• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝန်ကြီးများရုံးက ကျန်းမာရေး စင်တာ လုပ်ငန်း လိုင်စင် မရှိ၍ ပိတ်သိမ်းရမည်ဟု ဆို

by အောင်သီဟ
30 October 2019
in သတင်း
A A
ကျန်းမာရေး စင်တာ ဖွင့်ရန် စီစဉ်နေသော ရန်ကုန်မြို့က ဝန်ကြီးများရုံး  / ထက်ဝေ / ဧရာဝတီ

ကျန်းမာရေး စင်တာ ဖွင့်ရန် စီစဉ်နေသော ရန်ကုန်မြို့က ဝန်ကြီးများရုံး / ထက်ဝေ / ဧရာဝတီ

19.8k
VIEWS
Share on FacebookShare on Twitter

ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) တွင် လုပ်ကိုင်ရန် ပြင်ဆင်နေသော ကျန်းမာရေး စင်တာသည် လုပ်ငန်း လိုင်စင်မရှိ၍ ပိတ်ရမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းက“အဲ့ဒီ ဝန်ကြီးများရုံးက Spa ကို ဖွင့်ခွင့် လုပ်ငန်း လိုင်စင်ကို ကျနော်တို့ စည်ပင်သာယာက တရားဝင် ထုတ်ပေးထားတာ မရှိပါဘူး။ အဲ့ဒါကြောင့် လုပ်ငန်း လိုင်စင် မရှိဘဲ ဖွင့်ထားတဲ့ အတွက် ပိတ်ရမှာပါ”ဟု မီဒီယာများကို ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရကလည်း ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဝေဖန်မှုများ မြင့်တက်နေသော နှိပ်နယ်ပေးသည့် ဝန်ဆောင်မှုများ လုပ်ဆောင်မည့် ကျန်းမာရေး စင်တာကို လုပ်ကိုင်မည့် ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် လုပ်ငန်း မှတ်ပုံ တင်ထားခြင်း မရှိကြောင်း၊ ယင်းလုပ်ငန်း လုပ်ဆောင်ရန် အတွက် ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီတွင် လည်း တင်ပြကာ ခွင့်ပြုချက် ရယူထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နော်ပန်းသဉ္ဇာမျိုး က ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက် ညနေပိုင်းတွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် ကျန်းမာရေးစင်တာနှင့် ပတ်သက်ပြီး ဧရာဝတီ အပါအဝင် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ ကျန်းမာရေးစင်တာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်သွား မည်ဖြစ်ပြီး ဝန်ကြီးများရုံးအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် လုပ်ငန်း လုပ်ကိုင်ခွင့်ပေးသော အနော်မာ ကုမ္ပဏီတို့ကြား စာချုပ် များကို ပြန်လည် ဆန်းစစ်သွားကာ စာချုပ်ပါ အချက်အလက်များ ကျူးလွန် ဖောက်ဖျက်ထားပါက အတည်ဆဲ ဥပဒေများ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောဆိုသည်။

“အဲ့ဒီစာချုပ်က ကျမတို့ အစိုးရ သက်တမ်းမှာ ချုပ်ခဲ့တာ မဟုတ်ဘူး၊ ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ ချုပ်ခဲ့တာ၊ အခုကိစ္စ က အဲ့ဒီစာချုပ်မှာ မပါတဲ့ လုပ်ငန်းတွေကို အကောင်အထည် ဖော်နေလားပေါ့၊ အဲ့ဒီလို အကောင်အထည် ဖော်နေ တယ် ဆိုရင်တော့ အရေးယူမှု ရှိရမှာပေါ့”ဟုလည်း ၎င်းက ပြောသည်။
အဆိုပါ ကျန်းမာရေးစင်တာ လုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေသော De’Beau’ Wellness Centre Myanmar ကုမ္ပဏီ အနေဖြင့်လည်း ယင်းစင်တာ ဖွင့်လှစ်ခွင့်အတွက် အနော်မာ ကုမ္ပဏီနှင့် သဘောတူညီချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း De’Beau’ Wellness Centre Myanmar မှ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

၎င်းက“တကယ်ဆိုရင် ကျမတို့က အိမ်ငှားပါ၊ အနော်မာ ကုမ္ပဏီက အိမ်ရှင်ပါ၊ သူတို့ဆီက ခွင့်ပြုချက်နဲ့ လုပ်နေတာပါ” ဟု ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး လာမည့် သီတင်းပတ် အတွင်း၌ အနော်မာကုမ္ပဏီ အပါအဝင် ဝန်ကြီးများရုံး ပြုပြင် ထိန်းသိမ်းရေး အဖွဲ့နှင့် ကျန်းမာရေးစင်တာ တာဝန်ရှိသူများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း လည်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ထိုသို့ နှိပ်နယ်ပေးသော ဝန်ဆောင်မှုလုပ်ငန်းများသည် ဝန်ကြီးများရုံး၏ ပုံရိပ်နှင့် သင့်လျော်မှု မရှိသည့်အတွက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှတဆင့် အစိုးရသို့ လုံးဝပိတ်သိမ်းပေးရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထူးက ပြောသည်။

၂၀၁၄ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီး မြှုုပ်နှံမှုကော်မရှင်က ဝန်ကြီးများရုံးဝင်းကို ပြန်လည် ပြုပြင်ထိန်းသိမ်းပြီး မြန်မာ့အနုပညာ လုပ်ငန်းများ၊ ပြတိုက်များ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပစ္စည်း အရောင်း ဆိုင်များ ဖွင့်လှစ်ရန် အတွက်ဟု ဆိုကာ Anawmar Art (အနော်မာ) ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် Anawmar Art ကုမ္ပဏီတို့သည် ဝန်ကြီးများရုံး မြေ နှင့် အဆောက်အအုံကို နှစ် ၅၀ နှစ်ရှည် ငှားရမ်း စာချုပ် ချုပ်ဆိုခဲ့သည်ဟု ဆိုသည်။
Anawmar Art ကုမ္ပဏီ နှင့် အစိုးရတို့ကြား ချုပ်ဆိုထားသော စာချုပ်တွင် ဝန်ကြီးများ ရုံးဝင်း၌ လုံးဝဖွင့်လှစ်ခွင့် မပေး သော လုပ်ငန်းများ၊ အကန့်အသတ်ဖြင့် ဖွင့်လှစ်ခွင့်ပေးမည့် လုပ်ငန်းများနှင့် ဖွင့်လှစ်ခွင့်ပြုသော လုပ်ငန်းများ ဟူ၍ အစိုးရ အဖွဲ့က ကန့်သတ် ပေးထားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေး စင်တာသည် ဝန်ကြီးများရုံအတွင်း၌ ဖွင့်လှစ်ရန် ကန့်သတ်ထားသည့် လုပ်ငန်း အမျိုးအစားထဲတွင် မပါဝင်ကြောင်း ဝန်ကြီးများရုံး ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ဆိုသည်။

အနော်မာ အဖွဲ့၏ နဂို အစီအစဉ်အရ ဝန်ကြီးများရုံး၏ တောင်ဘက်နှင့် အနောက်ဘက်ဆောင် အပေါ်ထပ်များကို ပြတိုက် အပါအဝင် ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ လုပ်ငန်းများအတွက် အသုံးပြုမည်ဖြစ်ပြီး သိမ်ဖြူလမ်းဘက်ရှိ အရှေ့ဘက် အဆောင်အား ရုံးခန်းများဖွင့်လှစ်မည်ဖြစ်ပြီး မြောက်ဘက်နေရာကို စားသောက်ဆိုင်များ အတွက် ရည်ရွယ်သည်ဟု အနော်မာ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသွင်ထွန်း က ဧရာဝတီ ကို ၂၀၁၆ က ပြောဆိုဖူးသည်။

ဝန်ကြီးများရုံးကို အင်္ဂလိပ် ကိုလိုနီ လက်ထက် ၁၈၈၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၈၉၃ ခုနှစ်တွင် ပြီးစီးခဲ့ကာ လက်ရှိအချိန်တွင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် ရှေးဟောင်းအဆောက်အအုံ တခု ဖြစ်သည့် အပြင် မြန်မာ နိုင်ငံ၏ သမိုင်းတွင် အရေးပါဆုံး နေရာတခုလည်း ဖြစ်သည်။

ထိုရုံးတွင် ရှစ်လေးလုံး အထိမ်းအမှတ် ပြခန်းဖွင့်လှစ်ရန် နိုင်ငံရေး လှုပ်ရှားသူများက စီစဉ်ခဲ့သော်လည်း နေရာမရှိ၍ ဟု ဆိုကာ ဖွင့်လှစ်ခွင့် မရရှိခဲ့ပေ။

Your Thoughts …
Tags: DICAကျန်းမာရေး စင်တာစည်ပင်ဝန်ကြီးများရုံးအနော်မာ
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
16k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ

ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ

by ဧရာဝတီ
24 February 2024
6.8k

မြန်မာပြည်ကလူငယ်တွေ အခုအချိန်မှာ နောင်တမရဘူးဆိုပေမယ့် တချိန်ချိန်မှာ နောင်တတခုအနေနဲ့ လုံးဝ ကျန်ခဲ့ပြီး သေသွားရမယ်ဆိုတာ သူတို့မတွေးမိတာ။ အဲဒါကို တွေးမိကြစေချင်လို့ ကျနော် အခုလို မီဒီယာတွေကနေ ထုတ်ပြောရတာ

စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ အသုံးပြုလာရ

စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ အသုံးပြုလာရ

by ဇုန်းရိန်
3 November 2025
1.6k

စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ပါဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများသည် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းအသုံးပြုလာကြောင်း သတင်းတွင် ဖတ်ရသည်။

လျှပ်စစ်မီးပျက်နေသည့် ရန်ကုန်မြို့တွင် လမ်းဘေး၌ မိုဘိုင်းဖုန်း သုံးနေသူတဦးကို ၂၀၂၂ ခုနှစ်၊ မတ်လက တွေ့ရစဉ် / AFP

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

by လျှပ်စီး
9 April 2023
10.9k

ပြည်တွင်းကထွက်နိုင်တဲ့ ရေအားလျှပ်စစ်တွေဆိုတာလည်း လုပ်လက်စတောင် ပြီစီးအောင်လုပ်ဖို့ ငွေတတ်နိုင်ပါ့မလား သံသယရှိမိတယ်။

စားအုန်းဆီသွင်းသော ကုမ္ပဏီ ၈ ခုကို စစ်ကောင်စီ အမည်ပျက်စာရင်းသွင်း

စားအုန်းဆီသွင်းသော ကုမ္ပဏီ ၈ ခုကို စစ်ကောင်စီ အမည်ပျက်စာရင်းသွင်း

by ဧရာဝတီ
26 June 2024
1.2k

ယခုအချိန်တွင် နိုင်ငံခြား ဝင်ငွေ နည်းပါးလာသည့် စစ်ကောင်စီက စားအုန်းဆီတင်သွင်းမှုကို ၎င်းတို့၏ မူဝါဒ လိုအပ်ချက်အရ ၅၀ ရာခိုင်နှုန်း လျှော့ချတင်သွင်းခိုင်းထားပြီး ပဲဆီနှင့် စားအုန်းဆီ ရောနှောရောင်းချရန်လည်း ပြည်တွင်းမြေပဲ စက်ရုံများကို စစ်ကောင်စီ၏ စားသုံးသူရေးရာ ဦးစီးဌာနက...

ရန်ကုန်တွင် Puma Energy Asia Sun (PEAS) Company Ltd က လုပ်ဆောင်နေသည့် လောင်စာကန်များ။ PEAS မှ Shoon Energy Thilawa Terminal Company Ltd အဖြစ် နာမည်ပြောင်းထားသည့် ကုမ္ပဏီတွင် ဒေါ်ကျောက်ကြားရွှေက ဒါရိုက်တာ ဖြစ်သည် / ဧရာဝတီ

ဗြိတိန်က ပိတ်ဆို့အရေးယူသည့် ဒေါ်ကျောက်ကြားရွှေ ဘယ်သူလဲ

by ဧရာဝတီ
3 April 2023
13k

စင်ကာပူသည် မြန်မာစစ်တပ်ကို ငွေကြေး၊ လက်နက်နှင့် လေယာဉ်ဆီ ထောက်ပံ့သည့် လုပ်ငန်းများ၏ အခြေစိုက်စခန်းဖြစ်နေကြောင်း ထပ်မံမီးမောင်းထိုးပြနေသည်

Next Post
iPad သယ်ဆောင်လာတဲ့ Huawei CEO ဓာတ်ပုံ

iPad သယ်ဆောင်လာတဲ့ Huawei CEO ဓာတ်ပုံ အွန်လိုင်းမှာ ရေပန်းစားနေ

ရန်ကုန်- မန္တလေး အမြန်လမ်းနံဘေးရှိ စိုက်ခင်းများ / ဇော်ဇော် / ဧရာဝတီ

စိုက်တိုင်း ရှုံးနေ၍ တောင်သူများ စိုက်ပျိုးရေး မလုပ်ကြတော့ဟု မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved