• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စက်ရုံ ၃ ရုံ ထပ်ပိတ်၊ အလုပ်သမား၂ ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ပြန်

by မျိုးပပစန်း
6 March 2020
in သတင်း
A A
လှိုင်သာယာမြို့နယ် အတွင်းရှိ အထည်ချုပ် စက်ရုံလုပ်သားများကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

လှိုင်သာယာမြို့နယ် အတွင်းရှိ အထည်ချုပ် စက်ရုံလုပ်သားများကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

41.9k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကြောင့် ကုန်ကြမ်းပြတ်လပ်သည်ဟု ဆိုကာ မတ်လ ၆ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေ ပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့မှ စက်ရုံ ၃ ရုံ ပိတ်သိမ်းသဖြင့် အလုပ်သမား၂ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ် ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက “Moun Tain Top ဖိနပ်စက်ရုံနဲ့ ဆိုင်နိုအထည်ချုပ် စက်ရုံ၊ လက်ဝါးထူး အထည်ချုပ်တို့ ပိတ်သိမ်းလိုက်တယ်။ အလုပ်သမား ၂ ထောင်လောက် အလုပ်လက်မဲ့ ဖြစ်သွားတယ်။ အခုကတော့ ဒီနေ့မနက်ပဲ လှိုင်သာယာမှာ ကျမတို့ အဖွဲ့ဝင် စက်ရုံ ၆၅ ရုံနဲ့ ဆွေးနွေးကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆွေးနွေးမှုအရ အစိုးရနှင့် အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အစည်းအဝေး မစခင် အလုပ်သမား ကိုယ်စားလှယ်များ အနေနှင့် သတင်းမှန်များ အချိန်နှင့် တပြေးညီတင်ပြရန်၊ အလုပ်သမားများကို ဥပဒေနှင့်အညီ လျော်ကြေးငွေများ ရရှိစေ ရေးနှင့် စက်ရုံပိတ်သိမ်းခြင်းသည် အမှန်တကယ် မည်သည့် အကြောင်းပြချက်ဖြင့် ပိတ်သိမ်းသည်ကို မှန်မှန်ကန်ကန် စုံ စမ်းရန် ပြင်ဆင် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် တရက်နှင့်တရက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်၍ စက်ရုံ ပိတ်သိမ်းခြင်းများမှာ များလာသဖြင့် အလုပ်သမား အလုပ်လက်မဲ့ ဦးရေမှာလည်း များပြားလျက် ရှိနေသည်။

မတ်လ ၅ ရက်က အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ညိုနှိုင်းမှုများအရ လက်ရှိ ကုန်ကြမ်းပြတ်လပ်နေမှုကို အလုပ်ရှင်များ အနေနှင့် စက်ရုံမပိတ်ဘဲ အဆုံးထိ တောင့်ခံပြီး လုပ်ဆောင်သွားမည်ဟု ညိုနှိုင်းထားသည်ဟု ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

“အခု အလုပ်သမား အဖွဲ့ချုပ်တွေက သဘောထားကို ကောက်ခံဖို့ ပြင်နေတယ်။ အဓိကတော့ စက်ရုံပိတ်တယ်။ လုပ်သား အင်အားလျှော့တယ်ဆိုတာ နှစ်ဖက်လုံးအတွက် အကျိုးမရှိတာ ဖြစ်တဲ့အတွက် ဒါကြောင့် ကျမတို့ အားလုံးရဲ့ ရည်ရွယ် ချက်ကတော့ တောင့်ခံထားမယ်။ ဆွဲဆန့်ထားမယ်” ဟု ၎င်းက ဆိုသည်။

ထိုကြားကာလအတွင်း အလုပ်သမားများကို အလုပ်ရှင်ဘက်မှ မည်သို့ စီစဉ်ပေးနိုင်မည်ဆိုသည်ကို မတ်လလယ်ပိုင်း၌ သုံးပွင့်ဆိုင် ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

Moun Tain Top ဖိနပ်စက်ရုံမှ ဝန်ထမ်းဖြစ်သူ ကိုဇင်မင်းသူက “စက်ရုံက အချိန်ပိုကတော့ ၂ လပိုင်းလောက်ကနေ စပြီး လျှော့လိုက်တယ်။ ဖေဖော်ဝါရီလ၂၄ ရက်မှာ စက်ရုံပိတ်မယ်ဆိုပြီး စာကပ်တယ်။ ကုန်ကြမ်းပြတ်လို့ ဆိုပြီး ပိတ်တာ။ ဒါပေ မယ့် ကျနော်တို့ မသိတာက စက်ရုံကို ယာယီ ပိတ်သိမ်းတာလား၊ အပြီး ပိတ်သိမ်းလိုက်တာလား မသိတာ” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ယာယီ ပိတ်သိမ်းရင် ညိုနှိုင်းလစာနဲ့ သွားပေးဖို့၊ အပြီး ပိတ်သိမ်းမယ်ဆိုရင်လည်း ကျနော်တို့ကို တရားဝင် ပြောပါ။ အခု စက်ရုံ ပိတ်လိုက်ပြီဆိုရင် အလုပ်သမား ၅၀၀ ကျော်က အလုပ်လက်မဲ့ ဖြစ်မယ်။ ဒီအချိန်မှာ ဗိုင်း ရပ်စ်ကြောင့် အလုပ်တွေက ပြန်ရှာရခက်တာမို့ ပြန်ဖွင့်ရင် ကျနော်တို့ ခန့်ပေးပါလို့ တောင်းဆိုထားတယ်။ ကျနော်တို့မှာ အရမ်း အခက်အခဲ ရှိလို့ပါ” ဟု ပြောသည်။

ယခု အခြေအနေသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းရှိ စက်ရုံအချို့ကုန်ကြမ်းပြတ်လပ်နေသဖြင့် လုပ်ငန်းခွင်ကျွမ်း ကျင်မှု ရှိသော်လည်း ခေါ်ယူမည့် စက်ရုံမရှိ ဖြစ်နေကြောင်း ကိုဇင်မင်းသူက ပြောဆိုသည်။

ယခု နှစ်ပတ်အတွင်း၌ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ဟွာမန်အထည်ချုပ် စက်ရုံအပြင် ရန်ကုန်တိုင်း ဒေသကြီး ရှိ စက်ရုံ ၁၅ ရုံ အပါအဝင် စုစုပေါင်း စက်ရုံ ၁၆ ရုံ ပိတ်သိမ်းလိုက်ပြီး အလုပ်သမား ထောင်နှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်ပွားခဲ့ သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
542
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
96

ထိုသို့ ပိတ်သိမ်းသည့် စက်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများကြား အငြင်းပွားမှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် စက်ရုံတချို့လည်း ပါဝင်နေသည်။

အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော် အထိ ရှိပြီး တရုတ် အထည်ချုပ်စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ် စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံရှိ ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းက သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ကုန်ကြမ်းပြတ်၍ စက်ရုံများ ပိတ်သည် ဆိုခြင်းကို စိစစ်ရန် အလုပ်သမားအဖွဲ့များ ထုတ်ပြန်

ကန်ကြီးထောင့် အထည်ချုပ်စက်ရုံ ပိတ်၊ လူ ၁၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်

ကုန်ကြမ်း ပြတ်လပ်မှုကြောင့် လုပ်ငန်းရပ်ရန် အထည်ချုပ်စက်ရုံ ၂၀ နီးပါး တင်ပြထား

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်အထည်ချုပ်စက်ရုံပိတ်အလုပ်လက်မဲ့
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.3k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

by ဧရာဝတီ
2 September 2023
4.3k

လေဖြတ်ထားတဲ့ တုတ်ကောက်နဲ့ သက်ကြီးရွယ်တွေ၊ ကလေးချီထားတဲ့ မိခင်တွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေ အစားအသောက်ယူဖို့ စောင့်နေတာတွေ ကျနော်တို့ တွေ့နေရတယ်။

ငလျင်က ချည့်နဲ့နေသော ခရီးသွားလုပ်ငန်းကို ထပ်မံထိုးနှက်

ငလျင်က ချည့်နဲ့နေသော ခရီးသွားလုပ်ငန်းကို ထပ်မံထိုးနှက်

by ဧရာဝတီ
28 April 2025
1.3k

မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မင်းကွန်း၊ အင်းလေး စသည့် ဒေသများရှိ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ ပြိုကျပျက်စီးခဲ့ရသည်။

၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တွင် စားအုန်းဆီကို ဈေးကွက်ပေါက်ဈေးထက် သက်သာစွာ ရောင်းပေးခဲ့စဉ် တန်းစီနေကြသူများ / AFP

မြန်မာ့စီးပွားရေးတွင် အထိနာကျန်ခဲ့မည်

by ဧရာဝတီ
29 June 2023
6.1k

မြန်မာ့စီးပွားရေးသည် “အမြဲတမ်း အနာတရ” ဖြစ်နေတော့မည်ဟု အစီရင်ခံစာက ဆိုသည်။

၂၀၁၃ ခုနှစ်က မင်းလှမြို့နယ်၊ ဒဟတ်ပင်ရေနံမှော်တွင် ရေနံထွက်အောင် တွင်းတူးပြီးနောက် နောက် တတွင်း ထပ်မံတူးရန်အတွက် အမိုးအကာများကို ရွှေ့ပြောင်းရန်ပြင်ဆင်နေစဉ် / ဧရာဝတီ

ညောင်ဦးနှင့်မကွေးရှိ ရေနံမှော်များ ပိတ်သိမ်းမှု သိန်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်

by ဧရာဝတီ
30 May 2023
5.6k

တက်မရေနံမြေတွင် ရေနံကျင်းပေါင်း ၁၀,၀၀၀ ကျော်မှ ၂၀,၀၀၀ ဝန်းကျင်ထိရှိပြီး ပေ ၅၀ ပတ်လည် တကျင်းလျှင် ကျပ်သိန်း ၃၅၀ မှ သိန်း ၄၀၀ ထိ ကုန်ကျစရိတ်ရှိကြောင်း၊ စစ်ကောင်စီက မေ ၂၁...

၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ MoU ဖြင့်ဝင်ရောက်ခဲ့သူများ

ထိုင်းက မြန်မာလုပ်သား သုံးသိန်း ခေါ်ယူမည့်အပေါ် စိုးရိမ်မှုများရှိနေ

by ဧရာဝတီ
20 April 2023
2.9k

ကိုဗစ်ကန့်သတ်ချက်များကို ဖျက်သိမ်းလိုက်ပြီးနောက်တွင် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာပြီး လုပ်သားလိုအပ်ချက် သုံးသိန်းကျော်ရှိကြောင်း

Next Post
ကိုရိုနာဗိုင်းရပ်စ် သတင်းအမှားတွေကို လူထုကို မပေးကြပါနဲ့ (ရုပ်/သံ)

ကိုရိုနာဗိုင်းရပ်စ် သတင်းအမှားတွေကို လူထုကို မပေးကြပါနဲ့ (ရုပ်/သံ)

တပ်မတော်ရဟတ်ယာဉ်ဘာကြောင့်ပျက်ကြတာလဲ  (ရုပ်/သံ)

တပ်မတော်ရဟတ်ယာဉ်ဘာကြောင့်ပျက်ကြတာလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved