Entertainment

ထိုင်းမှာ ကျောင်းသွားတက်မယ့် သမီးအတွက် စိတ်ပူနေတဲ့ မင်းမော်ကွန်း

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် မင်းမော်ကွန်းက ထိုင်းနိုင်ငံမှာ ကျောင်းသွားတက်မယ့် သမီးဖြစ်သူ လေပြေသွေးကို တယောက်တည်းနေတဲ့အခါ ကျန်းမာရေးအတွက် စိတ်ပူမိတယ်လို့ ဆိုပါတယ်။

“အမေရိကားမှာ ကျောင်းသွားတက်ခိုင်းဖို့ကျတော့ အရမ်းဝေးပြီး တယောက်တည်း ဖြစ်နေမှာစိုးလို့ နီးနီးနားနားကို ရွေးလိုက်တာပေါ့။ သူပြန်လာချင်လည်း ပြန်လာလို့ရတယ်။ ကျနော်တို့ လိုက်သွားချင်လည်း လိုက်သွားလို့ရတယ်။ အဓိကကတော့ ကျန်းမာရေးပါပဲ။ မိဘအနားမှာ မရှိတဲ့အတွက် ကျန်းမာရေးကိုယ့်ဘာသာ ကိုယ်ဂရုစိုက်ရမယ်”

“သူများတိုင်းပြည်ဆိုတော့ သွားတာ၊ လာတာတွေတော့ စိတ်ပူတယ်။ ကျန်တာတော့ စိတ်မပူပါဘူး။ ကျောင်းပြီးသွားရင်လည်း အနုပညာလုပ်ခွင့် ပြုပါတယ်။ ကျောင်းသွားတက်တာကလည်း သူရွေးချယ်တဲ့ လမ်းကြောင်းမို့ ခွင့်ပြုတာပါပဲ”လို့ မင်းမော်ကွန်းက ပြောပါတယ်။

လက်ရှိ မင်းမော်ကွန်း သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးတွေ ရုံတင်ဖို့ ရှိနေပြီး ဒါနဲ့ပတ်သက်လို့ အခုလိုပဲ ပြောပါတယ်။

“ကျနော် ဇာတ်ကား ၃ ကားလုံး တိုက်တိုက်ဆိုင်ဆိုင် ရုံတင်တယ်ပေါ့။ စိုးရိမ်စိတ်တော့ မရှိပါဘူး။ ဇာတ်လမ်းပုံစံတွေ ပါဝင်တဲ့သူတွေ ပေးချင်တဲ့ Message တွေကတော့ မတူပါဘူး။ ဒီနှစ်ထဲမှာလည်း လက်ခံထားတဲ့ ကားလေးတွေ ရှိပါတယ်။ ကျနော် ကာရိုက်တာ အရမ်းထပ်ပြီးတော့ ပုံစံ မကွဲထွက်ရင်တော့ လက်မခံဖြစ်တာ များပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။

သမီးဖြစ်သူ လေပြေသွေးကတော့ ပညာသင်သွားတာ အဝေးကြီး အကြာကြီးသွားမျိုး မဟုတ်တော့ အနုပညာတွေလည်း ပြန်လာလုပ်လို့ ရမှာပါလို့ ဆိုပါတယ်။

“သမီး ဒီလ ၃၀ ရက်နေ့၊ ထိုင်းမှာ ကျောင်းသွားတက်တော့မှာပါ။ ၄ နှစ် သွားတက်မှာပါ။ နီးတော့ ပြန်လာရင်လည်း ခဏခဏ လာလို့ရတာပေါ့။ အဝေးကြီး အကြာကြီးသွားတာမျိုး မဟုတ်တော့ အနုပညာတွေလည်း ပြန်လာလုပ်လို့ရမှာပါ။ ပညာရေးကို လိုအပ်တာတွေ ရှိသလို လုပ်သွားမှာပါ။ ခဏလေး ကျောင်းသွားတက်မှာပါ။ ပြန်လာပါမယ်လို့ ပရိသတ်တွေကို ပြောချင်တယ်”

“အနုပညာတွေ ဆက်လုပ်ဖို့ကလည်း ကျောင်းပြီးသွားမှပဲ အခြေအနေ ကြည့်ရမှာပါ။ ဖေဖေ့ကားတွေ ရုံတင်ရင် တင်သလိုတော့ ကြည့်ဖြစ်ပါတယ်။ ဖေဖေ့ကားတွေ ကြည့်ရင်းနဲ့ ဖေဖေ့ဆီကနေ ပညာတွေတော့ သင်ယူနေရပါတယ်”လို့ မင်းမော်ကွန်းရဲ့ သမီး လေပြေသွေးက ပြောပါတယ်။

မင်းမော်ကွန်းက လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ သားသမီး ၃ ယောက် ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပြီး သမီး အလတ်ကတော့ လေပြေသွေးပါ။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ်လို့ နာမည်ပေးထားပါတယ်။

မကြာသေးမီက ထွက်ရှိခဲ့တဲ့ မင်းမော်ကွန်းရဲ့သီချင်း အသစ်မှာ မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေး ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။

You may also like these stories:

“ထာဝရထက် နှစ်ဆ”ရုပ်ရှင်က ကော်ပီမှန်း မသိခဲ့ဘူးလို့ မင်းမော်ကွန်း ပြော

ကားရိုက် မရှိတာကြောင့် ရုံတင်သမျှ ရုပ်ရှင်တွေ ကြည့်ဖြစ်တယ်လို့ မင်းမော်ကွန်း ပြော

ရိုက်ကူးရေးမရှိတဲ့အချိန် လုပ်ဖြစ်နေတဲ့အကြောင်းတွေ ပြောပြတဲ့ မင်းမော်ကွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading