အဆိုပါ ကြောင်လေးရဲ့ ပရိသတ်တွေကတော့ ဝမ်းနည်းနေကြပါတယ်။
ပိုင်ရှင်ဖြစ်သူ Tabitha Bundesen က ကြောင်လေးရဲ့ လူမှုကွန်ရက်မှာ “ကျမတို့ဘက်က ဝမ်းနည်းစရာ သတင်းတခု ကြေညာစရာ ရှိပါတယ်။ အားလုံးချစ်ခင်တဲ့ ကြောင်လေး Grumpy ကို ဆုံးရှုံးလိုက်ရပါပြီ။ ဆီးလမ်းကြောင်းကို ပိုးဝင်တဲ့ ရောဂါကြောင့် သေဆုံးခဲ့တာ ဖြစ်ပြီး ငြိမ်းချမ်းစွာနဲ့ ကျမ လက်ပေါ်မှာပဲ ဘဝပြောင်းသွားခဲ့ပြီ”လို့ စာရေးသား တင်ထားပါတယ်။
ကြောင်လေး သေဆုံးမှုအတွက် ပရိသတ်တွေက ဝမ်းနည်းနေကြပြီး ကြောင်လေးကို ကာင်းမွန်ရာဘဝ ရောက်ဖို့အတွက် ဆုတောင်းပေးထားကြတာကိုလည်း တွေ့ရပါတယ်။
Ref. BBC
You may also like these stories:
မြန်မာနိုင်ငံမှာ ဇာတ်အိမ်တည်ရိုက်ကူးမယ့် ဂျပန်ကိုယ်ခံပညာ သိုင်းရုပ်ရှင်မှာ Nicolas Cage ပါဝင်
“နိုင်ငံရေးလောကထဲ ဝင်မှာ မဟုတ်ဘူး”လို့ မင်းသား George Clooney ပြော
ဟင်းသီးဟင်းရွက်တွေကို ဓာတုပိုးသတ်ဆေး ကင်းစင်အောင် ဆေးကြောနိုင်မယ့် နည်းလမ်းများ
လာမယ့် နှစ်ပေါင်း ၈၀ အတွင်း ပျောက်ဆုံးသွားနိုင်တဲ့ ကျွန်းများ