ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းမှုနှင့်အတူ ဈေးထိုးကျနေသော မြန်မာ့ရွှေဈေးမှာ ယနေ့တွင်မူ အခေါက်ရွှေ တကျပ်သားလျှင် ငွေကျပ် ၄၀၀၀၀ နီးပါးပြန်လည် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယမန်နေ့က ဈေးကွက်ဖွင့်ချိန်တွင် အခေါက်ရွှေ တကျပ်သားလျှင် မြန်မာငွေ ကျပ် ၆၆၈၅၀၀ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၆၉၀၀၀၀ ကျပ်ဝန်းကျင် ဈေးပိတ်ခဲ့သည်။ ယနေ့တွင်မူ အခေါက်ရွှေ တကျပ်သားလျှင် မြန်မာငွေကျပ် ၇၁၁၀၀၀ ( ခုနစ်သိန်း တသောင်းတထောင်) ကျပ်ဈေးရှိပြီး အရောင်းအဝယ် စည်ကားလျက် ရှိကြောင်း ဈေးကွက် အတွင်းမှ သိရှိရသည်။ မြန်မာ့ရွှေဈေး ပြန်လည်မြင့်တက်ရခြင်းမှာ ကမ္ဘာ့ရွှေ ဈေးပြန်လည် မြင့်တက်လာ ခြင်းကြောင့်ဖြစ်ပြီး ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၁၇ ဒသမ ၁၆ ဈေးရှိပြီး ရွှေတအောင်စလျှင် အမေရိကန် ဒေါ်လာ ၁၃၃၈ ထိ အနိမ့်ဆုံး ဈေးကျဆင်း ခဲ့သည်။ အမေရိကန် ဒေါ်လာမှာမူ ပြင်ပဈေးကွက်တွင် တဒေါ်လာ ၈၈၅ ကျပ်နှင့် ၈၉၀ ကျပ်အကြား ဈေးပေါက်လျက် ရှိကြောင်း ဈေးကွက် အတွင်းမှ သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။