တရုတ်နိုင်ငံဟာ တရုတ်ခရီးသွားတချို့ရဲ့ မဆင်မခြင်အပြုအမူတွေကြောင့် နိုင်ငံတကာမှာ အရှက်ရစရာ အဖြစ်အပျက်တွေကို ကြုံနေရတာတော့ အမှန်ပါပဲ။ ဒါပေမယ့် တရုတ်ခရီးသွားတွေဟာ ကမ္ဘာ့ ခရီးသွားဈေးကွက်မှာ ကြီးမားတဲ့ဈေးကွက်ကြီး တခုလည်း ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာကိုသွားရောက်ကြတဲ့ တရုတ်ခရီးသွားတွေ အများအပြား ရှိနေပါတယ်။
၂၀၁၉ ခုနှစ် ခရီးသွားဈေးကွက်မှာ တရုတ်ခရီးသွားဈေးကွက်က ၅၄ ရာခိုင်နှုန်း ၊ အမေရိကန်ခရီး သွားဈေးကွက်က ၂၄ ရာခိုင်နှုန်း နဲ့ ဥရောပခရီးသွားဈေးကွက်က ၁၃ ရာခိုင်နှုန်းရှိနေပါတယ်။
တရုတ်နိုင်ငံ နိုင်ငံခြားငွေလဲလှယ်ရဲ့ ဌာနရဲ့ အစီရင်ခံစာအရဆိုရင်တော့ ၂၀၁၉ ခုနှစ် ပထမ ၆ လပတ်အတွင်း နိုင်ငံတကာကို သွားရောက်ကြတဲ့ တရုတ်ခရီးသွားတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၂၇ ဒဿမ ၅ ဘီလီယံ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီပမာဏအတွင်းမှာ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဆိုင်ရာကိစ္စတွေလည်း ပါဝင်ပါတယ်။
ဒါကြောင့်လည်း တရုတ်လူမျိုးတွေ ခရီးထွက်နေကြတာက အပျော်အပါးသက်သက်အတွက်ကြောင့် မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ ကိစ္စတွေ လည်းပါဝင်တယ်ဆိုတာ တွေ့နိုင်ပါတယ်။
တရုတ်ခရီးသွားတွေကတော့ မိုဘိုင်းငွေပေးချေမှုစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတုန်း ပါပဲ။ ဒါကြောင့်လည်း ၂၀၁၈ ခုနှစ်ကထက်စာရင် မိုဘိုင်းငွေချေမှုစနစ်က ၂ ဆအထိမြင့်တက်လာခဲ့ ပါတယ်။ ဆင်ဟွာသတင်းဌာနကတော့ ပြည်ပထွက်ကြတဲ့ တရုတ်ခရီးသွားတွေ အများဆုံးလုပ်ဆောင်လေ့ရှိတာကတော့ဈေးဝယ်ထွက်တဲ့ကိစ္စပါပဲလို့ ဖော်ပြထားပါတယ်။ တရုတ်ခရီးသွားတွေရဲ့ ငွေကြေးအများစုကလည်း ဈေးဝယ်ထွက်တာနဲ့ ကုန်တာများတယ်လို့ ဆိုပါတယ်။
United Nations World Tourism Organization ကြီးကလည်း ၂၀၃၀ ခုနှစ်မှာ နိုင်ငံတကာခရီး သွားပေါင်းက ၁ ဒဿမ ၈ ဘီလီယံကျော်အထိရှိလာနိုင်ပြီး တရုတ်ခရီးသွားအရေအတွက်က အဓိကနေရာက ရှိနေမယ်လို့ ဆိုပါတယ်။ ခရီးသွားလုပ်ငန်းပိုပြီးဖွံ့ ဖြိုးလာဖို့ တရုတ်ခရီးသွားဈေး ကွက်က အဓိကဝန်ရိုးနေရာက ရှိနေပါလိမ့်မယ်။
Ref:Xinhuanet
You may also like these stories:
တရုတ်ခရီးသွား လာရောက်မှု ယမန်နှစ်ထက် ၂သိန်းနီးပါး တိုးလာ
ဇီးရိုးဘတ်ဂျက် ခရီးသွားသီးသန့် ရောင်းသည့် ကျောက်မျက်ဆိုင်များ လိုင်စင်မရှိက တိုင်ကြားနိုင်
တရုတ် ခရီးသွားများ လာရောက်မှုနှင့် ငွေကြေးသုံးစွဲမှုကို စောင့်ကြည့်မည်
တရုတ်ခရီးသွား ကျဆင်းသော်လည်း အိန္ဒိယခရီးသွား ထိုင်းသို့ ပိုမိုလာရောက်