မေလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ ညီလာခံကို ”ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ ဌာနချုပ် ပန်ဆန်းမြို့မှာ ကျင်းပခဲ့ပါတယ်။ မြန်မာပြည် အရှေ့ဖျား တရုတ် နယ်စပ်မှာ တည်ရှိတဲ့ ပန်ဆန်းမြို့ဟာ သတင်းထောက်တွေ အရောက်အပေါက်မရှိ သလောက်ပါ။ တိုင်းရင်းသား ညီလာခံကို သတင်းယူခွင့် ရတဲ့ ဧရာဝတီ သတင်းဌာန ဓာတ်ပုံသတင်းထောက် ဂျေပိုင်က ပန်ဆန်းမြို့သူ မြို့သားတွေ အကြောင်း မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။
တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ
အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။