• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အကိုကြီးကင်မ်ရဲ့ ဘဝများစွာ

by Karim Raslan
1 May 2017
in ဆောင်းပါး
A A
Instagram တွင် follower ၄၁၆၀၀၀ နှင့် Twitter တွင် follower ၃.၉ သန်း ရှိပြီး သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသော ဖိလစ်ပိုင် လူမျိုးအများအပြား ရှိသည်

Instagram တွင် follower ၄၁၆၀၀၀ နှင့် Twitter တွင် follower ၃.၉ သန်း ရှိပြီး သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသော ဖိလစ်ပိုင် လူမျိုးအများအပြား ရှိသည်

15.2k
VIEWS
Share on FacebookShare on Twitter

အသက် ၈ နှစ်သား အစိမ်းရောင် ကိုလံဘီယာ ဖွတ်ကြီးတကောင် ဖြစ်သည့် ဘတ် Bert က သိပ်ပြီး စိတ်ကြည်လင်ပုံ မရပါ။ နေ့လည်ခင်း တရေးအိပ်နေစဉ် သူ့ကို အိပ်ယာမှ နှိုးသည်ကို သူမကြိုက်ပါ။ သူ့လို ဂုဏ်သိက္ခာရှိသူကို ထမင်း စားပွဲပေါ်တင်ထားသည်ကိုလည်း သူက ကျေနပ်ပုံ မရပါ။

ထိုအချိန်တွင် သူ၏ သခင်ဖြစ်သူ ကင်မ် အာတီးဇာ Kim Atienza က သူ၏ အလုပ်၊ သူ့ဆန္ဒများ နှင့် သူ၏ အမှတ်တံဆိပ်ကို တိုးချဲ့မှုများ အကြောင်း ကျနော့်ကို ပြောပြနေပါသည်။ ကင်မ် အာတီးဇာက ဖိလစ်ပိုင်နိုင်ငံ၏ စတိဗ် အာဝင် Steve Irwin (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တယောက် ဖြစ်ပြီး မိချောင်းမုဆိုးဟု သိကြသည့် သဘာဝတောရိုင်း တိရိစ္ဆာန်များ အကြောင်း မှတ်တမ်းတင် ရုပ်မြင်သံကြား အစီအစဉ်များ တင်ဆက်သူ) ဖြစ်သည်။ သူ့ကို Kuya Kim (အကိုကြီးကင်မ်) ဟုလည်း သိကြသည်။ ဆာဖာရီ ဦးထုပ်ဆောင်းထားသော သူ၏ ပုံရိပ် အမှတ်တံဆိပ်ကို ဂိမ်းများနှင့် အပလီကေးရှင်းများ အပါအဝင် အွန်လိုင်းဈေးကွက်တွင် တိုးချဲ့နိုင်ရန် ကင်မ် အာတီးဇာက ကြိုးစားနေသည်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
1k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

9 July 2025
3.4k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2k

“ကျနော်က နိုင်ငံရေး မိသားစုကပါ။ ကျနော်အဖေက မနီလာ မြို့တော်ဝန် ဖြစ်ခဲ့ပါတယ်။ ကျနော်က သူ့နောက်ကို လိုက်ရင်း လေ့ကျင့်သင်ကြားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကျေးရွာ ဥက္ကဌကနေ ဒေသကောင်စီဝင် ရာထူးအထိ အစိုးရ ရာထူးတွေမှာ ကျနော် ၁၂ နှစ်လောက် လုပ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ကျနော် ရုပ်မြင်သံကြား (ဒေသတွင်း နာမည်ကြီး ရုပ်သံ ဌာနတခု ဖြစ်သည့် ABS-CBN) မှာ စပြီး ပါလာပါတယ်။ တိရိစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အကြောင်းပါ။ ကျနော် အမြဲတမ်း သဘောကျခဲ့ရတဲ့ အကြောင်းပေါ့။ ကျနော့်ရဲ့ နိုင်ငံရေးအတွက် ဒီလို လူလုံးပြတာက ကောင်းလိမ့်မယ်လို့ အဲဒီအချိန်မှာ ကျနော် တွေးခဲ့ပါတယ်။”

“ဒါပေမယ့် Maria Ressa (CNN မှ ဂျာနယ်လစ်ဟောင်း တဦးဖြစ်ပြီး ယခုအခါ အွန်လိုင်းသတင်း ဝက်ဘ်ဆိုက်တခု ဖြစ် သည့် Rappler.com ကို ဦးဆောင်နေသူ) က ကျနော့်ကို လက်တွဲခေါ်ခဲ့တဲ့ အထက်လူကြီးပါ။ သူက ကျနော် ဘာဖြစ် နိုင်တယ်ဆိုတာ သိတယ်။ ကျနော် လုပ်နေတာတွေကိုလည်း သဘောကျတယ်။ ကျနော့် အနေနဲ့ နိုင်ငံရေးနဲ့ ဖျော်ဖြေရေး ကြားထဲမှာ ရွေးချယ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခုတော့ မဟုတ်ခဲ့ပါဘူး။ မကြာခင်မှာပဲ ရုပ်မြင် သံကြား စပြီး အလုပ်လုပ်ခဲ့ပါတယ်။”

ဖိလစ်ပိုင်နိုင်ငံတွင် သတင်းနှင့် ဖျော်ဖြေရေးက နိုင်ငံရေးနှင့် အာဏာတို့ နှင့် ဆက်နွယ်နေသော ဇာတ်ကြောင်းများ ရှိနေ သည်။ ဥပမာအားဖြင့် သမ္မတဟောင်း ဂျိုးဇက် “အီရက်” အက်စတြာဒါ Joseph “Erap” Estrada (ရုပ်ရှင်မင်းသားမှ သမ္မတဖြစ်လာသူ)၊ လိုရန် လဂါဒါ Loren Legarda ( ဂျာနယ်လစ်မှ အထက်လွှတ်တော်အမတ်ဖြစ်လာသူ) နှင့် ရာမွန် “ဘွန်း” ရဗေးလား ဂျူနီယာ Ramón “Bong” Revilla Jr (ရုပ်ရှင်မင်းသားနှင့် ရုပ်မြင်သံကြား စီစဉ်တင်ဆက်သူမှ အထက်လွှတ်တော် အမတ်ဖြစ်လာသူ) တို့ကို တွေ့ရမည် ဖြစ်သည်။ ယခုအခါ အသက် ၅၀ အရွယ်ရှိပြီ ဖြစ်သော ကင်မ် အာတီးဇာအတွက် အပြောင်းအလဲက အထက်ပါ ပုဂ္ဂိုလ်များ နှင့် ဆန့်ကျင်ဖက် ဖြစ်သည်။ သူက နိုင်ငံရေး သမားတယောက်အဖြစ်မှ ရုပ်သံတင်ဆက်သူ ဖြစ်လာခြင်းဖြစ်သည်။ သို့သော်လည်း သူ ပိုမို ပျော်ရွှင်ခဲ့ရသည်။

ကင်မ် အာတီးဇာက သူသည် စစ်မှန်သော ရုပ်သံတင်ဆက်သူတဦး ဘဝနှင့် အလွန်တရာကိုက်ညီသူ တဦးဖြစ်ကြောင်း အောင်မြင်စွာ ပြသနိုင်ခဲ့သည်။ အပတ်စဉ် ရုပ်သံ အစီအစဉ်ဆု ရရှိခဲ့ပြီး တနင်္ဂနွေနေ့ မနက်ပိုင်းတွင် တင်ဆက်လေ့ရှိသည့် သူ၏ Matanglawin (လင်းယုန်မျက်လုံး) အမည်ရှိ အစီအစဉ်ကို ၉ နှစ်ကြာ ပြသခဲ့ရသည်။

သူ၏ ပုံရိပ် အမှတ်တံဆိပ်ကို ဂိမ်းများနှင့် အပလီကေးရှင်းများ အပါအဝင် အွန်လိုင်းဈေးကွက်တွင် တိုးချဲ့နိုင်ရန် ကင်မ် အာတီးဇာက ကြိုးစားနေသည်။

ဘာသာစကား ၂ မျိုးတတ်ပြီး ဆန်းဆန်းပြားပြား နေထိုင်ဝတ်စားတတ်သူ တယောက်မဟုတ်သည့် ကင်မ် အာတီးဇာက ခါးမှာ တပ်ပြီးလှည့်ရသည့် ကြိမ်ကွင်းနှင့် ကစားနေချိန်တွင် ဖြစ်စေ၊ သူ၏ နှလုံးကို ခွဲစိတ်မှုခံယူရင်း သတင်းတင်ဆက် နေသည့် အချိန်တွင် ဖြစ်စေ၊ သူ၏ စကူတာ ဆိုင်ကယ်လေးကို အရှိန်ပြင်းပြင်းနှင့် လျှောက်မောင်းနေသည့် အချိန်တွင် ဖြစ်စေ၊ မိသားစုနှင့် အပြင်ထွက်လည်သည့် အချိန်တွင် ဖြစ်စေ သူလုပ်နေသည့် ကိစ္စကို အမှန်တကယ် ခုံခုံမင်မင် လုပ်တတ်သူ တယောက် ဖြစ်သည်။

သူ၏ လူမှုကွန်ရက် စာမျက်နှာများ ဖြစ်သည့် Instagram တွင် follower ၄၁၆၀၀၀ နှင့် Twitter တွင် follower ၃.၉ သန်း ရှိပြီး သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသော ဖိလစ်ပိုင် လူမျိုးအများအပြား ရှိသည်။

ကင်မ် အာတီးဇာက အမေရိကန်နိုင်ငံမှ Wharton တက္ကသိုလ်ကျောင်းထွက် ဘဏ်လုပ်ငန်းရှင်ဟောင်း တယောက်ဖြစ်သည့် Felicia “Fely” Hung Atienza နှင့် လက်ထပ်ခဲ့ပြီး သူတို့စုံတွဲက မနီလာမြို့ဟောင်းမှ အရိပ်အာဝါသကောင်းသည့် ရပ်ကွက်တခုတွင် ကလေး ၃ ယောက်နှင့် အတူ နေထိုင်ကြသည်။

သူတို့အိမ်က နာမည်ကျော်များကို ဆွဲဆောင်နိုင်သည့် နေရာတခု ဖြစ်သည်။ ရုပ်ရှင်မင်းသမီး Anne Curtis-Smith မှသည် အဆိုကျော် Isabelle Daza နှင့် ရုပ်သံ သတင်းကြေညာသူ Karen Davila တို့ အထိ ဖိလစ်ပိုင်နိုင်ငံတွင် လူသိများ ကျော် ကြားသူများ လာရောက်တတ်သည့် နေရာလည်း ဖြစ်သည်။

၂၀ ရာစု အလယ်ပိုင်းလက်ရာ ခမ်းနားသော ပရိဘောဂများနှင့် ခေတ်ပြိုင် အနုပညာလက်ရာများကြားတွင် Dr.Doolittle (မင်းသား Eddie Murphy သရုပ်ဆောင်ခဲ့သည်) ဇာတ်ကားထဲက ဗရုတ်သုတ်ခ ပြကွက်တခုလိုပင် လိပ်များ၊ အကောင် ၄၀ ခန့်ရှိသည့် ခွေးများ၊ မရေတွက်နိုင်အောင်များသည့် တေးဆိုငှက်များ၊ စပါးအုံး မြွေများ၊ ဖွတ်ပုတက်များနှင့် မြွေများ အမြောက်အများ ရှိနေသည့် အတွက် သူ့အိမ်တွင်းတွင် ထိုင်သည် ဖြစ်စေ၊ ရပ်သည် ဖြစ်စေ၊ လမ်းလျှောက်သည် ဖြစ်စေ အလွန် သတိကြီးစွာ ထားရန်တော့ လိုအပ်ပါလိမ့်မည်။

“ကျနော့် စီစဉ်တင်ဆက်မှုရဲ့ ဦးတည်ချက်က တဖြောင့်ထဲပဲ။ ကလေးတွေကို ပညာပေးနေတဲ့ အချိန်မှာ ကျနော် က ရယ်စရာ ဖြစ်နေရမယ်။ ကျနော်လုပ်သမျှကို မှတ်သားနေတဲ့ ပရိသတ် အနည်းဆုံး တယောက်တော့ အမြဲရှိမယ်။ မှတ် သားရမှာက အသိပညာပဲ။ ကျနော် မိုးလေဝသသတင်း ကြေညာနေတာ ဖြစ်စေ၊ သစ်ကုလားအုတ် တကောင်နဲ့အတူ သစ် ရွက်တွေကို ဝါးစားနေတဲ့ အချိန်မှာ ဒါမှမဟုတ် မြွေတကောင်နဲ့ လုံးထွေးနေတဲ့ အချိန်မှာ ဖြစ်စေ ကျနော့်ရဲ့ ပရိသတ် တွေကို အမြဲတမ်း အလေးပေးတယ်။ အိမ်မှာ ရှိတဲ့ ကလေးအားလုံးကိုလဲ ဖျော်ဖြေဖို့ ကျနော်ကြိုးစားတယ်။ အရေးအကြီး ဆုံးကတော့ အသိပညာ ရဖို့ပဲ။”

နားလည်သဘောပေါက်မှုကို မြှင့်တင်ရန်နှင့် မှတ်မိလွယ်သော ပုံရိပ်များ စိတ်ကူးစိတ်သန်းများ လိုအပ်ကြောင်း ကင်မ် အာတီးဇာက နားလည်ထားသည်။ “သိပ္ပံဆိုင်ရာ သီအိုရီတွေကို ရှင်းပြဖို့အတွက် ရယ်စရာ အခြေအနေတွေနဲ့ ဟာသတွေကို ကျနော် သုံးခဲ့ရတယ်။ ဥပမာ ညစ်ပတ်နေတဲ့ Pasig မြစ်(မနီလာ မြို့လယ်ကို ဖြတ်စီးသွားသောမြစ်)ထဲမှာ ၁ ကီလိုမီတာလောက် ရေကူးရင်းနဲ့ မျောပါနေတဲ့ ပလပ်စတစ်တွေ၊ သုံးပြီးသား ကလေးသေးခံတွေနဲ့ တိရိစ္ဆာန် အသေတွေကို ပြပြီး ဒီမြစ်က ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာ ရှင်းပြခဲ့ရတယ်။ တကယ် အောင်မြင်ခဲ့တဲ့ အစီအစဉ်ပါ။ ဒါပေမယ့် ကျနော့် အတွက်ကတော့ ပျော်စရာ မကောင်းလှပါဘူး။ ကျနော်ရော ကျနော်နဲ့ အတူ ရေကူးခဲ့တဲ့ ကျနော့် ကင်မရာသမားရော နောက်ပိုင်းမှာ ဆိုးဆိုးဝါးဝါး နေမကောင်း ဖြစ်ခဲ့ကြလို့ပါ။”

နှလုံးတွင် အပေါက်တခုရှိသော ကင်မ် လွန်ခဲ့သော ၇ နှစ်က လေဖြတ်ခဲ့သည်။ ထိုဝေဒနာကြောင့် သူ၏ ဘဝနေထိုင်မှု ပုံစံကို အပြောင်းအလဲများ ပြင်းပြင်းထန်ထန် လုပ်ခဲ့ရသည်။ သို့သော်လည်း လေဖြတ်ပြီး နောက်ပိုင်း နှစ်များအတွင်း မာရသွန်ပြိုင်ပွဲ (၄၂ ကီလိုမီတာ) ၇ ကြိမ် ဝင်နိုင်ခဲ့သည်။ triathlon ခေါ် အမျိုးသား ၃ မျိုးစုံ (ရေကူး၊ စက်ဘီးစီးနှင့် အပြေး) ပြိုင်ပွဲကို အပြည့် ၁ ကြိမ်၊ တဝက် ၇ ကြိမ် ဝင်ရောက်နိုင်ခဲ့သည်။ ၃ မျိုးစုံပြိုင်ပွဲ အပြည့်တွင် ၃.၈ ကီလိုမီတာ ရေကူး၊ စက်ဘီးစီး ၁၈၀.၂၅ ကီလိုမီတာနှင့် အပြေး ၄၂ ကီလိုမီတာ ပါဝင်ပါသည်။ စိတ်ဝင်စားဖွယ်မှာ barong (ဖိလစ်ပိုင်ရိုးရာ အမျိုးသားဝတ် အကျႌ) မှ ဆာဖာရီ ဦးထုပ်သို့ ထိုမှတဆင့် စက်ဘီးစီး အားကစားဝတ်စုံများသို့ သူ၏ ပုံစံ အပြောင်းအလဲတိုင်းက သူနှင့် ပရိသတ်များကြားမှ ဆက်သွယ်မှုကို ပိုမို ခိုင်မာစေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူ၏ ဝါသနာများ ဖြစ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တိရိစ္ဆာန် အခွင့်အရေးနှင့် ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့က ယနေ့ကမ္ဘာတွင် ခေတ်စား ပျံ့နှံ့နေသော ဘဝနေထိုင်မှုပုံစံ နှင့် အလွန်ပင် အံဝင်ခွင်ကျ ဖြစ်ခြင်းကြောင့် သူ့ပုံရိပ် အမှတ်တံဆိပ် တန်ဖိုးကို ပြန်လည်သစ်လွင်စေခဲ့သည်။ အသက်အရွယ်အရလည်း ကင်မ် က ပိုမိုအေးဆေးတည်ငြိမ်လာပြီး နှစ်လိုဖွယ် ပိုကောင်းလာသည်။ ဖိလစ်ပိုင်နိုင်ငံမှ သက်လတ်ပိုင်းအရွယ် ထင်ရှားသူ အများစုကတော့ သူ့လို မဟုတ်ကြပါ။

သူ နောက်ဆုံးကြိုးစားနေသည်မှာ ဖိလစ်ပိုင်နိုင်ငံ၏ IT နှင့် software နည်းပညာပိုင်းကို မြှင့်တင်ပေးနိုင်ရန် ဖြစ်သည်။ Raymond Racaza (စတော့အိတ်ချိန်းတွင် စာရင်းသွင်းသည့် ဖိလစ်ပိုင် နိုင်ငံ၏ ပထမဆုံးသော IT ကုမ္ပဏီဖြစ်သည့် Xurpass ၏ လုပ်ငန်း အရာရှိချုပ်) နှင့် အခြားသော ထင်ရှားကျော်ကြားသူများအတူ ပူးပေါင်း၍ Xeleb အမည်ရှိ ကုမ္ပဏီ အသစ်တခုကို ထူထောင်ခဲ့သည်။ ထင်ရှားကျော်ကြားသူများ ပါဝင်သည့် ဂိမ်းအပလီလေးရှင်းများ ထုတ်လုပ်ရန် ဦးတည်သော နည်းပညာကုမ္ပဏီ ဖြစ်ပြီး Xurpass ၏ ကုမ္ပဏီ ခွဲတခုလည်း ဖြစ်ပါသည်။

နောက်ဆုံးတွင် သူတို့၏ ထုတ်ကုန်များကို အရှေ့တောင် အာရှတလွှားတွင် ဖြန့်ချိနိုင်ရန်လည်း သူတို့ မျှော်လင့် နေကြသည်။ ထိုသို့ ဖြစ်လာရန်မှာ အတော်ပင် အလှမ်းကျယ်သော မျှော်လင့်ချက်တခု ဖြစ်ပါသည်။ သို့သော်လည်း ငြီးငွေ့ ဖွယ်ရာ အချက်အလက်များကို ရွှေဖြစ်အောင် (လူစိတ်ဝင်စားအောင်) ပြောင်းလဲနိုင်ခဲ့သည့် အကိုကြီးကင်မ်၏ အရည် အချင်းကြောင့် အောင်မြင်ခဲ့လျှင်လည်း ကျနော် အံ့သြနေလိမ့်မည် မဟုတ်ပါ။

(ကာရင်မ်ရက်စလန်သည် အရှေ့တောင်စာရှရေးရာ အထူးပြုလေ့လာနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ သူ၏ ဆောင်းပါးများကို အရှေ့တောင်အာရှ ဒေသတွင်းနှင့် ဟောင်ကောင်ရှိ သတင်းစာများတွင် ဖော်ပြလျက် ရှိသည်။)

Your Thoughts …
Karim Raslan

Karim Raslan

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဘုံတလာရေတံခွန် မြင်ကွင်းများ

ချင်းပြည်နယ်၏ အံ့သြလှပ ဘုံတလာရေတံခွန်

၂၀၁၄ထုတ် Porsche Panamera Turbo

ပြိုင်ကားစစ်စစ်စီးချင်သူတွေအတွက် Porsche Panamera Turbo

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

14 hours ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate