Crime

မန်ချက်စတာမြို့မှာ အမျိုးသားပေါင်း ၁၀၀ ကျော်အား မုဒိမ်းကျင့်ခဲ့သူကို ထောင်ဒဏ် တသက်ချမှတ်

Want create site? Find Free WordPress Themes and plugins.

အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ ရာနဲ့ချီတဲ့ အမျိုးသားများကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသားကို ထောင်ဒဏ်တသက် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်အရွယ် PhD ကျောင်းသားတဦးဖြစ်တဲ့ Reynhard Sinaga ဟာ ၂ နှစ်အတွင်း အမျိုးသား ၁၅၉ ဦးထက်မနည်းကို လိင်ပိုင်ဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

Reynhard Sinaga ရဲ့ မုဒိမ်းကျင့်မှုကို ခံရတဲ့ အမျိုးသားအများစုဟာ အသက် ၂၀ ဝန်းကျင်များဖြစ်ကြပြီး အဲဒီအမျိုးသားတွေကို သူဟာ သူ့တိုက်ခန်းအနီးက နိုက်ကလပ်နဲ့ ဘားဆိုင်တွေ အပြင်ဘက်မှာ စောင့်ဆိုင်းလေ့ရှိပြီး ထွက်လာတဲ့ အမျိုးသားများကို အရက်ထပ်သောက်ဖို့ ဒါမှမဟုတ် အိပ်စရာနေရာတခုကို လိုက်ပို့မယ့် အကြောင်းများနဲ့ ပြောဆို စည်းရုံးလေ့ရှိတယ်လို့ သိရပါတယ်။

အခုလို ကျူးလွန်မှုတွေ အတွက် ဇန်နဝါရီလ ၇ ရက်နေ့က တရားရုံးမှ ထောင်ဒဏ်တသက် ကျသင့်စေမယ့် အမိန့်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူဟာ အင်ဒိုနီးရှားနိုင်ငံမှ ကျောင်းလာတက်သူဖြစ်ပြီး အခုလို မုဒိမ်းသမားတယောက်အဖြစ် တရားစွဲခံရတာနဲ့ ပတ်သတ်ပြီး ဖခင်ဖြစ်တဲ့ Saibun Sinaga ကတော့ “ကျနော်တို့က တရားရုံးရဲ့ အဆုံးအဖြတ်ကို သဘောတူပါတယ်။ သူကျူးလွန်ခဲ့တဲ့အတွက် ရတဲ့ ပြစ်ဒဏ်နဲ့ ထိုက်တန်ပါတယ်။ ကျနော်ဘာမှ ပြောစရာမရှိပါဘူး”လို့ BBC သတင်းဌာနကို ဖုန်းမှတဆင့် ဖြေကြားခဲ့ပါတယ်။

တရားရုံးရဲ့ ကြားနာစစ်ဆေးမှုတွေ အရ Reynhard ဟာ မုဒိမ်းမှု ၁၃၆ မှု၊ မုဒိမ်းကျင့်ရန် ကြံစည်မှု ၈ မှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ၁၄ မှု အပါအဝင် စုစုပေါင်း လိင်ပိုင်းဆိုင်ရာပြစ်မှု ၁၅၉ မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Reynhard ရဲ့ ဖုန်းအတွင်း မုဒိမ်းကျင့်မှုမှတ်တမ်း ဗီဒီယိုများကို တွေ့ရှိခဲ့ရပြီး သူ့ရဲ့ တိုက်ခန်းမှာတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုမှတ်တမ်းဗီဒီယို DVD အချပ်ရေ ၂၀၀ ထက်မနည်းနဲ့ အတူ ဓာတ်ပုံပေါင်း ၃ သိန်းခန့်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Reynhard ဆီက သိမ်းဆည်းရမိတဲ့ မှတ်တမ်းဗီဒီယို တခုဟာ အချိန် ၈ နာရီခန့် ကြာမြင့်တယ်လို့ သိရပါတယ်။

Reynhard ဟာ အင်္ဂလန်နိုင်ငံရဲ့ တရားစီရင်ရေးတလျှောက် မုဒိမ်းမှုအများဆုံး ကျူးလွန်တဲ့ မုဒိမ်းသမားဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

Ref. BBC, The Guardian

You may also like these stories:

လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် Jung Joon Young နဲ့ Choi Jong Hoon တို့ကို ထောင်ဒဏ် ချမှတ်

မုဒိမ်းကျင့်ခံခဲ့ရသူအတွက် နစ်နာကြေးပေးဖို့ အမိန့်ချမှတ်ခံရတဲ့ မင်းသား Park Yoo Chun

Did you find apk for android? You can find new Free Android Games and apps.
Loading