မြောက်ကိုရီးယား နိုင်ငံက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှု အောင်မြင်ကြောင်း အထူးကြေညာချက်တစောင် ထုတ်ပြန်လိုက်တယ်လို့ တောင်ကိုရီးယား ရုပ်မြင်သံကြား သတင်းဌာနက ကြေညာလိုက်ပါတယ်။
အထူးကြေညာချက်မှာ ပြုံးယမ်း အစိုးရအနေနဲ့ ဒီစမ်းသပ်မှုဟာ ကိုယ့်ဖာသာကိုယ်ကာကွယ်ဖို့ အတွက် တိုင်းပြည်ရဲ့အခွင့်အရေးဖြစ်တယ်၊ တကယ်လို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ သူတို့ရဲ့အချုပ်အခြာကို လေးစားမယ်ဆိုရင် သူတို့ကလည်း နျူကလီးယား လက်နက်ကို အသုံးမပြုဘူးလို့ လည်း ပါရှိပါတယ်။
မြောက်ကိုရီးယား ရုပ်မြင်သံကြားဌာနကလည်း ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲမှု အခမ်းအနားကို ပြသနေပါတယ်။
တောင်ကိုရီးယား မိုးလေဝသဌာနက ငလျင်သဖွယ် တုန်ခါမှုတခုဖြစ်ပေါ်ခဲ့တယ်လို့ သတင်းရရှိသလို၊ အမေရိကန်ငလျင်ဌာနကလည်း ၅.၁ မဂ္ဂနီကျုရှိ တုန်ခါမှုတခု မြောက်ကိုရီးယားနိုင်ငံ ယန်ကောင်းပြည်နယ်ကို ဗဟိုပြုလှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။