• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အန္ထရာယ်ကြားက ကုန်ကားမောင်းသမားများ

by ဧရာဝတီ
23 October 2023
in ဆောင်းပါး
A A
အန္ထရာယ်ကြားက ကုန်ကားမောင်းသမားများ

အာရှအဝေးပြေးလမ်းကြောင်း၏ AH1 အပိုင်းသည် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်သည် / STR / AFP

3.3k
VIEWS
Share on FacebookShare on Twitter

ထိုင်းသစ်သီးနှင့် ပရိဘောဂများ တင်ဆောင်ထားသည့် ကုန်တင်ယာဉ် နံဘေးတွင် ရပ်နေပြီး ထရပ်ကားသမား ကိုချိုသည် ရန်ကုန်သို့ သွားရန် အားတင်းနေသည်။ ထိုသို့ သွားရောက်ရာတွင် လာဘ်ထိုးရခြင်း၊ မြေပြိုမှုများကို ရှောင်ကွင်းရခြင်းနှင့် ပြည်တွင်းစစ် ဖြစ်ပွားနေခြင်းကို ရှောင်ရှားရခြင်းတို့ ပါဝင်သည်။

ရန်ကုန် စီးပွားရေးမြို့တော်သည် မိုင် ၂၅၀ မျှသာ ဝေးသော်လည်း ထိုင်းနယ်စပ် မြဝတီမှ အသွားအပြန် ခရီးသည် စစ်ဆေးရေးစခန်းများကို တဖြည်းဖြည်း ဖြတ်သန်းရခြင်းနှင့် စစ်တပ်နှင့် ၎င်း၏ မဟာမိတ်များသို့ ဆက်ကြေးပေးရခြင်းကြောင့် ၁၀ ရက်ကျော် ကြာနိုင်သည်။

မြန်မာနှင့် ၎င်း၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် ထိုင်းနိုင်ငံကို ဆက်စပ်ပေးသည့် အဓိက လမ်းကြောင်းသည် တိုကျိုမှ အစ္စတန်ဘူလ်အထိ လမ်းကွန်ရက်ဖန်တီးမည့် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု အာရှအဝေးပြေး လမ်းကြောင်း၏ အစိတ်အပိုင်း ဖြစ်သည်။

သို့သော် ထိုလမ်း၏ AH1 အပိုင်းသည် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ဆယ်စုနှစ်များစွာကြာပြီး မြန်မာဗိုလ်ချုပ်များ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် ကရင်ပြည်နယ်ကို ဖြတ်သန်းနေသည်။

လေကြောင်းတိုက်ခိုက်မှုများနှင့်အမြောက်ကြီးများဖြင့် ပစ်ခတ်မှုများသည် ထိုလမ်းအနီး ကျရောက်ပြီး အာဏာသိမ်းပြီးနောက် အသက်ကယ်စက်နှင့် ချိတ်ထားရသည့် စီးပွားရေး၏ အသက်သွေးကြောကို ထပ်မံပိတ်ဆို့သည်။

“ပစ်ခတ်သံတွေ အရမ်း နီးကပ်လာတာကြားရရင် ကျနော်တို့ ချက်ချင်းကားရပ်ပြီး ထရပ်ကားအောက်မှာ ပုန်းနေရတာ” ဟု အသက် ၄၃ နှစ်အရွယ် ထရပ်ကားသမား ကိုဇော် (အမည်လွှဲ) က ပြောသည်။

လုံခြုံမှုရှာရင်း ထရပ်ကား ငါးစီးပါသည့်အဖွဲ့နှင့်အတူ ခရီးသွားနေသည့် ကိုချို (အမည်လွှဲ) သည် စက်တင်ဘာလတွင် AFP က တွေ့ဆုံမေးမြန်းစဉ် ဓာတ်ငွေ့အရောင်းဆိုင်တွင် စောင့်ဆိုင်းနေသည်။

လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်ကြီးများဖြင့် ပစ်ခတ်မှုများသည် အာရှအဝေးပြေးလမ်းကြောင်းအနီး ကျရောက်လေ့ရှိသည် / STR / AFP

“တိုက်ပွဲဖြစ်နေရင် လမ်းပေါ်မှာ ရပ်စောင့်နေရတာ။ ဒီတပတ်ထဲ နှစ်ခါရှိပြီ” ဟု ၎င်းကပြောသည်။

ယာဉ်မောင်းများသည် ပြဿနာဖြစ်မည်ကို စိုးရိမ်သောကြောင့် မှတ်ပုံတင်ကတ်၊ လိုင်စင်၊ ငွေနှင့် ဖုန်းများကို အဆင်သင့်ထားရသည်ဟု ထိုလမ်းကြောင်းတွင် ပြေးဆွဲနေသည့် ထရပ်ကားပိုင်ရှင် ကိုအောင်ထူးက AFP သို့ ပြောသည်။

“ကျနော်တို့က ကျနော်တို့ထရပ်ကားတွေကို နောက်ပြန် လှည့်မရတော့ ရပ်ထားပြီး ထွက်ပြေးရတာ” ဟုလည်း ကိုအောင်ထူးက ပြောသည်။

တွေ့ရာလူ ပေးကမ်းနေရ

အဝေးပြေးလမ်းပေါ် ရောက်အောင် လုပ်ရခြင်းသည်ပင် ခက်ခဲသောကိစ္စ ဖြစ်သည်။

နယ်စပ် မြဝတီမြို့တွင် ထရပ်ကားပိုင်ရှင်များသည် ကုန်ပစ္စည်းများကို စစ်ဆေးသည့် ကုန်တင်ဇုန်သို့ အမြန်ဝင်ရောက်ရန်ပင် ကျပ်ငွေ ၁၂၀,၀၀၀ (၆၅ ဒေါ်လာ) ပေးရသည်ဟု ဦးအောင်ထူးက ပြောသည်။

“ငွေမပေးရင် ဇုန်ထဲဝင်ဖို့ တလကြာတယ်။ ကားအားလုံး ပေးနေရတာပဲ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီမဟာမိတ် နယ်ခြားစောင့်တပ်က အဓိကအားဖြင့် ထိန်းချုပ်ထားသည် မူးယစ်ဆေးနှင့် လူကုန်ကူးမှု အချက်အခြာဒေသ မြဝတီသည် မြန်မာစစ်တပ်နှင့် အတိုက်အခံများအကြား ပဋိပက္ခတွင် ကြားညပ်နေသည်။

ယာဉ်မောင်းများသည် ပြဿနာဖြစ်မည်ကို စိုးရိမ်သောကြောင့် မှတ်ပုံတင်ကတ်၊ လိုင်စင်၊ ငွေနှင့် ဖုန်းများကို အဆင်သင့်ထားရသည် / STR / AFP

စက်တင်ဘာလတွင် စစ်ကောင်စီဆန့်ကျင်ရေး တိုက်ခိုက်သူများသည် စစ်ကောင်စီအဆောက်အအုံ တခုကို ဗုံးချရန် ဒရုန်းများ အသုံးပြုပြီး အရာရှိ ငါးဦးသေဆုံးစေပြီး ရဲ ၁၁ ဦး ဒဏ်ရာရစေသည်။

ထရပ်ကားတစီး ဘေးကင်းစွာ လမ်းပေါ်ရောက်သောအခါ စစ်ကောင်စီနှင့် ၎င်းတို့ မဟာမိတ်များစောင့်ကြပ်သည့် စစ်ဆေးရေးစခန်းများက ထရပ်ကားတစီးလျှင် ရန်ကုန်သို့ တခါသွားတိုင်း ကျပ်ငွေ ၁ သိန်းခွဲ (၇၅ ဒေါ်လာ) တောင်းခံသည်ဟု ကိုအောင်ထူးက ပြောသည်။

မကြာခဏ မြေပြိုကျောက်ပြိုပြီး လမ်းကို ရက်ပေါင်းများစွာ ပိတ်သွားတတ်သည့် မြဝတီလမ်းသည် မုတ်သုံ တောင်တန်းများကို ကွေ့ဝိုက်ပြီး ဖြတ်သန်းနေသည်။

ခရီးသည်တင် ဘတ်စ်ကားများသည် မတ်စောက်သောတောင်များကို ခက်ခက်ခဲခဲတက်၊ ရေတိုက်စားထားသည့် လမ်းအကွေ့များတွင် ဒယိမ်းဒယိုင်သွားနေပြီး ၎င်းတို့၏ ကိုယ်ထည်များတွင် အင်္ဂလိပ်ဘာသာဖြင့် ယခုနှစ်အတွက် “အရေးအကြီးဆုံးလူ” (Man of the Year) သို့မဟုတ် “ဈေးဝယ်ကြမ်းသူ” (Shopaholic) ဟု ရေးထားသည်။

လမ်းအကွေ့တခုတွင် ၁၈ ဘီးတပ်ယာဉ်တစီး တိမ်းမှောက်နေပြီး ကယ်ဆယ်ရေးယာဉ်က ကူညီနေစဉ် ကားသမားများ စောင့်ဆိုင်းနေသည်။

နှစ်နာရီလျှင် တကြိမ်ခန့် စစ်ဆေးရေးစခန်းများကို ဖြတ်သန်းရကြောင်း ကိုဇော်က ပြောသည်။

မကြာခဏ မြေပြိုကျောက်ပြိုပြီး လမ်းကို ရက်ပေါင်းများစွာ ပိတ်သွားတတ်သည့် မြဝတီလမ်းသည် မုတ်သုံ တောင်တန်းများကို ကွေ့ဝိုက်ပြီး ဖြတ်သန်းနေသည် / STR / AFP

“လမ်းတလျှောက် လမ်းမှာ၊ တံတားတွေမှာ၊ လမ်းအသုံးပြုခ ကောက်ခံတဲ့ဂိတ်တွေမှာ၊ ကုန်သွယ်ရေးဇုန်တွေမှာ နေရာတိုင်းမှာ လူတိုင်းကို ပေးနေရတယ်” ဟု ၎င်းကပြောသည်။

ပေးရမည့် ငွေပမာဏကို ညှိနှိုင်းသည့်အခါ မင်းတို့ငွေမပါရင် လှည့်ပြန်လိုက်ဟု ကားသမားများ အပြောခံရသည်။

အသက်အတွက် စိုးရိမ်ပူပန်နေရ

တောင်ပေါ်မှ ဆင်းလိုက်လျှင် လမ်းသည် ကော့ကရိတ်မြို့အတွင်း ဝင်သွားသည်။ လွန်ခဲ့သောနှစ်က ထိုမြို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အဓိက တိုက်ခိုက်သည့် နေရာဖြစ်သော်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သောအခါ ပြန်လည် ဆုတ်ခွာရသည်။

လက်နက် အကြီးအကျယ် တပ်ဆင်ထားသည့် စစ်သားများကို သယ်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားများသည် လော်ရီကားကြီးများကြားတွင် ကွေ့ပတ်သွားလာနေပြီး ပြောက်ကျားဝတ်စုံဝတ် တိုက်ခိုက်ရေး ကင်းသမားများသည် ခြေလျင်သွားလာကာ သစ်တောများနောက်ခံတွင် မြင်ရုံမျှသာ မြင်ရသည်။

နာရီအတန်ကြာသောအခါ လွင်ပြင်များကို ဖြတ်သန်းပြီး ညောင်ခါးရှည်သို့ ရောက်လာသည်။ ထိုနေရာတွင် ဒါဇင်ပေါင်းများစွာသော ထရပ်ကားများသည် ရန်ကုန်မရောက်မီ နောက်ဆုံး အဓိက စစ်ဆေးခံယူရန် စောင့်ဆိုင်းနေကြသည်။

ထရပ်ကားတစီး ဘေးကင်းစွာ လမ်းပေါ်ရောက်သောအခါ စစ်ကောင်စီနှင့် ၎င်းတို့ မဟာမိတ်များစောင့်ကြပ်သည့် စစ်ဆေးရေးစခန်းများက ထရပ်ကားတစီးလျှင် ရန်ကုန်သို့ တခါသွားတိုင်း ကျပ်ငွေ ၁ သိန်းခွဲ ပေးရသည် / STR / AFP

ထိုနေရာတွင် နောက်ထပ် လာဘ်ငွေ ကျပ် တသိန်း မပေးလျှင် ပုံမှန်အားဖြင့် နေ့တဝက် စောင့်ရကြောင်း ကိုချိုက ပြောသည်။

ရန်ကုန်တွင် ကုန်ပစ္စည်းများကို သိုလှောင်ရုံများအတွက် ချထားပြီး ကားသမားများသည် မြဝတီသို့ ပြန်လည် ထွက်ခွာကြသည်။

ကားသမားများသည် ထိုခရီးစဉ်တခုအတွက် လုပ်အားခ ကျပ် ၂ သိန်းကျော် (ဒေါ်လာ ၁၀၀ ခန့်) နှင့် ခရီးစဉ်အတွင်း စားသောက်စားရိတ် ရရှိကြသည်။

“ကားပိုင်ရှင်က ကားသမားတွေ၊ ယာဉ်အကူတွေနဲ့ ကားအတွက် စိုးရိမ်ရသလို သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေ အတွက်လည်း စိုးရိမ်ရတယ်” ဟု ကိုဇော်က ပြောသည်။

“ကျနော်တို့ ကားသမားတွေလည်း ကိုယ့်အသက်အတွက်ကိုယ်စိုးရိမ်ရတယ်” ဟု ၎င်းကပြောသည်။

(AFP ပါ Myanmar truckers slog on as conflict clogs trade highway ကို ဘာသာပြန်သည်။)

You may also like these stories:

တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်း ရပ်သွား

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
478
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
5k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များ ထပ်တိုးသဖြင့် ကုန်သည်များ အခက်ကြုံ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိုးကျနေ

တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ

ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ကျပ်နှင့် ဘတ် တိုက်ရိုက် ငွေပေးချေမှု စစ်ကောင်စီ ခွင့်ပြု

Your Thoughts …
Tags: KNUကုန်သွယ်ရေးစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံထိုင်းဒရုန်းတိုက်ခိုက်မှုနယ်စပ်ကုန်သွယ်ရေးပြည်တွင်းစစ်မြဝတီလေကြောင်းတိုက်ခိုက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၅)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၅)

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အဂတိမှုဖြင့် စစ်ဆေးနေ

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အဂတိမှုဖြင့် စစ်ဆေးနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved