ယခုနှစ်ထဲတွင် ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုကြောင်း ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် White Card ကိုင်ဆောင်ထားသူများအား မဲပေးခွင့် မပြုရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့သော်လည်း သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း White Card ကိုင်ဆောင်သူများ မဲပေးခွင့်ရှိသည့်အတွက် ယခု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင်လည်း မဲပေးခွင့်ပြုသင့်ကြောင်း သဘောထားမှတ်ချက် ပြုသဖြင့် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။