သူနာပြုတက္ကသိုလ်မျက်နှာစာ အစိတ်အပိုင်းတချို့ ပြိုကျတဲ့ဖြစ်စဉ်ဟာ တည်ဆောက်ပုံ ဒီဇိုင်း အားနည်းမှုကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာရှိတဲ့ သူနာပြုတက္ကသိုလ် မျက်နှာစာပြိုကျမှု ဖြစ်စဉ်ကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်က ကျွမ်းကျင် ပညာရှင် ၅ ဦးပါဝင်တဲ့ ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပြီး စုံစမ်းစစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံ တင်ပြထားပြီးဖြစ်တယ်လို့ သိရပါတယ်။
သူနာပြုတက္ကသိုလ် ပြိုကျမှုဟာ မြန်မာ အင်ဂျင်နီယာတွေအနေနဲ့ စံချိန်စံညွှန်းတွေနဲ့အညီ တည်ဆောက်ကြဖို့လိုအပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ ဦးအောင်မြင့်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဧရာ၀တီ