Entertainment

အမေဇုန် အမှုဆောင်အရာရှိချုပ်နဲ့ ဇနီးဖြစ်သူတို့ ကွာရှင်း

Want create site? Find Free WordPress Themes and plugins.

Amazon Company ရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်တဲ့ Jeff Bezos နဲ့ သူရဲ့ ဇနီးဖြစ်သူ MacKenzie တို့ရဲ့ ၂၅ နှစ်ကြာ အိမ်ထောင်ရေးဟာ ပြီးဆုံးခဲ့ပြီလို့ Jeff ကဆိုပါတယ်။

အမေဇုန်ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး ကမ္ဘာအကြွယ်ဝဆုံး ပုဂ္ဂိုလ်တွေထဲက တဦးဖြစ်တဲ့ Jeff က ဇန်နဝါရီလ ၉ ရက်နေ့မှာ သူနဲ့ သူ့ဇနီးတို့ ကွာရှင်းတော့မယ့် အကြောင်းကို သူ့ရဲ့ တွစ်တာစာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ အမေဇုန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း ကွာရှင်းမယ့်ကိစ္စ မှန်ကြောင်း အတည်ပြုထားပေးပါတယ်။

Jeff နဲ့ သူ့ရဲ့ ဇနီးတို့ဟာ ၁၉၉၃ ခုနှစ်မှာ လက်ထပ်ထားတာဖြစ်လို့ သူတို့ရဲ့ အိမ်ထောင်သက်ဟ ၂၅ နှစ်တောင် ရှိပါပြီ။ သူတို့နှစ်ဦးဟာ အလုပ်အတူတူ လုပ်ကိုင်ရင်း တွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံပြီး နောက်ပိုင်းမှာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းရှောပင်းကုမ္ပဏီကြီးကို အတူတူကြိုးစားပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ နှစ်ကုန်မှာ အမေဇုန်ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံ တန်ကြေးရှိနေပြီ ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ ဇနီးတို့ဟာ အိမ်ယာမဲ့နဲ့ ငွေကြေးချို့တဲ့တဲ့ ကလေးတွေအတွက် မူကြိုကျောင်းတကျောင်း ဖွင့်လှစ်ပေးဖို့ ဒေါ်လာ ၂ ဘီလီယံတန်တဲ့ ပရဟိတအဖွဲ့တခုကို ဖွဲ့စည်း လှူဒါန်းခဲ့ပါသေးတယ်။

ကွာရှင်းလိုက်ပေမယ့် သူတို့ နှစ်ဦးဟာ မိတ်ဆွေတွေအဖြစ် ဆက်ပြီး ရှိနေဦးမှာ ဖြစ်တယ်လို့ Jeff ရဲ့ တွစ်တာ စာမျက်နှာမှာ ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။

သားသမီး ၄ ယောက် ရရှိခဲ့တဲ့ သူတို့ အိမ်ထောင်ရေးဟာ ၂၅ နှစ်အကြာမှာ ကွာရှင်းလိုက်ပြီ ဖြစ်လို့ တချို့အရာတွေကို အစက ပြန်စရမှာတွေ ရှိတယ် ဆိုတာကိုလည်း ရေးသားထားပြီး စာရဲ့ အောက်ဆုံးမှာ Jeff&MacKenzie လို့ နာမည်ထိုးထားခဲ့ပါတယ်။

သူတို့နှစ်ဦး ကြိုးစားထားတဲ့ အမေဇုန်နဲ့ ပတ်သက်တဲ့ ငွေကြေးနဲ့ စတော့ရှယ်ယာ ကိစ္စတွေအတွက်တော့ သေချာရေရာတဲ့ အဖြေ မရှိသေးပေမယ့် Mackenzie အနေနဲ့ Jeff ကို အားလုံးလွှဲထားခဲ့ဖို့ ရှိနေတယ်လို့ သိရပါတယ်။ နယူးယောက်မြို့က ရှေ့နေတဦးဖြစ်တဲ့ Bernard Clair က ကွာရှင်းမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“သူတို့ နှစ်ယောက်ရဲ့ ကွာရှင်းမှုနဲ့ ပတ်သက်ပြီး သီးသန့်အချိန်တွေ သူတို့ယူဖို့ လိုသေးတယ်။ ညှိနှိုင်းစရာတွေလည်း အများကြီးရှိနေမှာပါ” လို့ သူက ဆက်ပြောပါတယ်။

CEO ဖြစ်တဲ့ Jeff ကတော့ အမေဇုန် ဖြစ်ပေါ်လာဖို့ သူ့ဇနီးရဲ့ အထောက်အပံ့ အကူအညီတွေ အများကြီးကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို အမျိုးသမီးမျိုးနဲ့ လမ်းခွဲရတာဟာ ကြီးမားတဲ့ စိန်ခေါ်မှုတရပ်လည်း ဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

Ref;bangkokpost

Did you find apk for android? You can find new Free Android Games and apps.
Loading