• English
Wednesday, September 27, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

        ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

        တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

        တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

        ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

        ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

        အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

        အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

        ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

        ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

        တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

        တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

        အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

        အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

        အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

        အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

        စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

        စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ကုသိုလ်ဆက်

          ကုသိုလ်ဆက်

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          မြင်းရိုင်းစီးခြင်း

          မြင်းရိုင်းစီးခြင်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          ဒေါက်တာ အေးမောင်ရဲ့ နိုင်ငံရေး အတက်အကျများ

          by ထက်နိုင်ဇော်
          29 January 2018
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်၊ ရခိုင်အမျိုးသား ပါတီ (ANP) ဥက္ကဌ လုပ်ခဲ့သူ ဒေါက်တာအေးမောင် / Reuters

          အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်၊ ရခိုင်အမျိုးသား ပါတီ (ANP) ဥက္ကဌ လုပ်ခဲ့သူ ဒေါက်တာအေးမောင် / Reuters

          13.8k
          VIEWS
          Share on FacebookShare on Twitter

          နိုင်ငံတော်ကို ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှု၊ မတရားအသင်း ဆက်သွယ်မှုလို အမှုကြီးတွေနဲ့ အရေးယူခံရဖွယ် ရှိနေတဲ့ ရ ခိုင် နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ အေးမောင်ကို ပထမဆုံးအကြိမ် ရသေ့တောင်မြို့မှာ ရုံးထုတ် စစ်ဆေးလာပြီ ဖြစ်လို့ ရခိုင် အသိုင်းအဝိုင်းက စောင့်ကြည့်နေပါတယ်။

          အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်၊ အင်အားကြီး ရခိုင်အမျိုးသား ပါတီ (ANP) ဥက္ကဌ လုပ်ခဲ့သူ ဒေါက်တာအေး မောင်ကို တရားစွဲ အရေးယူနိုင်ဖို့ နေပြည်တော်က သမ္မတနဲ့ လွှတ်တော်ကပါ ခွင့်ပြုချက် ပေးထားပြီး ပြည်နယ် ဥပဒေချုပ်က ပုဒ်မ ကြီးတွေနဲ့ အရေးယူဖို့ တရားရုံးမှာ တင်ပြခဲ့ရင် ၎င်းကို အကြောင်းပြုပြီး ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး ထိခိုက်သွားနိုင်မလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။

          RelatedPosts

          တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

          တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

          27 September 2023
          858
          အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

          အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

          26 September 2023
          7k
          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          26 September 2023
          893

          ဒေါက်တာ အေးမောင်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စာပေဟောပြောပွဲတခုမှာ ၎င်းရဲ့ ပြောဆို ချက်တွေဟာ အစိုးရကို အကြည်ညိုပျက်စေတာ၊ ပုန်ကန်မှုကို အားပေးတာနဲ့ ရခိုင် တပ်မတော် (AA) ကို ထောက်ခံအားပေးတဲ့ ကိစ္စတွေ ပါတာတယ် အစိုးရက စွပ်စွဲပြီးနောက် စစ်တွေထောင်မှာ ထိန်းသိမ်းခံထားရတာပါ။

          ဒေါက်တာအေးမောင် ဘယ်သူလဲ

          နိုင်ငံရေး လောက မဟုတ်ဘဲ အစိုးရဝန်ထမ်းဘဝက လာလို့ ပါတီတွင်း ဝေဖန်ခံရလေ့ရှိတဲ့ ဒေါက်တာ အေးမောင်ဟာ တိ/မွေး/ကု လို့ အတိုတောက်ခေါ်တဲ့ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်ဘွဲ့ရ ဒေါက်တာတဦး ဖြစ်ပါတယ်။ အစိုးရ ဝန်ထမ်းဘဝမှာ ညွှန်မှူးအဆင့်လောက် အထိ တာဝန်ယူခဲ့ပြီးနောက် FAO မှာ နည်းပညာ အကြံပေးလုပ်ခဲ့ပါတယ်။

          ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီထောင်ဖို့ ပြင်နေတဲ့ ရခိုင်နိုင်ငံရေး အင်အားစုတွေနဲ့ စတင်ချိတ်ဆက်လာတဲ့ ဒေါက်တာ အေးမောင်ကို ခေတ်ပညာတတ်တဦးအဖြစ် ရခိုင်အသိုင်းအဝိုင်းက ခေါင်းဆောင်နေရာမှာ လက်ခံပြီး ပါတီ ဥက္ကဌနေရာကနေ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။

          ရသေ့တောင်ဇာတိဖြစ်ပေမယ့် မိန်းမရှိရာ စစ်တွေမြို့မှာ အနေများတဲ့ ဒေါက်တာ အေးမောင်ဟာ ၂၀၁၅ ရွေးကောက်ပွဲ အကြိုမှာတော့ သေနတ်တချက်မဖောက်ဘဲ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရာထူးနဲ့ လွှတ်တော်ကို အရယူမယ်လို့ ကြွေးကြော်ခဲ့သူပါ။ ပြည်နယ် ဝန်ကြီးချုပ် လုပ်ချင်တဲ့ ဒေါက်တာအေးမောင်ဟာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပေါက်တောမြို့နယ်ကနေ ပြိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

          ဒါပေမယ့် ပါတီရဲ့ မူအရ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဟာ ဒေသခံ ဖြစ်ရမယ်ဆိုတဲ့မူကို ဆန့်ကျင်တယ်ဆိုပြီး ပါတီရဲ့ ဒုတိယ ဥက္ကဌ ဦးခိုင်ပြည်စိုးက သူ့နေရာမှာ ဝင်ပြီး လျှောက်လွှာတင်လို့ နောက်ဆုတ်ပြီး မာန်အောင်ပြည်နယ် လွှတ်တော်မှာ သွားပြိုင်တဲ့အခါ ရွေးကောက်ပွဲမှာ NLD ကို ရှုံးနိမ့်သွားလို့ သူ့ရဲ ဝန်ကြီးချုပ် အိပ်မက်လည်း ပျက်သွားခဲ့ရပါတယ်။

          အဲဒီအချိန်ကစပြီး NLD အစိုးရကို အတိုက်အခံလုပ်ဖို့ ကြိုးစားလာတယ်လို့ ANP ပါတီ ခေါင်းဆောင် တချို့က ပြောပါတယ်။ ဒါပေမယ့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ လစ်လပ်နေတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာကို ပါတီ ဥက္ကဌဆိုတဲ့ ဂုဏ်သိက္ခာ အတွက် ပြန်အနိုင်ရအောင် အကုန်လုံးက ဝိုင်းဝန်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

          သူဟာ ရခိုင် မျိုးချစ် နိုင်ငံရေးသမားတယောက်အဖြစ် ကိုယ့်ကိုကိုယ် ဂုဏ်ဖော်ခဲ့ပြီး ရခိုင်ပြည်နယ်ကို သယံဇာတ ခွဲဝေခွင့်တွေ ရဖို့၊ ဖက်ဒရယ်စနစ်တွေ အလုပ်ဖြစ်ဖို့နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို တိုင်းရင်းသားတွေအတွက် အလှည့်ကျစနစ်နဲ့ သွားသင့် တယ်ဆိုတဲ့ သဘောထားတွေကြောင့် မီဒီယာတွေကတဆင့် ထင်ရှားခဲ့ပါတယ်။

          ပြီးတော့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ၆ ပွင့်ဆိုင်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်နဲ့ အစိုးရကြား ဆွေးနွေးမှုတွေမှာလည်း တိုင်းရင်းသားဘက်က ကိုယ်စားလှယ် ခေါင်းဆောင်တဦး အနေနဲ့ တက်ရောက်ခဲ့သူဖြစ်ပြီး အဲဒီလို ဆွေးနွေးပွဲတွေ ဖြစ်အောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်းကြားမှာ ဆက်သွယ်ပေးခဲ့ရသူတဦးလည်း ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

          ဒေါက်တာ အေးမောင်နဲ့ ANP ပါတီ ဆက်ဆံရေး

          ANP ပါတီကို ဦးဆောင်နေတဲ့ ဒေါက်တာ အေးမောင်ဟာ ဥက္ကဌနဲ့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်စာကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ရုတ်တရက် တင်ပြလိုက်တဲ့အခါ ပါတီဟာ ဘာတုန့်ပြန်ရမလဲ မသိအောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ၎င်းရဲ့ နုတ်ထွက်မှုကို ဆိုင်းငံ့ထားခဲ့ပါတယ်။

          သူ့ရဲ့ နုတ်ထွက်ရတဲ့ အကြောင်းပြချက်ကတော့ မတူညီတဲ့ နိုင်ငံရေးတခုကို အတူတူလုပ်ပြီးတော့ မရနိုင်တဲ့အကြောင်း၊ ပါတီထဲမှာ လည်း ဦးဆောင်မှုတွေ မလုပ်နိုင်တာ သူ့ရဲ့ အမှားတွေပါလို့ နုတ်ထွက်စာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

          “ANP ပါတီ အနေနဲ့ ပြည်သူတွေ လိုချင်တာကို မလုပ်ပေးနိုင်ဘူးလို့ ပြောတယ်။ သူလာရင် ပါတီက ပြန်လက်ခံဖို့ အဆင်သင့်ပဲ”လို့ ဒေါက်တာ အေးမောင်နဲ့ နီးစပ်သူ ဘူးသီးတောင်အမတ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

          ဧရာဝတီရဲ့ စုံစမ်းမှုတွေအရ ဒေါက်တာ အေးမောင်နုတ်ထွက်သွားရတာဟာ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင် နုတ်ထွက်သွားရတာနဲ့ ဆက်စပ်နေပါတယ်။ ဦးမင်းအောင်ဟာ ပြည်နယ်လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို မယူဘဲနဲ့ ရခိုင်တောင်ပိုင်းက မြို့နယ်တချို့ဖြစ်တဲ့ ဂွ၊ သံတွဲ၊ တောင်ကုတ် အပါအဝင် မြို့ ၅ ခုမှာ သိန်းပေါင်းများစွာ တန်ဖိုးရှိဈေးတွေ ဆောက်ခဲ့ဖို့ ကြိုးစားခဲ့ပါတယ်။

          ဥပဒေနဲ့ မညီတဲ့ အဲဒီကိစ္စကြောင့် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ ရခိုင် အစိုးရအဖွဲ့ဝင် အားလုံး နုတ်ထွက်ရအောင် စွပ်စွဲပြစ်တင်ဖို့ ပါတီ ကို ဒေါက်တာ အေးမောင် ညွှန်ကြားချက်ပေးတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အစိုးရတဖွဲ့လုံးကို စွပ်စွဲပြစ်တင်လို့ မရဘဲ တိုက်ရိုက်သက်ဆိုင်တဲ့ စည်ပင်ဝန်ကြီးတဦးတည်းကိုသာ အရေးယူနိုင်ကြောင်း ANP ပါတီက ပြည်နယ် လွှတ်တော် ဥက္ကဌ တာဝန်ယူ ထားတဲ့ ဦးစံလှကျော်က ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

          အဲဒါကို ပါတီက တခြား CEC တွေကလည်း သဘောတူကြတဲ့အခါ ပါတီ ဥက္ကဌ တယောက်အနေနဲ့ သူ့စကား မအောင်တာ၊ သူညွှန်ကြား ချက် မလိုက်နာမှတော့ ပါတီ ဥက္ကဌ ဖြစ်လည်း ဘာမှလုပ်မရတော့ဘူးဆိုပြီး စိတ်ခုသွားခဲ့ပါတယ်။ အဲဒီ အစည်းအဝေး အပြီးမှာတော့ နိုင်ငံရေး ရပ်တည်ချက်ခြင်း မတူဘူးဆိုပြီး ပါတီကို နုတ်ထွက်စာ တင်ခဲ့တာပါ။

          “သူပြောတာ မရတော့ သြဇာ မသက်ရောက်ဘူးဆိုပြီး ထွက်သွားတာ။ သူ စာမဖတ်ဘူး။ ပြဿနာတွေပဲ ရှာချင်နေတယ်”လို့ ဒေါက်တာ အေးမောင်ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ဦးဦးလှစောက ပြောပါတယ်။

          ပါတီကို ခေါင်းဆောင်နေတဲ့ ကာလမှာလည်း ပါတီကို မတည်ဆောက်ဘဲ ကိုယ့်ကိုကိုယ် တည်ဆောက်သွားခဲ့ပြီး အစုအဖွဲ့နဲ့ အလုပ် မလုပ်တတ်တာ၊ တဦးတည်းသီးသန့် နေတတ်တာမျိုးတွေက ပါတီ ဥက္ကဌရာထူးနဲ့ မကိုက်ညီဘူးလို့ ပါတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဦးလှစောက ဆိုပါတယ်။

          ဒါပေမယ့် ဒေါက်တာ အေးမောင် ပါတီက နုတ်ထွက်တဲ့အခါ ANP ပါတီ အားကောင်းတဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရန်ကုန်တိုင်းက မြို့နယ်ရုံး ၂၂ ခုကို သဘောထား ကောက်ခံတဲ့အခါ ၁၇ မြို့နယ်က ဒေါက်တာ အေးမောင်ကို ပါတီက မထုတ်ပယ်ဖို့ သဘောထားပေး ကြပြီး ကျန်တဲ့ ၅ မြို့နယ်ကတော့ သူထွက်တာကို သဘောတူကြတယ်လို့ သိရပါတယ်။

          “အန်တီတို့ကလည်း ဒေါက်တာ အေးမောင် ပြန်လာဖို့ ဥက္ကဌနေရာကို ခေတ္တခန ဒီတိုင်းပဲ ထားမယ်။ တကယ်လို့ ပြဿနာ တစုံတခု ဖြစ် တယ်။ ဘယ်ကိစ္စမဆို အရေးပေါ်ဖြစ်ရင် ဆွေးနွေးဖို့ ရှိတယ်ဆိုရင် ဥက္ကဌအဖွဲ့နဲ့ အတွင်းရေးမှူး အဖွဲ့က တာဝန်ယူပြီးတော့ ဆုံးဖြတ် ရမယ်ဆိုပြီး လုပ်ထားတယ်”လို့ ပါတီခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်ခင်စောဝေက ဆိုပါတယ်။

          ဒါပေမယ့် ဒီဇင်ဘာလ ၇ ရက်မှာတော့ ပါတီ ဥက္ကဌရဲ့ လုပ်ပိုင်ခွင့်တွေကို ရပ်စဲထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကို စာပို့ထားပြီး ဒေါက်တာ အေးမောင်တာဝန်ယူထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် အဖြစ် သူ့နေရာမှာ ဦးဦးလှစောနဲ့ ပါတီက အစားထိုးလိုက်တယ်လို့ သိရပါတယ်။

          ဒေါက်တာ အေးမောင်နဲ့ ပတ်သက်ပြီး နောက်ကိစ္စတခုကတော့ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ဘီလီယံ ၄၀ ပိုနေတာကို ပြည် နယ် အစိုးရအဖွဲ့ဟာ ပြည်ထောင်စု အစိုးရကို ပြန်မအပ်သလို ပြည်နယ် လွှတ်တော်ရဲ့ ခွင့်ပြုချက်လည်း မပါဘဲနဲ့ မြို့နယ် ၁၇ ခုကို အ ညီအမျှ ခွဲဝေပေးခဲ့ပါတယ်။ အဲဒီကိစ္စဟာ ဥပဒေနဲ့ မညီဘူးလို့ ဒေါက်တာ အေးမောင်က မေးခွန်းထုတ်တဲ့အခါ ပါတီတွင်း သဘောထား ကွဲလွဲမှုတွေ ရှိလာပါတယ်။

          ဒေသဖွံ့ဖြိုးရေးအတွက် ခွဲဝေပေးတာဟာ ကောင်းတဲ့ကိစ္စဖြစ်လို့ ANP ပါတီက အမတ်တချို့က ထောက်ခံကြသလို တချို့တွေကလည်း ဒေါက်တာ အေးမောင်ဘက်က ပါကြပါတယ်။ အဲဒီကိစ္စကို မေးခွန်းအဖြစ် ပြည်သူ့လွှတ်တော်မှာ မေးထားပြီး ပြန်မဖြေနိုင်သေးခင်မှာ ဒေါက်တာ အေးမောင်ကို အကွက်ဆင်ဖမ်းလိုက်တယ်လို့ ANP ဘူးသီးတောင်အမတ် ဦးအောင်သောင်းရွှေက ယုံကြည်နေပါတယ်။

          “ဒေါက်တာ အေးမောင်ပြောတာက ဒီငွေတွေကို အစိုးရမှာ ပေးပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တယ်။ လွှတ် တော်ကို ဖြတ်ရမယ်။ ဖြတ်ပြီးမှ လုပ်ပါ။ အခု ဖြစ်တဲ့ကိစ္စဟာ ဒီကိစ္စနဲ့ ဆက်နွယ်တယ်လို့ ယုံကြည်တယ်။ သူ့မေးခွန်းကြောင့် အစိုးရက ဒေါက်တာ အေးမောင်ကို ဖမ်းတာပဲ။ သူတို့ဟာ သူတို့ ဆုံးဖြတ်လိုက်တဲ့သဘော။ ဒေါက်တာအေးမောင်သာ ဒီမေးခွန်းကို လွှတ်တော်မှာ မေးလို့ရှိရင် ပွဲကြီးပွဲကောင်းတွေ ဖြစ်နေပြီ”လို့ သူက ဆိုပါတယ်။

          ဒေါက်တာ အေးမောင်နဲ့ အမြင်မတူတဲ့ အခြား ANP ထိပ်ပိုင်း ခေါင်းဆောင်တဦးကတော့ ပါတီကို ဦးမဆောင်ချင်လို့ ထွက်သွားတဲ့သူကို လိုက်ခေါ်၊ စောင့်ခေါ်နေလို့ ပြန်လာမှာ မဟုတ်တာကြောင့် လာမယ့် ပါတီ ညီလာခံကြီးမှာ အများဆန္ဒနဲ့ ဥက္ကဌတဦးကို ရွေးချယ်ပြီးရင် ပါတီ အားကောင်းရေး ဆက်လုပ်သွားရမှာလို့ ပြောပါတယ်။

          “သူ(ဒေါက်တာ အေးမောင်) မရှိရင် ကျနော်တို့ ပါတီ အားနည်းသွားမယ်လို့ သူထင်နေတာ။ အဲဒါ မဟုတ်ဘူး။ ပါတီမှာ လုပ်နိုင်ကိုင်နိုင် အရည်အချင်းရှိသူတွေ အများကြီး ကျန်သေးတယ်။ ကျနော်တို့က အေးဆေးပဲ”လို့ ANP ခေါင်းဆောင်တဦးက ဆိုပါတယ်။

          ဒေါက်တာ အေးမောင်ဟာ ANP ပါတီကို ပြန်မဝင်ဘဲ သူ့ဘာသာ သပ်သပ်ခွဲ ထွက်မယ်ဆိုရင်တော့ နောက်ပါတီ တခု တည်ဆောက်ေ ရးမှာ တော်တော်ကို အချိန်ယူရမှာဖြစ်ကြောင်း၊ လက်ရှိ ANP ပါတီမှာတောင် ငွေရေး ကြေးရေး၊ လူအင်အား အခက်အခဲ၊ အတွေးအမြင် ဗဟုသုတ အားနည်းတွေ ရှိတာကြောင့် ဒီဟာတွေကို ကျော်ဖြတ်ဖို့ အတွက် တော်တော် အချိန်ယူရတယ်လို့ ANP ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်ခင်စောဝေက ပြောပါတယ်။

          “ဒေါက်တာ အေးမောင်မှာလည်း သူ့လူနဲ့သူ၊ ဒီဘက် ဦးဦးလှစောမှာလည်း သူ့လူနဲ့သူ ရှိလာပြီး ဟိုဘက်ဒီဘက် အားပြိုင်မှုတွေ များလာ တဲ့အခါ နောက်ဆုံး ပေါက်ထွက်လာတာပေါ့။ ဒါပေမယ့် ဆရာ စဉ်းစားဖို့ ကောင်းတာပါ နိုင်ငံရေးမှာ ပါတီတွင်း ဘယ်လောက်ပဲ တိုက်ခို က်မှုတွေ ရှိပစေ ဆရာဘက်မှာ လူအများကြီး ရှိတယ်ဆိုတာ သိထားဖို့ လိုတယ်။ ပြည်သူတွေလည်း သူ့နောက်မှာ ရှိတယ်”လို့ သူက ဆိုပါတယ်။

          ဒေါက်တာ အေးမောင်ကို ဖမ်းသင့်သလား

          ဒေါက်တာ အေးမောင်အဖမ်းခံရတာဟာ ANP ပါတီ ဥက္ကဌ မဟုတ်တော့လို့ ဖြစ်ပြီး ပါတီ ဥက္ကဌတယောက်အဖြစ် ဆက်ရှိနေသေးရင် အစိုးရက ဒီလောက်ထိ လုပ်ရဲမှာ မဟုတ်ဘူးလို့ ရခိုင် နိုင်ငံရေး ခေါင်းဆောင်တွေက ယုံကြည်ပါတယ်။

          စစ်တွေမြို့ခံ စာရေးဆရာ ဗဂျီကျော်က ဒေါက်တာအေးမောင် ရခိုင်နိုင်ငံရေးလောကမှာ မရှိဘူးဆိုရင် ရခိုင်အရေးကို တင်ပြတောင်းခံဖို့ အင်အားလျော့သွားတဲ့အတွက် ရခိုင်လူထု အားကိုးရာ ပုဂ္ဂိုလ်တယောက် လျော့သွားတယ်အတွက် အခုလို ဖမ်းတာကိုတော့ စိတ်မ ကောင်း ဖြစ်မိတယ်လို့ ဆိုပါတယ်။

          ၎င်းက“ဒေါက်တာအေးမောင်ဟာ နိုင်ငံတော်ကို သေနတ်ကိုင်ပြီး ပုန်ကန်နေလို့လား။ AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ ၁၇ (၁)နဲ့ စွဲတယ်လို့ ပြောတာကလည်း သူ့အိမ်ကို ရဲတွေ ဝင်ရှာတယ်။ အထောက်အထား ဘာမှ မတွေ့ရလို့ သိရတယ်။ သူဟာ နိုင်ငံရေး သမားတယောက် ဖြစ်တဲ့အတွက် အစိုးရ လိုအပ်ချက် ၊ အစိုးရအုပ်ချုပ်တွေကို ဖေဝန်တာပဲ ရှိတယ်”လို့ ပြောပါတယ်။

          ဒေါက်တာ အေးမောင်ဟာ လွှတ်တော်ထဲမှာ ရခိုင်ပြည်နယ်နဲ့ပတ်သတ်တဲ့ အကြောင်း အရာမှန်သမျကို ပွင်းပွင်းလင်လင်း သတ္တိရှိရှိ တင်ပြ တောင်းဆိုနိုင်တဲ့အတွက် အစိုးရကို အရှက်ရစေတာမျိုးတွေကြောင့် လွှတ်တော်ထဲကနေ ထုတ်ချင်လို့ အကွက်ဆင်ပြီး ဖမ်းတယ်လို့ ၎င်းက ယူဆပါတယ်။

          ANP ပါတီ၊ စစ်တွေမြို့နယ် အတွင်းရေးမှူးဟောင်း ဦးအောင်သန်းဝေကလည်း “အစိုး စွပ်စွဲချက်တွေက မှန်ကန်မှုမရှိဘူး။ သူဟောပြော ခဲ့တာက နိုင်ငံရေးအရ ဖြစ်နေတာတွေကို နိုင်ငံရေးအရ ဖြေရှင်းရမယ်၊ ဥပဒေဖြစ်တဲ့ ကိစ္စဆိုရင် ဥပဒေအရ ဖြေရှင်းရမယ်၊ သမိုင်းအရ ဖြစ်တဲ့ကိစ္စ ဆိုရင်လည်း သမိုင်းအရပဲ ဖြေရှင်းရမယ် ဆိုပြီးတော့ ပြောခဲ့တာပဲ ရှိပါတယ်”လို့ ပြောပါတယ်။

          ဒေါက်တာအေးမောင်ဟာ နိုင်ငံရေးလောကကလာတာ မဟုတ်ဘဲ ဝန်ထမ်းအငြိမ်းစား ဘဝက လူဆိုပြီး ပါတီတွင်း ဝေဖန်တိုက်ခိုက်မှု တွေကိုလည်း လက်မခံနိုင်ကြောင်း၊ ပါတီထဲမှာ အကျိုးအမြတ်ကို ဦးတည်တဲ့အဖွဲ့နဲ့ အမျိုးသား အကျိုးစီးပွားကို ဦးတည်တဲ့ လူတွေကြား ပြဿနာဖြစ်လို့ အခုလို နုတ်ထွက်သွားရတာလို့ သူက ယုံကြည်ပါတယ်။

          “ဒေါက်တာအေးမောင် ပြည်သူကို ချပြထားတဲ့ လမ်းကြောင်း ပျောက်ခဲ့ရတယ်။ ဒါကြောင့် ဒီလူတွေနဲ့ ရှေ့ဆက်လို့ မရတော့တဲ့ အခြေ အနေကြောင့် သူနုတ်ထွက်သွားတာ။ သို့သော် သူဟာ နိုင်ငံရေးလောကကနေ ပင်စင်ယူတာ မဟုတ်ဘူး၊ ဝါဒချင်း၊ အမြင်ချင်းတူတဲ့ လူတွေနဲ့ ရခိုင်အမျိုးသား ဝါဒီပီပီ စွမ်းဆောင်မယ်ဆိုတာ သူရဲ့ နုတ်ထွက်စာမှာ တရားဝင် ဖော်ပြပြီးသား ဖြစ်ပါတယ်”လို့ ဦးအောင်သန်း ဝေက ပြောပါတယ်။

          ဒေါက်တာ အေးမောင်ကို ရုံးထုတ်တဲ့နေ့မှာ အစိုးရဲ့ စွဲချက်တွေအပေါ်မှာ မူတည်ပြီး သူပြန်လည် လွတ်မြောက်ရေး ဘယ်လို ဆက်လုပ်ရ မယ်၊ အစိုးရကို အနုနည်း၊ အကြမ်းနည်း ဘယ်နည်းတွေနဲ့ တုန့်ပြန်သွားမလဲဆိုတာ ရခိုင်ပြည်သူတွေကို အဖြေပေးရမှာလို့ ရခိုင် အမျိုးသား ပါတီ (ANP)က ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒေါ်ခင်စောဝေက ပြောပါတယ်။

          “အခုဆိုရင် ရခိုင်ပြည်သူတွေကလည်း မေးတယ်။ အန်တီတို့ ဘာဆက်လုပ်ကြမလဲ။ အရင်တုန်းကလို လက်ရှိ ဥက္ကဌတယောက်ဆိုရင် အန်တီတို့မှာ အရမ်းကြီးကို တာဝန်ရှိတယ်။ ဥက္ကဌတဦးလည်း ဖြစ်ခဲ့ဖူးတယ်။ ပါတီကလည်း မထုတ်ရသေးတာ ဖြစ်တဲ့အတွက် အန်တီ တို့မှာလည်း တာဝန်ရှိတယ်လို့ ခံစားရတယ်”လို့ ရသေ့တောင် အမတ်လည်း ဖြစ်သူ ဒေါ်ခင်စောဝေက ပြောပါတယ်။

          ဒေါက်တာ အေးမောင်ဟာ နိုင်ငံရေးစကား ပြောလို့ အဖမ်းခံရတာ ဖြစ်ပြီး နိုင်ငံရေးသမားလုပ်ပြီး ဒီစကားမပြောရင် ဘယ်စကားပြောရ မလဲလို့ ဘူးသီးတောင်အမတ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

          “ဒေါက်တာအေးမောင်ကို ပုဒ်မတွေ အများကြီးတပ်တာဟာ အငြှိုးကြီးကြီးနဲ့ တမင်လုပ်တာပဲလို့ မြင်တယ်။ သူက ရခိုင်ပြည်သူလူထုရဲ့ အသည်းနှလုံးမှာပဲ။ ဥက္ကဌ တယောက်အနေနဲ့ လေးစားတယ်။ အားသာချက်က လူထုကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်တယ်။ တဖက်သားရဲ့ အားနည်းချက်တွေကိုလည်း ထောက်ပြနိုင်တယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို အကြံပေးနိုင်တယ်”လို့ သူက ပြောပါတယ်။

          ANP ရဲ့ စဉ်းစားထားချက်ကတော့ ဒေါက်တာ အေးမောင်ရဲ့ ကိစ္စကို ဥပဒေနဲ့အညီ တုန့်ပြန်ဖို့ ဖြစ်ပြီး အမှုတွေ စွဲတင်လာခဲ့ရင် ရှေ့နေ တွေနဲ့ တိုင်ပင်တာတွေ လုပ်မယ်လို့ သိရပါတယ်။

          ဒေါက်တာအေးမောင်နဲ့ ရခိုင်ပြည်နယ် အရေး

          အခုလို ပြဿနာတွေ များစွာနဲ့ ရခိုင်ပြည်နယ်ဟာ အကြမ်းဖက် အန္တရာယ်၊ ဘင်္ဂလီ ဒုက္ခသည်များ ပြန်လည် လက်ခံရေးကိစ္စ၊ ကိုယ်ပိုင် လွတ်လပ်ခွင့်အတွက် တိုင်းရင်းသား အခွင့်အရေးတွေ ရဖို့ ရုန်းကန်နေရချိန်မှာ တဖက်က ဆင်းရဲမွဲတေမှု၊ ပညာအားနည်းမှုနဲ့ မျိုးချစ်စိတ် ပြင်းထန်မှုတွေကြောင့်လည်း ဒေသမှာ မတည်ငြိမ်မှုတွေ ဆက်တိုက် ဖြစ်နေရသလို အဲဒီကိစ္စတွေကို ဖြေရှင်းရမယ့် တိုင်းရင်းသား ခေါင်းဆောင်တွေကိုယ်တိုင် ညီညွှတ်မှု မရှိဘဲ ကွဲနေတာကြောင့် ရခိုင်လူထုက စိတ်ပျက်နေကြပါပြီ။

          အာဏာရပါတီ NLD က ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ANP ပါတီဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပြီး မပေါင်းနိုင်ရင် ဒီထက်ပိုဆိုတဲ့ ပြဿနာအခက်အခဲတွေနဲ့ပဲ ကြုံရနိုင်ကြောင်း၊ အစိုးရမှာလည်း စိန်ခေါ်မှုများစွာနဲ့ နိုင်ငံရေး ခရီးရောက်ဖို့ တော်တော် ကြိုးစားနေရကြောင်း သုံးသပ်ပါတယ်။

          “ခေါင်းဆောင်တွေ မှားရင် နောက်လိုက်တွေလည်း မှားမှာပဲ။ ရခိုင်တွေက လူမျိုးစွဲကြီးတယ်။ အဲဒီလူမျိုးစွဲက ဒီမိုကရေစီရေးနဲ့ သဟဇာတ မဖြစ်ဘူး။ ပဋိပက္ခပဲ ဖြစ်မယ်။ ဒီမိုကရေစီရေးကို မျိုးချစ်စိတ်တခုတည်းနဲ့ သွားလို့မရဘူး။ အမှန်တရားချစ်စိတ် တခုတည်း နဲ့ပဲ သွားရမှာ”လို့ ဦးမြင့်ဝေက ပြောပါတယ်။

          အခုတော့ အခြေအနေတွေအရ ရခိုင်ပြည်နယ်ဟာ ပိုပြီး တိုးတက်ဖို့ထက် လက်ရှိ အခြေအနေထက် ပိုမဆိုးသွားအောင် ရုန်းကန်နေရပြီး အန္တရာယ် ဒုက္ခတောထဲမရောက်အောင် မနည်းကြိုးစားနေရကြောင်း၊ NLD ဦးဆောင်တဲ့ခေတ်မှာ ရခိုင်ပြည်နယ်ကို ထောက်ပံ့ပေးမှုတွေ ဟာ အရင် အစိုးရအဆက်ဆက်ထက် ပိုနေတာကို ဘယ်သူမှ မငြင်းနိုင်ကြောင်းလည်း သူက ပြောပါတယ်။

          ဒေါက်တာ အေးမောင်ကို အရေးယူလိုက်တာဟာ ရခိုင် ပြည်သူလူထု အနေနဲ့ နိုင်ငံရေး၊ တိုင်းရင်းသား အရေးမှာ ရှေ့မတိုးနိုင်အောင် ကြောက်လန့်သွားအောင် ဟန့်တားလိုက်တဲ့သဘောဖြစ်ပြီး လူတိုင်း အစိုးရကို ဝေဖန်နေတဲ့ခေတ်မှာ အခုလို ပြဿနာ ကြုံရတာလို့ ရခိုင် အသိုင်းအဝိုင်းက ပြေပါတယ်။

          သို့သော် ဒေါက်တာ အေးမောင်ကို ဖမ်းပြရုံလောက်နဲ့ ရခိုင်တွေကို ဆုတ်ယုတ်သွားအောင် လုပ်လို့မရဘဲ ရခိုင်ပြည်နယ်မှာ ကိုယ်စားလှ ယ် အများဆုံး အနိုင်ရထားတဲ့ ပါတီတခု အနေနဲ့ ပါတီကို ဒီထက်ပိုပြီး ကျစ်လစ်ခိုင်မာအောင် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

          အမျိုးသားရေး စိတ်ဓါတ်မြင့်မားတဲ့ မြောက်ပိုင်းတလျှောက်မှာတော့ ANP က အောင်ပွဲခံဦးမှာ ဖြစ်ပေးမယ့် သံတွဲ၊ တောင်ကုတ်၊ ဂွတို့လို နေရာတွေမှာတော့ မသေချာသေးလို့ မြောက်ပိုင်းထက် တောင်ပိုင်းကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားတဲ့အနေနဲ့ ANP ပါတီက လွှတ်တော် ဥက္ကဌ ဦးစံလှကျော် ဦးဆောင်ပြီး ၁၀ ရက်ခန့် တောင်ပိုင်းမြို့နယ်တွေကို ခရီးဆန့်ခဲ့တယ်လို့ သိရပါတယ်။

          “ဒါပေမယ့် ဖွဲ့စည်းပုံအရ ပြည်နယ် ဝန်ကြီးချုပ် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အနိုင်ရတဲ့ ပါတီကသာ ရခိုင်လူထုနဲ့ ရခိုင်ပါတီနဲ့ ပူးပေါင်းပြီး လုပ်မှ ရခိုင်ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အသိတရား ရခဲ့မယ်ဆိုရင် အန်တီတို့ ဝန်ကြီးချုပ် ဖြစ်မယ်”လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

          ဒေါက်တာအေးမောင် အဖမ်းခံရတဲ့ အကျိုးဆက်ဖြစ်တဲ့ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာ ရရှိခဲ့တဲ့ မြောက်ဦး နန်းတော်ရာကုန်း ဖြစ်စဉ်ကြောင့် တိုင်းရင်းသားတွေမှာ တော်တော်နာကျည်းတယ်လို့ ဖြစ်စဉ်အပြီး ရခိုင် ဝန်ကြီးချုပ် ဦးညီပုနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ စစ်တွေမြို့မှာ တွေ့ဆုံစဉ် ထုတ်ဖော်ခဲ့ကြပါတယ်။

          ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကိုယ်တိုင် စစ်အစိုးရခေတ်မှာ ဒီမိုကရေစီ လိုချင်လို့ ထောင်ချခံခဲ့ရဖူးတာကြောင့် အခုလည်း ရခိုင်တွေရဲ့ ပွဲကို ပိတ်ပင်လို့ ဒီလိုဖြစ်တာ ကိုယ်ချင်းစာဖို့ ကောင်းပါတယ်လို့ ရခိုင်တွေက ပြောတဲ့အခါ NLD က ဦးညီပုကလည်း သူမှားရင် တာဝန်ယူပြီး ထွက်သွားမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

          Your Thoughts …
          Tags: ANPဒေါက်တာအေးမောင်နိုင်ငံရေး အတက်အကျ
          ထက်နိုင်ဇော်

          ထက်နိုင်ဇော်

          ဧရာဝတီ

          Similar Picks:

          AA ဘယ်လက်မောင်းတံဆိပ်နှင့် ရင်ထိုး / အောင်ကျော်ထက် / ဧရာဝတီ

          ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

          by မောင်မောင်စိုး
          11 June 2020
          66.6k

          ၂၀၀၉ ခုနှစ်တွင် လူအင်အား ၃၀ ပင်မပြည့်သည့် AA တပ်ဖွဲ့သည် ၁၀ နှစ်အကြာတွင် အင်နှင့်အားနှင့် သူ၏အစွမ်းအစကို ထုတ်ပြလာသည်။

          ၂၀၁၉ ဇန်နဝါရီလ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်ချုပ်ထွန်းထွန်းညီ (အလယ်လူ) / ဧရာဝတီ

          စစ်တပ်က ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးသလား

          by ပေါ်ထွန်း
          8 January 2022
          12.8k

          ရခိုင်ပြည်နယ်တွင်း အများဆုံးနေထိုင်ကြသော လူမျိုးစုနှစ်စုအကြား ပြဿနာ ဖန်တီးပြီး သွေးခွဲမည်ကို AA ခေါင်းဆောင်များနှင့် ရခိုင်နိုင်ငံရေး အင်အားစုများက သတိကြီးစွာ စောင့်ကြည့် နေကြရသည်။

          စစ်ကောင်စီ၏ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဒုဝန်ကြီး လုပ်မည့် ဦးဇော်အေးမောင်  /  Zaw Aye Maung

          စစ်ကောင်စီတွင် ဦးဇော်အေးမောင်ပါဝင်ခြင်းမှာ ပါတီမူနှင့် ကွဲလွဲမှု မရှိဟု ANP ပြော

          by ဧရာဝတီ
          24 February 2021
          18.5k

          တပ်မတော် စီမံအုပ်ချုပ်ရေး ကောင်စီက ခန့်အပ်သည့် ရာထူးလက်ခံမည့် ကိစ္စနှင့်ပတ်သက်ပြီး ဦးဇော်အေး မောင်အနေဖြင့် ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှအား အသိပေး တင်ပြခဲ့ကြောင်းလည်း သိရသည်။

          ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရသည့် AA တပ်ဖွဲ့ဝင်တဦး / ဧရာဝတီ

          စစ်ကောင်စီကို ရခိုင်တန်ပြန်စစ်ဆင်မှုနှင့် လားရာ

          by ကျော်ဆန်းလှိုင်
          15 October 2022
          8.3k

          ရခိုင်ပြည်နယ် လက်နက်ကိုင်နိုင်ငံရေး၏ ဖြစ်ထွန်းမှုများက နိုင်ငံ၏ အခြားဒေသများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် သိသိသာသာ ကွဲပြားနေသည်။

          ANP ပါတီမှ နုတ်ထွက်စာတင်ထားသည် ဆိုသော ပါတီခေါင်းဆောင် ဦးဖေသန်း / ဧရာဝတီ

          ရခိုင် နိုင်ငံရေးသမား ဦးဖေသန်း ANP ပါတီမှ နုတ်ထွက်စာတင်ထား

          by ဧရာဝတီ
          20 August 2021
          23.7k

          ရခိုင်အမျိုးသားပါတီ (ANP ) ပါတီသည် အာဏာသိမ်း စစ်ကောင်စီကို အစောဆုံးထောက်ခံကာ ပူးပေါင်း ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သည့် ပါတီဖြစ်သည်၊ ထို့အပြင် ပါတီခေါင်းဆောင်များဖြစ်သည့် ဒေါ်အေးနုစိန်နှင့် ရန်ကုန် တိုင်း ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးဇော်အေးမောင်တို့ကို...

          ရခိုင်ပြည်နယ် စစ်ဆင်ရေးတွင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ အသုံးပြု၍ စစ်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာသယ်ယူပို့ဆောင်ခြင်းများကို တွေ့ရသည် / ဧရာဝတီ

          ရခိုင်စစ်ပွဲနှင့် သူ၏ ဇာတ်ကောင်များ (အပိုင်း ၆ )

          by မောင်မောင်စိုး
          20 June 2020
          34.9k

          ရခိုင်ပြည်နယ်သည် တပ်မတော်(ကြည်း)၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) နယ်မြေအတွင်းတွင် ရှိသည်။

          Next Post
          ဘယ်ရောက်ခဲ့သလဲ မောင်ရေခဲ

          ဘယ်ရောက်ခဲ့သလဲ မောင်ရေခဲ

          ဥပဒေ အကျိုးဆောင်ကနေ ငန်းရိုင်းတို့ သခင် ဖြစ်လာသူ ဂျေဆင်လီဗီယန်

          ဥပဒေ အကျိုးဆောင်ကနေ ငန်းရိုင်းတို့ သခင် ဖြစ်လာသူ ဂျေဆင်လီဗီယန်

          No Result
          View All Result

          Recommended

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          2 days ago
          14k
          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          6 days ago
          9.2k

          Most Read

          • အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

            အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

            shares
            Share 0 Tweet 0
          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

            shares
            Share 0 Tweet 0
          • စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            shares
            Share 0 Tweet 0
          • ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved