• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

WHO ကျွမ်းကျင်သူများ ကြာသပတေးနေ့ လာမည်ဟု တရုတ် ပြော

by ဧရာဝတီ
11 January 2021
in သတင်း
A A
၂၀၂၁ ဇန်နဝါရီ ၅ ရက် တရုတ်ပြည် အရှေ့မြောက်ပိုင်း လျုံနင်းပြည်နယ် ရှန်ယန်းဒေသအတွင်း ကိုဗစ်ရောဂါပိုး အမြန်စစ်နေစဉ် / Xinhua

၂၀၂၁ ဇန်နဝါရီ ၅ ရက် တရုတ်ပြည် အရှေ့မြောက်ပိုင်း လျုံနင်းပြည်နယ် ရှန်ယန်းဒေသအတွင်း ကိုဗစ်ရောဂါပိုး အမြန်စစ်နေစဉ် / Xinhua

6.2k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ကျွမ်းကျင်သူအဖွဲ့တဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတဝန်း ကူးစက်ရောဂါ မူလရင်းမြစ်ကို စစ်ဆေးရန် ယခုအပတ်အတွင်း တရုတ်နိုင်ငံသို့ လာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ကြေညာသည်။

ထိုကျွမ်းကျင်သူများသည် ကြာသပတေးနေ့တွင် ရောက်ရှိပြီး တရုတ်ကျွမ်းကျင်သူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ စာကြောင်းတကြောင်းသာပါသော ထိုကြေညာချက်တွင်ဖေါ်ပြသော်လည်း အခြားအသေးစိတ်များ မပါဝင်ပေ။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
1.4k
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

18 July 2025
54
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
996

ထိုကျွမ်းကျင်သူများသည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိသည့် နိုင်ငံအလယ်ပိုင်း ဝူဟန် သို့ သွားရောက်မည်၊ မသွားရောက်မည်ကို လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထိုခရီးစဉ်အတွက်ဆွေးနွေးမှုများကို ပြုလုပ်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ ထိုခရီးစဉ်နှောင့်နှေးနေခြင်းနှင့် ပတ်သက်ပြီး WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့ အက်ဟန်နွမ် ဂျီဘရေးရီးစက်စ် က စိတ်ပျက်ကြောင်း လွန်ခဲ့သောအပတ်ကပြောကြားခဲ့ပြီး WHO နှင့် တရုတ်အစိုးရတို့၏ အစီအစဉ်အစိတ်အပိုင်းအဖြစ် နိုင်ငံတကာ သိပ္ပံပညာရှင်အဖွဲ့ဝင်များသည် ၎င်းတို့မိခင်နိုင်ငံများမှ ထွက်ခွာလာပြီဖြစ်ကြောင်းပြောသည်။

တရုတ်အစိုးရသည် ထိုဗိုင်းရပ်စ်၏ မူလရင်းမြစ်နှင့်ပတ်သက်သည့် သုတေသနများကို ပြည်တွင်းတွင် တင်းကျပ်စွာ ထိန်းချုပ်ထားပြီး နိုင်ငံပိုင် မီဒီယာများကလည်း ထိုဗိုင်းရပ်စ်သည် အခြားတနေရာရာမှ စတင်ခဲ့နိုင်သည်ဆိုသည့် သတင်းများကို အသားပေးဖေါ်ပြနေသည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးမှု တခု ပြုလုပ်ရန် တောင်းဆိုသော ဆုံးဖြတ်ချက်တခုကို နိုင်ငံပေါင်း ၁၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် မေလတွင် WHO က စုံစမ်းစစ်ဆေးမှု ပြုလုပ်ရေးကို သဘောတူခဲ့သည်။

တက်ဒရို့၏ ကြေညာချက်ထွက်လာပြီးနောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံသည် ထိုနိုင်ငံတကာ ကျွမ်းကျင်သူများ၏ ခရီးစဉ်ကို လမ်းဖွင့်ထားပြီး “လိုအပ်သော လုပ်ငန်းအဆင့်ဆင့်နှင့် ခိုင်မာသော စီမံချက်များအတွက် ပြင်ဆင်” နေကြောင်း ပြောဆိုသည်။ တရုတ်နိုင်ငံမှ ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်သူများသည် လွန်ခဲ့သော အပတ်များအတွင်း ဖြစ်ပွားခဲ့သည် ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်မှု အသေးစားများဖြင့် လတ်တလောတွင် အလုပ်ရှုပ်နေကြောင်း ဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချန်ယင်းက ပြောသည်။

အတွင်းရေးမှူချုပ် အန်တိုနီယို ဂတ်တားရက်စ်က အဖွဲ့တဖွဲ့ တရုတ်နိုင်ငံသို့စေလွှတ်ရေး အားထုတ်မှုများအတွက် ဒေါက်တာ တက်ဒရို့နှင့် WHO ကို အပြည့်အ၀ ထောက်ခံကြောင်း ကုလသမဂ္ဂပြောခွင့်ရသူ စတက်ဖနီ ဒူဂျားရစ်က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များကို ပြောကြားလိုက်သောကြောင့် ထိုကိစ္စသည် အလျှင်အမြန်လုပ်ဆောင်ရမည့် ကိစ္စကဲ့သို့ ဖြစ်လာသည်။

“ကမ္ဘာတဝန်း ကူးစက်ရောဂါ တိုက်ဖျက်ရာမှာ WHO က ဦးဆောင်ဖို့ အရမ်းကို အရေးကြီးပါတယ်။ နောက်ထပ်ကူးစက်ရောဂါတခုအတွက် ပိုမိုကောင်းမွန်စွာ ကြိုတင်ပြင်ဆင်နိုင်ဖို့ ဒီရောဂါရဲ့ မူလရင်းမြစ်ကို ပြန်ရှာဖို့ကြိုးစားတဲ့နေရာမှာလည်း ဦးဆောင်ဖို့ အရေးကြီးပါတယ်။ တရုတ်နိုင်ငံဟာ WHO နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်၊ ဒီခရီးစဉ်ချောမွေ့ဖို့ မျှော်လင့်နေတယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ပြောဆိုချက်တွေဟာ တကယ်ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဒူဂျားရစ် ပြောသည်။

ကိုးကား။ ။ AP, Reuters

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် မူလအစ စုံစမ်းမည့် WHO အဖွဲ့ တရုတ် ပေးမဝင်

ကိုရိုနာဗိုင်းရပ် ကင်းစင်အောင် ထိုင်ဝမ် ဘယ်လိုစီစဉ်သလဲ

အမေရိကန်မှာ ကိုဗစ်ကြောင့် ပထမဆုံးအကြိမ် တနေ့တည်း လူ ၄,၀၀၀ ကျော်သေဆုံး

Your Thoughts …
Tags: COVID-19WHOတရုတ်ပြည်ခရီးစဉ်ဝူဟန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

by အောင်ဇော်
17 July 2024
5.5k

ဦးအောင်လှိုင်ဦးကို အမြတ်အစွန်း အများအပြားပေးပြီး ထုံစံအားဖြင့် ယူကရိန်းမှ လက်နက်ရောင်းချမှုများအတွက် ကော်မရှင်ခ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိရသည်။

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
5.4k

အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

by နွေနေ
3 February 2025
3.8k

ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ အန္တရာယ်ရှိတဲ့ အာဏာရှင်စနစ်ကို ဦးတည်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ညီညွတ်မှု မရှိဘူးလို့ ဆိုတယ်။

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

by ဧရာဝတီ
23 January 2025
3.4k

ထိပ်တန်း အလှူရှင်နိုင်ငံ၏ လုပ်ရပ်အတွက် စိတ်မကောင်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။

Next Post
မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်းအတွက် Feasibility Study နားလည်မှု စာချွန်လွှာရေးထိုးနေစဉ် / Chinese Embassy in Myanmar

မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု တရုတ်ကုမ္ပဏီလုပ်ဆောင်မည်

လူရွှင်တော်ကြီး မိုးဒီ  / ချစ်ပိုး / ဧရာဝတီ

ကိုဗစ်ရောဂါ ကုသစဉ်က အတွေ့အကြုံတွေကို ပြောပြလာတဲ့ မိုးဒီ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate