ခရိုင်တွေ ချဲ့ပြီး စစ်ခေါင်းဆောင် သမ္မတလုပ်ဖို့ လမ်းခင်း
စစ်ကောင်စီသည် မကြာသေးခင်က မြန်မာနိုင်ငံအတွင်း ခရိုင် ၄၂ ခုအား ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်သည်။ ယခင်က မြန်မာနိုင်ငံတွင် ခရိုင်ပေါင်း ၇၄ ခရိုင်သာရှိပြီး တိုးချဲ့လိုက်သည့်ခရိုင် ၄၂ ခုနှင့် ပေါင်းပါက ၁၁၆ ခရိုင် ရှိလာတော့မည်။
အခုလို ခရိုင်များ ထပ်မံတိုးချဲ့ရခြင်းသည် အုပ်ချုပ်ရေးပိုင်ဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်မဟုတ်ပဲ စစ်ကောင်စီက ကျင်းပပေးမည်ဟု ပြောဆိုထားသော ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရန်အတွက်ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ပေးမည့်ခြေလှမ်းအစဟုလည်း လေ့လာသူများက သုံးသပ်နေကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ၂၀၂၀ ခုနှစ်ကစပြီး ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြောင်းလဲကျင့်သုံးလာသော အချိုးကျကိုယ်စားပြု PR စနစ်ကို ကြိုက်နှစ်သက်နေသည်ဟု အချို့က ဆိုသည်။ ထို PR စနစ်ကြောင့်သာ အာဏာသိမ်း ထိုင်းစစ်တပ်အကြီးအကဲသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ၂၀၂၀ ခုနှစ်ကစပြီး ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြောင်းလဲကျင့်သုံးလာသော အချိုးကျကိုယ်စားပြု PR စနစ်ကို ကြိုက်နှစ်သက်နေသည်။
ထို့အတွက်ကြောင့် ထိုင်းနိုင်ငံ၏ PR စနစ်ကိုလေ့လာခဲ့သည်ဟုဆိုသည်။ ထိုင်းနိုင်ငံတွင်လည်း စစ်တပ်က အာဏာသိမ်းပြီး ကျင်းပသည့် ၂၀၁၉ ရွေးကောက်ပွဲတွင် PR စနစ်ကို ပုံစံတမျိုးဖြင့်ပြောင်းလဲကျင့်သုံးလာခဲ့သည်။
ထိုင်းနိုင်ငံတွင် အထက်လွှတ်တော်နှင့်အောက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ရှိသည်။အထက်လွှတ်တော် တွင် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၂၅၀ ဦးရှိပြီး အောက်လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ ၅၀၀ ရှိသည်။
အထက်လွှတ်တော်တွင်ရှိသော ကိုယ်စားလှယ် ၂၅၀ ဦးသည် တိုက်ရိုက်ခန့်သည့်စနစ်ကြောင့် ကိုယ်စားလှယ် ဖြစ်လာသူများဖြစ်သည်။ လူထု၏ မဲပေးရွေးချယ်မှုဖြင့် တက်လာသူများ မဟုတ်ပေ။ အဆိုပါ ကိုယ်စားလှယ်အားလုံးကို ထိုစဉ်က အာဏာသိမ်းစစ်အုပ်စုNational Council for Peace and Order (NCPO) က ခန့်အပ်ရသည်။ NCPO ၏ အကြီးအကဲမှာ ထိုင်းတော်ဝင်တပ်မတော်၏ အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်ရှိသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်သား အစုအဖွဲ့၂၅ ရာခိုင်နှုန်းပုံစံ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသူ အနိုင်ရစနစ်ဖြင့် ရွေးချယ်သောဆန္ဒနယ်များတွင် Pheu Thai ပါတီက အမတ်အများစု ရရှိခဲ့သည်။ သို့သော် PR စနစ်ဖြင့် ရွေးချယ်ထားသော ကိုယ်စားလှယ်များ ရှိနေခြင်းနှင့် တိုက်ရိုက်ခန့်အပ်သော လွှတ်တော်ကိုယ်စားလှယ်များ ရှိနေသည့်အတွက် Pheu Thai ပါတီက ဝန်ကြီးချုပ်ရာထူး မရရှိခဲ့ပေ။
သို့သော်အောက်လွှတ်တော်တွင်ရှိသော ကိုယ်စားလှယ်ဦးရေ ၅၀၀ လုံးကို မဲစနစ်ဖြင့် ရွေးချယ်ကြရသည်။ ကိုယ်စားလှယ် ၅၀၀ ထဲတွင် မဲအများဆုံရသူ အနိုင်ယူစနစ် ( FPTP ) ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၃၅၀ အားရွေးချယ်ရသည်။ ကျန် ၁၅၀ အား အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ရသည်။
ထိုင်းနိုင်ငံတွင် အစိုးရအဖွဲ့အကြီးအကဲဖြစ်သူ ဝန်ကြီးချုပ်အား လွှတ်တော်နှစ်ရပ်ပေါင်းတွင်ရှိသော ကိုယ်စားလှယ် ၇၅၀ (၅၀၀ +၂၅၀) ဦးက မဲပေးရွေးချယ်ကြရသည်။ မဲအများဆုံးရရှိသူကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြရသည်။ ဝန်ကြီးချုပ်လောင်းနှစ်ဦးထဲမှ တဦးကိုသာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည်ဆိုပါက စုစုပေါင်း ၃၇၆ မဲရသူက ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။
ပြည်သူလူထုက ရွေးချယ်သော မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့်ရွေးချယ်ခွင့်ရှိသော ကိုယ်စားလှယ် ၃၅၀ စလုံးအား ပါတီတခုတည်းမှ အနိုင်ရရှိသည့်တိုင် ထိုပါတီက ကြိုက်နှစ်သက်သူတဦး ဝန်ကြီးချုပ်ဖြစ်ရန် မလွယ်ကူသည့် အနေအထားဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသူ အနိုင်ရစနစ်ဖြင့် ရွေးချယ်သောဆန္ဒနယ်များတွင် Pheu Thai ပါတီက အမတ်အများစု ရရှိခဲ့သည်။ သို့သော် PR စနစ်ဖြင့် ရွေးချယ်ထားသော ကိုယ်စားလှယ်များ ရှိနေခြင်းနှင့် တိုက်ရိုက်ခန့်အပ်သော လွှတ်တော်ကိုယ်စားလှယ်များ ရှိနေသည့်အတွက် Pheu Thai ပါတီက ဝန်ကြီးချုပ်ရာထူး မရရှိခဲ့ပေ။ အောက်လွှတ်တော်ကိုယ်စားလှယ် ၂၅၀ ဦးအား ခန့်ခွင့်ရှိသူ ထိုင်းတော်ဝင်တပ်မတော်၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးပရာရွတ်က ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
အကယ်၍ အောက်လွှတ်တော်တွင်ရှိသော လွှတ်တော်ကိုယ်စားလှယ် ၅၀၀ ဦးအား PR စနစ်မကျင့်သုံးပဲ မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြစ်နေပါက မဲအများဆုံးရသည့်ပါတီက ရွေးချယ်သူတဦး ဝန်ကြီးချုပ်ဖြစ်လာနိုင်သည်။
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအား တိုက်ရိုက်ခန့်အပ်သော စနစ်မရှိသည့်နိုင်ငံများတွင်သာ PR စနစ်ကိုသာ ကျင့်သုံးသင့်သည်ဟု ပညာရှင်များကထောက်ပြကြသည်။ ထိုသို့မဟုတ်ပါက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုရာရောက်သည်ဟု ဆိုကြသည်။ စစ်ကောင်စီမီဒီယာများတွင် ရေးသားဖော်ပြနေသော PR စနစ်ကျင့်သုံးသည့် နိုင်ငံ ၃၀ ရှိသည်။ ထိုနိုင်ငံ ၃၀ တွင် တိုက်ရိုက်ခန့်အပ်သည့် စနစ်ရှိသော နိုင်ငံတခုသာ ရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ လွှတ်တော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း ခန့်ခွင့်ရှိနေသည့် အခြေအနေတွင် PR စနစ်ကို ကျင့်သုံးပါက မဲအများဆုံးရသောပါတီမှ ကြိုက်နှစ်သက်သည့်သူတစ်ဦး သမ္မတ ဖြစ်လာရန် မလွယ်ကူတော့ပေ။ ထို့ကြောင့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် PR စနစ် ကျင့်သုံးရန်ပြင်ဆင်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်သော တပ်မတော်သား ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းရှိသည်။ ပြည်သူ့လွှတ်တော်တွင် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်တွင် ၅၆ ဦး ရှိသဖြင့် လွှတ်တော်နှစ်ရပ်ပေါင်းထားသော ပြည်ထောင်စုလွှတ်တော်တွင် ၁၆၆ ဦးရှိသည်။
နိုင်ငံတော်သမ္မတအား ရွေးချယ်ရသော ပြည်သူ့လွှတ်တော်တွင် စုစုပေါင်း ကိုယ်စားလှယ် ၆၆၄ ဦးရှိသည်။ ထို ၆၆၄ ဦးထဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သူ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးနှင့် မဲဆန္ဒနယ်အားလုံး ကျင်းပနိုင်ပါက ပြည်သူက ရွေးချယ်ခွင့်ရှိသူ ကိုယ်စားလှယ် ၄၉၈ ဦးရှိသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူကရွေးချယ်ခွင့်ရှိသော ကိုယ်စားလှယ် ၄၉၈ ဦးထဲတွင် ၃၃၃ ဦး အနိုင်ရသောပါတီက ကြိုက်နှစ်သက်သူတဦး သမ္မတဖြစ်လာမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်းကိုယ်စားလှယ် ၃၆၀ ဦးအနိုင်ရရှိခဲ့သည်။ ထို့ကြောင့် NLD ပါတီကရွေးချယ်ခဲ့သော ဦးထင်ကျော်မှာ သမ္မတဖြစ်လာခဲ့သည်။
ထိုကဲ့သို့ရွေးချယ်နိုင်ခြင်းမှာ မြို့နယ်တခုလျင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးနှင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတခုလျှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးစီ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၄၉၈ ဦးအား မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့် ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
သို့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ လွှတ်တော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း ခန့်ခွင့်ရှိနေသည့် အခြေအနေတွင် PR စနစ်ကို ကျင့်သုံးပါက မဲအများဆုံးရသောပါတီမှ ကြိုက်နှစ်သက်သည့်သူတစ်ဦး သမ္မတ ဖြစ်လာရန် မလွယ်ကူတော့ပေ။ ထို့ကြောင့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် PR စနစ် ကျင့်သုံးရန်ပြင်ဆင်နေခြင်းဖြစ်သည်။ PR စနစ်ကျင့်သုံးနိုင်ရန် မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်။ ထို့ကြောင့် ခရိုင်မြို့များ ထပ်မံတိုးချဲ့လိုက်ခြင်းသည် စစ်ကောင်စီက ကျင်းပပေးမည်ဟု ပြောဆိုထားသော ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးရန် ခြေလှမ်းအစဖြစ်သည်ဟု ပါတီခေါင်းဆောင်အချို့က ဆိုသည်။
စစ်ကောင်စီအနေဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ယခင်ကလို မြို့နယ်တခုလျင် မဲဆန္ဒနယ်တနယ် သတ်မှတ်ခြင်းမဟုတ်ပဲ ခရိုင်များကို အခြေခံ၍ မဲဆန္ဒနယ် သတ်မှတ်ပေးလိမ့်မည်ဟု လေ့လာသူများက ယုံကြည်နေကြသည်။ ထိုကဲ့သို့ ခရိုင်တခုကို အခြေခံပြီး မဲဆန္ဒနယ်သတ်မှတ်မှသာလျှင် အချိုးကျကိုယ်စားပြုစနစ်အရ လွှတ်တော်တက်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ပေးနိုင်မည်ဖြစ်သည်။
ဥပမာအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတခရိုင်တွင် မြို့နယ်ပေါင်း ၆ မြို့နယ်ရှိပြီး လူဦးရေ ၁၀ သိန်းရှိသည် ဆိုပါစို့။ အဆိုပါခရိုင်တွင် ရွေးကောက်ပွဲကျင်းပသည့်အခါ ၆ မြို့နယ်စလုံးမှ ရရှိသည့် မဲရလဒ်အားလုံးကို ပေါင်းပါလိမ့်မည်။ အချိုးကျကိုယ်စားပြုစနစ်အရ ၆ မြို့နယ်ပေါင်း မဲရလဒ်မှ ရာခိုင်နှုန်းအများဆုံးရရှိသော ပါတီမှ ကိုယ်စားလှယ် ၄ ဦးအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ပြီး ရာခိုင်နှုန်း ဒုတိယအများဆုံးရရှိသည့် ပါတီမှ ကိုယ်စားလှယ် ၂ ဦး လွှတ်တော်တက်ရမည့်သဘော လုပ်လာနိုင်သည်ဟု လေ့လာသူအချို့က ဆိုသည်။
ထိုစနစ်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒုတိယ မဲအများဆုံးရသည့် ပါတီများမှ ကိုယ်စားလှယ်များ လွှတ်တော်ထဲရောက်လာလိမ့်မည်။ အထူးသဖြင့် မဲရှုံးသည့်တိုင် အချိုးကျ ကိုယ်စားပြုစနစ်အရ လွှတ်တော်အမတ် ဖြစ်လာမည့်သူများ ရှိလာတော့မည်။ ထိုနည်းဖြင့် ကြံ့ခိုင်ရေးပါတီနှင့် သူမိတ်ဖက်ပါတီများမှ ကိုယ်စားလှယ်ဦးရေမှာ ပြည်ထောင်စုလွှတ်တော်တွင် ၂၆ ရာခိုင်နှုန်းကျော် ရောက်ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ကြသည်။
ကြံ့ခိုင်ရေးပါတီအနေဖြင့် PR စနစ်ကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ၂၆ ရာခိုင်နှုန်းရရှိပါက တပ်မတော်သား ၂၅ ရာခိုင်နှုန်းဖြင့်ပေါင်းလိုက်လျှင် သူတို့လိုလားသူတဦး သမ္မတအဖြစ် ရွေးချယ်ခန့်အပ်နိုင်မည်ဖြစ်သည်။ သို့တည်းမဟုတ် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းခန့်ခွင့်ရထားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုလားသူတဦး သမ္မတဖြစ်လာတော့မည်။
မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ကျင်းပခဲ့သော ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ကြံခိုင်ရေးပါတီ နှင့် သူ့မိတ်ဖက်ပါတီများပေါင်းသော်လည်း သမ္မတကိုရွေးချယ်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် ၂၀ ရာခိုင်နှုန်းအောက်သာ အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိနေသည့်တိုင် ကြံ့ခိုင်ရေး ပါတီအနေဖြင့် အစိုးရအဖွဲ အကြီးအကဲနိုင်ငံတော်သမ္မတ တဦးအား မရွေးချယ်နိုင်ခဲ့ပေ။
သို့သော် အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးလိုက်ပါက ကြံ့ခိုင်ရေးပါတီနှင့် မိတ်ဖက်ပါတီများသည် မဲ အများဆုံးမရကြသည့်တိုင် အချိုးကျကိုယ်စားပြုစနစ် (PR) အရ လွှတ်တော်ထဲရောက်လာမည့် အမတ်ဦးရေ တိုးလာမည်ဖြစ်သည်။ NLD ပါတီက ဝင်ပြိုင်ခဲ့သည့် ၂၀၁၅ နှင် ၂၀၂၀ တွင် မရရှိခဲ့သည့် ပြည်ထောင်စုလွှတ် တော်တွင် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၂၆ ရာခိုင်နှုန်းကျော် ရရှိလာနိုင်သည်။
ကြံ့ခိုင်ရေးပါတီအနေဖြင့် PR စနစ်ကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ၂၆ ရာခိုင်နှုန်းရရှိပါက တပ်မတော်သား ၂၅ ရာခိုင်နှုန်းဖြင့်ပေါင်းလိုက်လျှင် သူတို့လိုလားသူတဦး သမ္မတအဖြစ် ရွေးချယ်ခန့်အပ်နိုင်မည်ဖြစ်သည်။ သို့တည်းမဟုတ် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းခန့်ခွင့်ရထားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုလားသူတဦး သမ္မတဖြစ်လာတော့မည်။
လက်ရှိ စစ်ကောင်စီဥက္ကဌ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်လည်း သမ္မတ လုပ်ချင်ပါက ဖြစ်သွားနိုင်သည့် နည်းလမ်းဖြစ်နေသည်။
(ပေါ်ထွန်းသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ
အာဏာသိမ်းခေါင်းဆောင် မိသားစုစီးပွားရေးများကို သပိတ်မှောက်ရန် NUG တိုက်တွန်း
စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ
အာဏာသိမ်းခေါင်းဆောင် နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ဟု ပြည်သူ့စစ်သားများပြော