ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ်ဘက်တွင် ၅၀၀၀ တန် ဖုန်းရရှိရေး စတစ်ကာများ ကပ်သူ ၁၁ ဦးကို အာဏာပိုင်များက ခေါ်ယူသွား ကြောင်း သိရသည်။ မည်သိနေရာသို့ ခေါ်သွားကြောင်းကိုမူ မသိရှိရသေးပေ။ ယင်း ကျပ် ၅၀၀၀ တန်ဖုန်း ရောင်းချအသုံးပြုနိုင်ရေး အတွက် ရွှေပြည်တံခွန်ကုမ္ပဏီက ကြိုးပမ်းနေပြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက လောလောဆယ် ဖြစ်နိုင်ခြေမရှိသေးကြောင်း သတင်း ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။