• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အသုဘချစဉ် အဓိကရုဏ်းဖြစ်၊ ရဲမှ သေနတ်ဖြင့် ပစ်၍ ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ

by ဆလိုင်းသန့်စင်
25 March 2020
in သတင်း
A A
ကျုံပျော်မြို့နယ် အဓိကရုဏ်းမှဒဏ်ရာရသူတစ်ဦး / ဧရာဝတီ

ကျုံပျော်မြို့နယ် အဓိကရုဏ်းမှဒဏ်ရာရသူတစ်ဦး / ဧရာဝတီ

114.2k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်း ကျေးရွာတွင် အသုဘချသည့်ကိစ္စကို အကြောင်းပြု၍ ယနေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် ကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့သည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ လူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

“ရဲတပ်ဖွဲ့က နှစ်ဖက် ပဋိပက္ခ မဖြစ်အောင် ထိန်းပေးဖို့ လုံခြုံရေး လာယူပေးတာပါ။ အသုဘ ချတဲ့လူတွေက အတင်းတိုးပြီး ခဲတွေ၊ တုတ်တွေ၊ ပေါက်တူးတွေနဲ့ ပစ်တဲ့အတွက် ရဲတပ်ဖွဲ့က ခြောက်လှန့် ပစ်ခတ်ရင်းနဲ့ ထိသွားပြီး ၁ ယောက် သေဆုံး ခဲ့တယ်လို့ သိရပါတယ်။ အလောင်းကိုတော့ အုပ်ချုပ်ရေးအဖွဲ့တွေကပဲ ဆက်လက် တာဝန်ယူပြီး အသုဘချ မြေမြှုပ် ပေးခဲ့ပါတယ်”ဟု ကျုံပျော်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာဇင်က ပြောသည်။

RelatedPosts

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

22 May 2025
42
KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

22 May 2025
1.2k
ဗိုလ်မှူးချုပ် (ငြိမ်း) ချိုထွန်းအောင် ရန်ကုန်နေအိမ်ရှေ့မှာ ပစ်ခတ်ခံရ (ရုပ်/သံ)

ဗိုလ်မှူးချုပ် (ငြိမ်း) ချိုထွန်းအောင် ရန်ကုန်နေအိမ်ရှေ့မှာ ပစ်ခတ်ခံရ (ရုပ်/သံ)

22 May 2025
66

ဖြစ်စဉ်မှာ ဇင်ပြွန်းကုန်းကျေးရွာမှ အသက် ၈၀ နှစ်ရှိ ဒေါ်အပျော့ (ခ) ဒေါ်ခင်လှိုင် မှာ ကွယ်လွန်ခဲ့သည့်အတွက် ရွာလယ် လမ်းမကြီးအတိုင်း နာရေးပို့ဆောင်ရန် ကျန်ရစ်သူမိသားစုများနှင့် ရွာအနောက်ဘက်ခြမ်းမှ ဒေသခံများက ပြုလုပ်ခဲ့ ကြောင်း၊ ရွာအရှေ့ဘက်ခြမ်းမှ ဒေသခံများက လက်မခံဘဲ ရွာမှ ကျွဲနွားများ အသွင်းအထုတ် ပြုလုပ်သော ကျွဲလမ်း အတိုင်းသာ အသုဘချရန် ပြောဆို တားဆီးကြရာမှ ပဋိပက္ခများ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ် အဓိကရုဏ်းမြင်ကွင်း/ဧရာဝတီ

ကျုံပျော်မြို့နယ် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများမှ ဒေသခံများကြား ပဋိပက္ခ မဖြစ်ပွားစေရန် လာရောက် တားဆီး ညှိနှိုင်းသော်လည်း ပြေလည်မှု မရခဲ့ဘဲ နာရေးရှင်မိသားစုနှင့် ရွာအနောက်ခြမ်းမှ ဒေသခံများက ရဲတပ်ဖွဲ့ အတားအဆီး များကို ကျော်ဖြတ်၍ အသုဘချရန် ကြိုးပမ်းခဲ့သည်။

ထိုသို့ ပြုမှုချက်များကြောင့် ရဲတပ်ဖွဲ့မှ ဒိုင်းများဖြင့် တားဆီးနေစဉ် အသုဘချသည့် လူအုပ်ထဲမှ ခဲများ၊ တုတ်များဖြင့် ရဲတပ်ဖွဲ့ကို ပစ်ပေါက်ခဲ့သည့်အတွက် အဓိကရုဏ်း ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ဖြစ်သူ အသက် ၂၆ နှစ်ရှိ ကိုသိန်းထွန်းအောင် မှာ သေနတ်ဒဏ်ရာဖြင့် ကျုံပျော်မြို့နယ် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး သံဃာ ၁ ပါးနှင့် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာ ရှိသူများမှာ အသက် ၅၇ နှစ်အရွယ် ဆရာတော် ၁ ပါး၊ ကိုပြုံးချို (၃၃နှစ်)၊ ကိုနိုင်မင်းသူ(၃၃နှစ်)၊ ဦးခင်သောင်း (၄၉နှစ်) ဖြစ်ပြီး ပေါင်၊ တင်ပါးနှင့် မျက်နှာတို့တွင် သေနတ် ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ကျုံပျော်မြို့နယ်ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများထံမှ သိရသည်။

“ကျမတို့ရွာထဲက ဘယ်လမ်းကိုမဆို အသုဘ ချခွင့်ရှိတယ်လို့ အုပ်ချုပ်ရေးက အမိန့်ထုတ်ပြန်ထားပြီးသားပါ။ အဲဒါကြောင့် ရွာလယ်လမ်းအတိုင်း အသုဘချတာကို ကျွဲလမ်းအတိုင်းပဲ အသုဘချဆိုပြီး သူတို့က ပြောတယ်။ အသုဘရှင်တွေက အဲဒါကို လက်မခံဘူး။ အဲဒီမှာ အဓိကရုဏ်း ဖြစ်ပြီးတော့ သူတို့ (ရဲတပ်ဖွဲ့) က ပစ်မိန့်ပေးတဲ့ အတွက် သေနတ်နဲ့ပစ်တာ။ ၁ ယောက်ဆုံးသွားတယ်။ ဆရာတော် ၁ ပါးနဲ့ လူ ၃ ဦး ဒဏ်ရာရပါတယ်”ဟု ဇင်ပြွန်းကုန်း ကျေးရွာ ဒေသခံ ဒေါ်အေးသန္တာ လွင်က ပြောသည်။

အဆိုပါ အဓိကရုဏ်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူ ၁ ဦးက ဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ မြေပြင် အခြေအနေ အသေးစိတ်ကိုမူ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။

ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာ၌ အသုဘချရာတွင် ရွာလယ်လမ်းမကြီးကို အသုံးပြုလိုသည့်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကျေးရွာအရှေ့ခြမ်းရှိ အယူသည်းသူများနှင့် ကျေးရွာ အနောက်ခြမ်းရှိ ဒေသခံများကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးဌာနက ဇင်ပြွန်းကုန်းကျေးရွာ အတွင်းရှိ မည်သည့် လမ်းကိုမဆို အသုံးပြုနိုင်သည်ဟု ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

လက်ရှိတွင် အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် ဇင်ပြွန်းကုန်းကျေးရွာ၌ ပဋိပက္ခများ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က လုံခြုံရေး တာဝန်ယူထားကြောင်း သိရသည်။

You may also like these stories:

လူစုလူဝေးဖြစ်နေသည့် အကျဉ်းထောင်များ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်ဖွယ်ရာ ဖြစ်နေ

တရားသေလွှတ်ရန် ငွေတောင်းသည့် ရှေ့နေနှင့် တရားရုံးစာရေးကို အဂတိ အမှုဖွင့်

ရန်ကုန်ရောက် တရားမဝင် နေထိုင်သည့် တရုတ် ၁၈ ဦးကို ပြည်နှင်ဒဏ်ပေး

Your Thoughts …
Tags: ဇင်ပြွန်းရွာအဓိကရုဏ်း
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

by ဧရာဝတီ
21 March 2024
2.4k

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် ပြုလုပ်ခဲ့သော ရိုဟင်ဂျာများ၏ ဆန္ဒပြပွဲသည် စစ်ကောင်စီက ကြိုးကိုင်စီစဉ်ခဲ့ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုသည်။

မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် ရခိုင်ဘုရင်နိုင်ငံတော်ကျဆုံးခြင်း အထိမ်းအမှတ် နှစ်စဉ်ကျင်းပနေကျ ဖြစ်သည် /  မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် ရခိုင်ဘုရင်နိုင်ငံတော်ကျဆုံးခြင်း အထိမ်းအမှတ် နှစ်စဉ်ကျင်းပနေကျ ဖြစ်သည်/ မင်းအောင်ခိုင်

မြောက်ဦးမြို့က လကွယ်ည

by မင်းအောင်ခိုင်
24 January 2018
7.2k

မြောက်ဦးမြို့က အဓိကရုဏ်း ဖြေရှင်းခဲ့မှုများနှင့်ပတ်သက်ပြီး ရခိုင်ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်နေသလို အံ့သြတုန်လှုပ်ခဲ့ကြသည်။

၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့က ပါလီမန် အဆောက်အဦး အပြင်တွင်တွေ့ရသည့် သမ္မထရမ့်ထောက်ခံသူများ  /  Flickr

အမေရိကန် ခေါင်းပြန်ထောင်ရမယ့် မနက်ဖြန်

by အောင်ဇော်
15 January 2021
13.8k

နိုင်ငံရေးစနစ်ပြိုကွဲပျက်စီးပြီး လူဖြူကြီးစိုးမှုဖြင့် ဝိသေသပြုရမည့် ထရမ့်၏ အမေရိကတွင် ထိုကဲ့သို့သော အကြမ်းဖက်မှုမျိုးကို တွေ့ရသည်မှာ အံ့သြစရာမဟုတ် သလောက်ပင်ဖြစ်သည်။

အဓိကရုဏ်း၌ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ကိုသိန်းထွန်းအောင် နာရေးကိုတွေ့ရစဉ် / ဧရာဝတီ

ဇင်ပြွန်းကုန်း အဓိကရုဏ်း အရပ်သား သေနတ်မှန် သေဆုံးမှု စုံစမ်းစစ်ဆေးမည်

by ဆလိုင်းသန့်စင်
28 March 2020
14.9k

ဇင်ပြွန်းကုန်း ကျေးရွာ အဓိကရုဏ်းတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံ ကိုသိန်းထွန်းအောင် သေဆုံးခဲ့ သလို ဆရာ တော် ၁ ပါးနှင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသည့် အတွက် ကျုံပျော်မြို့နယ် ဆေးရုံသို့...

ကျောက်ခဲများ၊ ဗျောက်အိုးများ ပစ်ခတ်နေသည့် ဒေါသထွက်နေသော အင်ဒိုနီးရှား ဆန္ဒပြလူငယ်များ / Reuters

လူ ၆ ဦးသေဆုံးသော အင်ဒိုနီးရှားရွေးကောက်ပွဲ အဓိကရုဏ်းကို ထိန်းချုပ်နိုင်ပြီဟု ဆို

by ဧရာဝတီ
23 May 2019
23.4k

လူ ၆ ဦး သေဆုံးပြီး လူ ၂၀၀ ဒဏ်ရာရကြောင်း ဂျကာတာ မြို့တော်ဝန်က ဆိုသည်။ လူ ၂၅၀ ခန့်အဖမ်းခံရသည်ဟုလည်း သတင်းများက ဆိုသည်။

--

အမေရိကန်မှာ ဖြစ်နေတဲ့ အဓိကရုဏ်း အပေါ် သူတို့ဘယ်လိုမြင်လဲ

by လဲ့လဲ့
2 June 2020
26.8k

အမေရိကန် ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုးလစ်မြို့တွင် ဂျော့ဖလွိုက်ဆိုသူ လူမည်း အမျိုးသား တဦး ရဲကဖမ်းဆီးချုပ်နှောင်စဉ် သေဆုံးသွားမှုနှင့် ပတ်သက်ပြီး တရားမှုတမှု ရရှိရေး အတွက် မေလ ၂၆ ရက်နေ့ကစပြီး မင်နီယာပိုးလစ်မြို့ အပါအဝင် မြို့ပေါင်း...

Next Post
မန္တလေးမြို့ရှိ အခြေခံစားသောက်ကုန်များ ဝယ်ယူနေသူတဦး / ဇော်ဇော် / ဧရာဝတီ

အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်ရောင်းပါက တိုင်ကြားနိုင်

Fujifilm က ဈေးကွက်တင်နေသည့် တုပ်ကွေးဆေး Aviggan / Reuters

Covid-19 ကုသဆေး အပြင်းအထန် ရှာနေ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate