မလေးရှားမှာ သွားလာလှုပ်ရှားမှု ထိန်းချုပ်မိန့်ကို ချိုးဖောက်သူများအား ရဲတပ်ဖွဲ့က အိမ်ပြန်ရန် အကြံပြုပြောကြားပြီး မလိုက်နာသူတွေကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်အချိန်အတွင်း လမ်းမှာ တွေ့ရသူတွေကို သူတို့ရဲ့ အလုပ်ရှင်များထံမှ မဖြစ်မနေ လိုအပ်မှုအရ အပြင်ထွက်သွားလာကြောင်း ထောက်ခံစာ ပြသရမှာ ဖြစ်ပြီး ထောက်ခံစာ မပါရှိပါက အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ သက်သေခံ ဝန်ထမ်းကတ် လိုအပ်မယ်လို့ ဆိုပါတယ်။
“ရဲအရာရှိတွေအနေနဲ့ သွားလာလှုပ်ရှားမှု ထိန်းချုပ်မိန့် (Movement Control Order – MCO) ကို ချိုးဖောက်သူများကို မဖမ်းဆီးခင်မှာ အကြောင်းအရာများစွာ ထည့်သွင်း စဉ်းစားရတယ်”
“တခါတလေ ကျနော်တို့က လူတွေကို အိမ်ပြန်ဖို့ပြောတဲ့အခါ သူတို့က ကျနော်တို့ရဲ့ အရာရှိတွေကို ရိုင်းပျတဲ့ တုံ့ပြန်မှုတွေတောင် လုပ်ကြပါတယ်။ အဲဒီလိုမျိုးဖြစ်ရင်တော့ ကျနော်တို့က သူတို့ကို ဖမ်းဆီးရမှာပါ”လို့ ကွာလာလမ်ပူ ရဲတပ်ဖွဲ့ အကြီးအကဲ Mazlan Lazim က ဧပြီလ ၂ရက်နေ့က သတင်းထောက်များကို ပြောပါတယ်။
မလေးရှားမှာ မတ်လ ၁၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပထမအဆင့် သွားလာလှုပ်ရှားမှု ထိန်းချုပ်မိန့် MCO ကို ထုတ်ပြန်ထားခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှာတော့ အဲဒီအမိန့်ကို ဧပြီ ၁၄ ရက်နေ့အထိ နောက်ထပ် ရက်သတ္တပတ် ၂ ပတ် တိုးချဲ့လိုက်တယ်လို့ သိရပါတယ်။
MCO ကို ချိုးဖောက်သူတွေဟာ မလေးရှားရင်းဂစ် ၁,၀၀၀ ထက် မပိုတဲ့ ငွေဒဏ် (သို့မဟုတ်) ၆ လထက် မပိုတဲ့ ထောင်ဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ကြောင်းနဲ့ MCO ကို ချိုးဖောက်ခဲ့သူ ရာနဲ့ချီပြီး ဖမ်းဆီးခဲ့ကြောင်း မလေးရှားအစိုးရ တာဝန်ရှိသူတစ်ဦးက မတ်လ ၂၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။
Ref. Reuter, AFP
You may also like these stories:
COVID-19 ကြောင့် ဂျပန်ဟာသ သရုပ်ဆောင် Ken Shimura သေဆုံး
COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ
ပြည်သူတွေ လက်ဆေးကြဖို့ Matt Damon နဲ့ Kate Winslet တိုက်တွန်း