• English
Tuesday, November 28, 2023
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

    ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

    စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

    စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

    စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

    စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

    စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

    စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

    မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း

    မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း

    စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

    စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

    ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

    ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

    မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုများ စတင်

    မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုများ စတင်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

        ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

        စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

        စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

        စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

        စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

        စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

        စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

        မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း

        မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း

        စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

        စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

        ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

        ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

        မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုများ စတင်

        မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုများ စတင်

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home သတင်း

          တပါတီတည်း အနိုင်ရသော်လည်း အစိုးရကို ထိန်းကျောင်းခွင့် ရှိကြောင်း NLD ဒုဥက္ကဋ္ဌ ပြော

          by သီဟလွင်
          2 December 2020
          in သတင်း
          Reading Time: 1 min read
          A A
          NLD ပါတီ ဒု ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် / သီဟလွင် / ဧရာဝတီ

          NLD ပါတီ ဒု ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် / သီဟလွင် / ဧရာဝတီ

          17.6k
          VIEWS
          Share on FacebookShare on Twitter

          ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ တိုင်းဒေသကြီး ၅ ခုတွင် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များကသာ လွှတ်တော်တွင်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး တပါတီတည်း ဖြစ်နေသော်လည်း အစိုးရကို ထိန်းကျောင်းခွင့် ရှိသည် ဟု NLD ဒု ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုလိုက်သည်။

          ဒီဇင်ဘာ ၁ ရက်က ပြန်လည် စတင်လိုက်သည့် မန္တလေးတိုင်း လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်များ နှင့်တွေ့ဆုံစဉ် ဒေါက်တာ ဇော်မြင့်မောင် က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

          RelatedPosts

          ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

          ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

          28 November 2023
          5.1k
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          28 November 2023
          6.6k
          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          28 November 2023
          4.7k

          ဒေါက်တာ ဇော်မြင့်မောင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော မန္တလေးတိုင်း အပါအဝင်၊ ပဲခူးတိုင်း၊ မကွေး တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်း လွှတ်တော်များအတွက် ရွေးကောက်ခံရသည့် မဲဆန္ဒနယ်အားလုံးတွင် NLD ပါတီ တခုတည်းကသာ အနိုင်ရရှိခဲ့သည်။

          ထိုသို့ အတိုက်အခံ မရှိသည့် လွှတ်တော်များတွင် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ အပြန်အလှန် ထိန်းကျောင်းနိုင်ခြင်းများ အားနည်းလာနိုင်သည် ဟု ဝေဖန်မှုများလည်း ရှိနေခြင်းအပေါ် ဒေါက်တာ ဇော်မြင့်မောင်ကို သတင်းထောက်အချို့က မေးခွန်း ထုတ်ခဲ့သည်။

          ဒေါက်တာ ဇော်မြင့်မောင်က “တပါတီထဲမှာလည်း ဒါ ထိန်းကျောင်းခွင့် ရှိတယ်။ အခု အဲဒီဟာကို ဇောင်းပေးနေကြတယ်။ အဲဒီတော့ လွှတ်တော်ရဲ့ မူလတာဝန်ဖြစ်တဲ့ ဥပဒေပြုရေး။ ခေါ်တာကိုက ဥပဒေပြုရေးမဏ္ဍိုင်ကြီးလို့ ခေါ်တာ ဥပဒေပြုတဲ့ ဘက်ကို စဉ်းစားစေချင်တာ” ဟု ပြောသည်။

          လွှတ်တော်တွင်း ပြင်ဆင်ရန် လိုအပ်သည့် ဥပဒေများစွာရှိရာ ပြင်သင့်ပြင်ထိုက်သည့် ဥပဒေများကို အလုံးစုံ သုံးသပ်ပြီး ပြင်ဆင်ပါက ယခုအစိုးရနှင့် လွှတ်တော် အပိုင်းတွင် ကိုယ့်အချင်းချင်း ဖြစ်နေ၍ ဥပဒေများ ပြင်ဆင်မှု၌ ယခင် ထက် ပွတ်တိုက်မှု နည်းသွားမည်ဟု ဒေါက်တာ ဇော်မြင့်မောင်က ထင်မြင်ယူဆသည်။

          ၎င်းက ဆက်၍ “နောက်တချက်က ဘာလဲဆိုရင် ကယားရဲ့ဟာကို ကျနော်တို့ သင်ခန်းစာ ယူထားတယ်။ ဒါတော့ ကျနော် ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ လွှတ်တော် အဖွဲ့အစည်းဆိုတာ အစိုးရအဖွဲ့ကို ဖြုတ်ချလို့ရတယ် ဆိုတဲ့ အတွေးမျိုး မရှိကို မရှိစေချင်ဘူး။ ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ ဒါပဲ။ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအတွက် ဒီဟာကိုပဲ စဉ်းစားရမှာ” ဟု ဆို သည်။

          ၂၀၁၅ ရွေးကောက်ပွဲအရ ဖြစ်ပေါ်လာသည့် လွှတ်တော် သက်တမ်းတွင်း NLD ပါတီဝင် အများစု လွှမ်းမိုးထားသည့် ကယားပြည်နယ် လွှတ်တော်တွင် လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်၍ ဖြုတ်ချသည့်ဖြစ်ရပ်များ၊ ရန်ကုန် တိုင်း လွှတ်တော်တွင်၂၀၁၆-၁၇ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီအရင်ခံစာကို ဆွေးနွေးခဲ့စဉ်က ရန်ကုန်တိုင်း အစိုးရ၏ လုပ် ထုံးလုပ်နည်းနှင့် မညီညွတ်သည့် အားနည်းချက်များ ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သောကြောင့် လွှတ်တော်နှင့် တိုင်း အစိုးရကြား အပြန်အလှန် ထိန်းကျောင်းမှု အားကောင်းခဲ့သည့် ဖြစ်ရပ်များ ဟု ဆိုကြသည်။

          ထို့ပြင် မွန်ပြည်နယ် လွှတ်တော်တွင်လည်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ကျိုက်မရောမြို့နယ် ရာဘာနီ ကုန်းကျေးရွာရှိ မြေယာကိစ္စမေးခွန်း မေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတဦးက လာရာက်ဖြေကြားရာ၌ မပြည့်စုံ၍ ဆက်စပ် မေးခွန်းများမေးမြန်းရာမှ အချေအတင်ဖြစ်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာထက်တွင် ပျံ့နှံ့ခဲ့သည့် ဖြစ်စဉ်များရှိပြီး ထိုဆွေးနွေးချက်များကို ပြည်သူများက အားရကျေနပ်ခဲ့သည်။

          မန္တလေးတိုင်း ဒေသကြီး လွှတ်တော်မှာမူ NLD ပါတီဝင်များလွှမ်းမိုးသော်လည်း မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှာ ပါတီ၏ အကြီးအကဲ ဖြစ်သောကြောင့် လွှတ်တော်နှင့်အစိုးရအဖွဲ့ အပြန်အလှန် ထိန်းကျောင်းမှု အားနည်းပြီး ဝန်ကြီးချုပ်က လွှတ်တော်အပေါ် လွှမ်းမိုးမှုများရှိနေသည် ဆိုသည့် ဝေဖန်ချက်များရှိနေရာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကမူ ထို အချက်ကို ငြင်းဆိုသည်။

          ဒေါက်တာ ဇော်မြင့်မောင်က “ဒီမန္တလေးတိုင်း လွှတ်တော်ကို ကျနော် ပွင့်ပွင့်လင်းလင်းပြောမယ်။ တခါမှ ဝင်မစွက်ဖက် ဖူးဘူး။ ကြိုက်တာလုပ်၊ ဒါပေမယ့် ဥပဒေအတိုင်းပဲ ဖြစ်ရမယ်” ဟု ပြောသည်။

          မန္တလေးတိုင်း လွှတ်တော်မှာ ရန်ကုန်၊ ကယား၊ မွန် စသည့် တိုင်းနှင့်ပြည်နယ်များကဲ့သို့ လှုပ်ခတ်မှု မရှိဘဲ ပုံမှန်သာသွားနေ ကြောင်း၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်က ပါတီအကြီးအကဲ ဖြစ်သောကြောင့် လွှတ်တော်က စိုးရွံ့မှုများ ရှိနိုင်ပြီး လွှမ်းမိုးမှု မရှိ သော်လည်း လွှတ်တော်ဘက်မှ ဝန်ကြီးချုပ်ကို ဆန့်ကျင်သည့် အလုပ်များ လုပ်မည် မဟုတ်ကြောင်း မန္တလေးအခြေစိုက် သတင်းစာ ဆရာ ဦးစန်းယုကျော်က သုံးသပ်သည်။

          ဦးစန်းယုကျော်က “ရိုးရိုးလေးပဲ စဉ်းစား။ သူတို့ကို မေးရင်တော့ မလွှမ်းမိုးဘူးလို့ ပြောမှာပေါ့” ဟု ပြောသည်။

          လာမည့် လွှတ်တော် သက်တမ်းတွင်မူ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် အပါအဝင် တိုင်းဒေသကြီး လွှတ်တော် ၅ ခု တွင် တပ်မတော်သား ကိုယ်စားလှယ်များ ရှိမည်ဖြစ်သော်လည်း ၎င်းတို့သည့် အတိုက်အခံ မဟုတ်ကြောင်း၊ ရွေးကောက်ခံ အတိုက်အခံများ မရှိသည့်အတွက် လွှတ်တော်အတွင်း ဒီမိုကရေစီအားလျော့နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

          “လာမယ့် ၅ နှစ် အဓိကကျမှာက အရပ်ဘက် အဖွဲ့အစည်းတွေ၊ လွှတ်တော် ပြင်ပ နိုင်ငံရေးပါတီတွေ မီဒီယာတွေ သူတို့က လွှတ်တော်ရော အစိုးရကိုရော ပိုပြီးတော့ ထိန်းကျောင်းဖို့ တာဝန်ရှိတယ်။ အဲဒါဆိုရင်တော့ Check and Balance တအား ကြီး ပျက်သွားတာမျိုးလောက်တော့ မရှိလောက်ဘူး” ဟု ဦးစန်းယုကျော်က ပြောသည်။

          ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ထိုလွှတ်တော်များတွင် တပ်မတော်သား၂၅ ရာခိုင်နှုန်းသည့် ရွေးချယ်ခံစရာ မလိုဘဲ အလိုအလျှောက် နေရာရကြမည် ဖြစ်သည်။

          တပ်မတော်သည် နိုင်ငံရေး ပါတီ မဟုတ်သလို လွှတ်တော်တွင်း အတိုက်အခံအဖြစ်လည်း ရပ်တည်မည် မဟုတ်ဘဲ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်မည့် လုပ်ငန်းများနှင့် အပြုသဘောဆောင်သည့် ထောက်ပြချက်များကိုသာ ပြုလုပ်မည် ဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က နေ ပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

          ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပေးထားချက်အရ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များက အစိုးရကို ရွေးချယ်ပေးရသည့် ပုံစံဖြစ်သောကြောင့် ရွေးကောက်ပွဲနိုင်သည့်ပါတီမှာ မည်သည့်ပါတီဖြစ်ပါစေ လွှတ်တော်က အစိုးရကို ထိန်းကျောင်းနိုင်သည့် အခြေအနေတွင် မရှိကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦအောင်လှိုင် ဝင်းက ပြောသည်။

          ဦးအောင်လှိုင်ဝင်းက “ရွေးကောက်ပွဲ လုပ်တဲ့အခါကျတော့ ပြည်သူတွေကလည်း အစိုးရကို ရွေးပေးတယ်လို့ မြင်နေတာ။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့တာဝန်သည် ကျနော်တို့ဆိုရင် အစိုးရကို ဝေဖန်ထောက်ပြတာတွေ ပြောတဲ့အခါမှာ တချို့ ပြည်သူတွေက အဲဒါတွေပြောတယ်။ အစိုးရကို ထောက်ပံ့ပေးဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ပြည်သူတွေက ထင်နေတာ” ဟု ပြောသည်။

          ရွေးကောက်ပွဲ အနိုင်ရ၍ တက်လာသည့် အစိုးရသည် အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုရေး အာဏာကို ရရှိသလို နိုင်ငံ၏ အရေးကြီးဆုံး ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တက်လာသည့် အစိုးရက ခန့်အပ်သောကြောင့် တရားစီရင်ရေး အာဏာပါ ရရှိသလိုဖြစ်သွားပြီး အစိုးရက အာဏာ ၃ ရပ်လုံးကို ချုပ်ကိုင်ထားသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

          “NLD ကြောင့်လည်း မဟုတ်ဘူး။ ကြံ့ခိုင်ရေးကြောင့်လည်းမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီအတိုင်း ဖြစ်နေ တာ”ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။

          ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီး/ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ စုစုပေါင် ၉၂၀ အနိုင်ရရှိခဲ့ပြီး လာမည့် ငါးနှစ်သက်တမ်း အတွက် အစိုးရဖွဲ့နိုင်မည် ဖြစ်သည်။

          ယင်းပါတီနောက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၇၁ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုအဖွဲ့ချုပ်က ၄၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၁၅ နေရာ စသဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။

          You may also like these stories:

          အစိုးရသစ်မှာ လူရွေးမှန်ဖို့ ဖိအားတွေ NLD ရင်ဆိုင်နေရ

          Your Thoughts …
          Tags: NLDထိန်းကျောင်းမှုဒေါက်တာ ဇော်မြင့်မောင်လွှတ်တော်
          သီဟလွင်

          သီဟလွင်

          ဧရာဝတီ

          Similar Picks:

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          by Justin Higginbottom
          13 September 2023
          12.8k

          ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

          ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ရှိ NLD ဆိုင်းဘုတ် ဖြုတ်ချခံရ

          ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ရှိ NLD ဆိုင်းဘုတ် ဖြုတ်ချခံရ

          by ဧရာဝတီ
          15 November 2023
          12.1k

          ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ရှိ ပါတီဆိုင်းဘုတ်ဖြုတ်ချခံရမှုနှင့် ပတ်သက်ပြီး ဥပဒေဘောင်အတွင်းမှ ပြန်လည်တုံံ့ပြန်ရန် စီစဉ်နေကြောင်း သိရသည်။

          ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

          ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

          by David Scott Mathieson
          17 August 2023
          11.8k

          မြန်မာတွင် “ကရင်မလင်ဗေဒ” (Kremlinology) ခန့်မှန်းပြောဆိုမှုများသာ လွှမ်းမိုးနေသည်။ “စစ်ကောင်စီဗေဒ” (SACology) နှင့် “စုဗေဒ” (Suuology) ကို အစားထိုး စဉ်းစားကြည့်ပါ။

          အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

          အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

          by ဝေမင်းထွန်း
          26 August 2023
          11.1k

          မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။

          စစ်ကောင်စီ တဆစ်ချိုး ပြောင်းပြီလား

          စစ်ကောင်စီ တဆစ်ချိုး ပြောင်းပြီလား

          by Priscilla A. Clapp နှင့် ရဲမျိုးဟိန်း
          14 August 2023
          10.6k

          မြန်မာ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကြီးထွားလာသော နိုင်ငံရေးနှင့် စစ်ရေးအင်အားသည် နိုင်ငံတွင် အခြေခံကျသော ပကတိအခြေအနေသစ်ကို ဖြစ်စေသည်။

          Federal Wings နှင့် နွေဦးသင်ခန်းစာများ

          Federal Wings နှင့် နွေဦးသင်ခန်းစာများ

          by ဇေယျ (အညာ)
          28 July 2023
          9.1k

          အင်တာနက်တွင် ကလစ်၍ ရန်ပုံငွေရှာ၍ ရသည်ဆိုသည်မှာ မျိုးဆက်သစ်လူငယ်များ သယ်ဆောင်လာသည့် နည်းပညာဖြစ်သည်။ လူကြီးပိုင်းအတွက် ယုံရခက်ကြီးဖြစ်၏။

          Next Post
          ကလေးများကို စာသင်နေသည့် ကျောင်းဆရာမ တဦး / ဧရာဝတီ

          ရာထူးတိုးနစ်နာမှုဖြေရှင်းပေးရန် ဆရာ၊ ဆရာမ ၉၃ ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံထံ စာပို့

          ရှမ်းပြည်နယ် လွိုင်တန်းလျန်း တောင်ပေါ် ဌာနချုပ် စစ်ရေးပြ အခမ်းအနား တခုတွင် တွေ့ရသည့် RCSS တပ်ဖွဲ့ ဝင်များ  / ဧရာဝတီ

          မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပါက ကန့်ကွက်ရန် မရှိဟု RCSS ပြော

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          1 day ago
          11k
          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          3 days ago
          7.9k

          Most Read

          • စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

            shares
            Share 0 Tweet 0
          • ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

            shares
            Share 0 Tweet 0
          • မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved