မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ တံခါးဖွင့်အစည်းအဝေးကို ဧပြီ ၄ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးရဲ့ ညွှန်ကြားရေးမှူး လီဆာ ဒေါက်ခ်တန်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အဆိုးဆုံးအဆင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ အပါအဝင် တစ်စထက်တစ်စ ပိုဆိုးလာနေတဲ့ အခြေအနေတွေကြောင့် တစ်နိုင်ငံလုံးကို ဆိုးဆိုးဝါးဝါး ထိခိုက်နေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန်အပါအဝင် အင်အားကြီး နိုင်ငံတချို့က အာဏာသိမ်း စစ်တပ်ကို ဖိအားပေး အရေးယူဖို့ တိုက်တွန်း တောင်းဆို
ကြပေမဲ့လည်း ရုရှားနဲ့ တရုတ်နိုင်ငံကတော့ အရင်ပုံစံအတိုင်း အာဏာသိမ်း စစ်တပ်ဘက်ကနေ ကာကွယ် တုန့်ပြန်ခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ ပက်သက်ပြီး ဆွေးနွေးတဲ့ တံခါးဖွင့် အစည်းအဝေး မှာတော့ အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ ကောင်စီဟာမြန်မာနိုင်ငံကို လက်နက်၊ ခဲယမ်းနဲ့ စစ်လက်နက်ပစ္စည်းတွေ တရားမဝင် ရောင်းချတာကို ရပ်ဆိုင်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။