အခု ပြောမှာကတော့ လူမှုယဉ်ကျေးမှုများထွန်းကားလာပြီး နောက်ပိုင်းလူတွေက နေထိုင်ဖို့ အဆောက်အဦတွေကို ကိုယ်တိုင် ဖန်တီးနေထိုင်လာကြတဲ့အထဲက ရှေးအကျဆုံးလူတို့ ကိုယ်တိုင်ဖန်တီးခဲ့ပြီး ဒီနေ့ခေတ်ထိအောင် ရှိနေသေးတဲ့ ရှေးအကျဆုံး အဆောက်အဦတွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) Tumulus of Bougon
Necropolis အဖြစ်လည်း လူသိများပြီး Neolithic ခေတ်က မြေအောက်ကျင်းတူးနေထိုင်မှုပုံစံ ဖန်တီးထားတဲ့အဆောက် အဦပါ။ ၁၈၄၀ ခုနှစ်ကတည်းက ရှာဖွေတွေ့ရှိထိန်းသိမ်းထားတာဖြစ်ပါတယ်။
၁၈၇၃ ခုနှစ်ကတည်းက ဒီအဆောက်အဦကို ထိန်းသိမ်းမှု လုပ်ဖို့ Deux-Servers အဖွဲ့ ဖွဲ့ပြီး ထိန်းသိမ်းထားတာ ဖြစ်ပါ တယ်။ ဘီစီ ၄၈၀၀ လောက်က တည်ဆောက်ထားတယ်လို့ ခန့်မှန်းရပြီး ကမ္ဘာမှာ ရှေးအကျဆုံးအဆောက်အဦအဖြစ် တည် ရှိနေတာ ဖြစ်ပါတယ်။
(၂) Megalithic Temples of Malta
လူသူနေထိုင်မှု အရပ်နဲ့ဝေးတဲ့နေရာမှာ သီးသန့် တည်ဆောက်ထားတဲ့ အဆောက်အဦတွေထဲမှာ ရှေးအကျဆုံးလို့တောင် သတ်မှတ်လို့ ရပါတယ်။ ဘီစီ ၃၆၀၀လောက်က တည်ဆောက်တယ်လို့လည်း ခန့်မှန်းကြသလို တချို့ကလည်း ၇၀၀ လောက်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရာတွေကတော့ နှစ်ပေါင်း ၅၅၀၀လောက် သက်တမ်းရှိနေပြီလို့ ခန့်မှန်းနိုင်ပါတယ်။ ကိုးကွယ်ယုံ ကြည်မှုအတွက် ဘုရားကျောင်းအဖြစ် တည်ဆောက်ထားပုံရပြီး မော်တာနိုင်ငံမှာ တည်ရှိပါတယ်။
(၃) Knap of Howar
ဥရောပမှာတော့ ရှေးအကျဆုံး ကျောက်သားအဆောက်အဦပါ။ Neolithic ခေတ်လက်ရာတခုပါ။ ဘီစီ ၃၇၀၀ ကနေ ၃၁၀၀ အတွင်း တည်ဆောက်ခဲ့ဟန် ရှိပါတယ်။
ဒါဆိုရင်တော့ နှစ်ပေါင်း ၅၅၀လောက် သက်တမ်းရှိနိုင်တယ်လို့ ခန့်မှန်းရမှာပါ။ စကော့တလန်ကတော့ အခု အဆောက်အဦ ကို ဦးစားပေး ထိန်းသိမ်းမှုစာရင်းမှာ ထည့်ထားသလို ကမ္ဘာ့ရှေးအကျဆုံးစာရင်းမှာ ထိပ်တန်းက ပါဝင်နေတာမို့ တန်ဖိုးထား တာ ဖြစ်ပါတယ်။
(၄) La Hougue Bie
Jersey(ဂျာဆေး) မှာ ရှိတဲ့ ပြတိုက်အဖြစ် ထားရှိ ထိန်းသိမ်းထားတဲ့အဆောက်အဦတခုပါပဲ။ ဘီစီ ၃၅၀၀ဝန်းကျင်မှာ သုံးခဲ့ တာလို့ ခန့်မှန်းရပါတယ်။ ၁၈.၆ မီတာရှည်လျားတဲ့ အခန်းကျယ်ကြီးပါရှိတယ်၊ ဒီအဆောက်အဦကို ၁၉၂၅ ခုနှစ်က Societe Jersiaise က ရှာဖွေတွေ့ရှိခဲ့တာပါ။
အနောက်ဥရောပမှာတော့ ရှေးကျပြီး လူသိများတဲ့ ရှေးဟောင်းဂူသချိုင်းတခုအဖြစ် ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း က ဝပ်ကင်းတခုအဖြစ်လည်း အသုံးပြုခဲ့သေးတာ တွေ့ရပါတယ်။
(၅) Newgrange
အိုင်ယာလန်မှာ ရှိတဲ့ အခုအဆောက်အဦက Neolithic ခေတ်က တည်ဆောက်ထားတာ ဖြစ်ပြီး ဘီစီ ၃၂၀၀ ခုနှစ်ဝန်းကျင် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ နှစ်ပေါင်း ၅၁၀၀ လောက်သက်တမ်း ရှိနေပါပြီ။ အီဂျစ်ပိရမစ်တွေထက် ရှေးကျတာတော့ အ မှန်ပါ။
အတွင်းမှာ ကျောက်သားတွေနဲ့ အခန်းတွေ ဖွဲ့ထားပါတယ်။ ရှေးရိုးရာကိုးကွယ်မှုတွေအတွက် အသုံးပြုတဲ့အဆောက်အဦလို့ ခန့်မှန်းရပါတယ်။ ဥရောပရဲ့မှော်ဆန်ဆန် ရှေးဟောင်းဒေသတခုအဖြစ်လည်း လူသိများပါတယ်။
(၆) Tarxien Temples
မော်တာမှာရှိတဲ့ အခု ဘုရားကျောင်းက ဘီစီ ၃၁၅၀လောက်မှာ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ၁၉၈၀ ပြည့်နှစ်ကတည်းက ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းစာရင်း ဝင်ထားတာပါ။ အခန်း ၃ခန်းဖွဲ့ပုံစံပါ၊ ဒါပေမယ့် အခန်းတ ခန်းနဲ့တခန်း လျှောက်လမ်းတွေနဲ့ ချိတ်ဆက်ထားပါတယ်။
ပင်မဝင်ပေါက်ကို ၁၉၅၆ ကမှ တွေ့ရှိခဲ့ပြီး ဘုရားကျောင်းတခုလုံးကို ထပ်မံ ရှာဖွေထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
(၇) Pyramid of Djoser
Pharaoh Djoser အတွက် ရည်ရွယ်တည်ဆောက်ခဲ့တဲ့ အခု ပိရမစ်ကို ဘီစီ ၂၇၀၀ ပြည့့်နှစ်လောက်က တည်ဆောက်ခဲ့ကြပြီး အခုတော့ အီဂျစ်မှာ ရှိနေပါတယ်။
ပတ်လည်အကျယ်အဝန်း အလျား၊ အနံ ၁၀၉ မီတာ၊ ၁၂၅ မီတာ ရှိပါတယ်။ အမြင့် က ၆၂မီတာ မြင့်ပါတယ်။ ထုံးကျောက် တွေနဲ့ တည်ဆောက်ထားလို့ အဝေးကကြည့်ရုံနဲ့ အရောင် ပိုတောက်ပါတယ်။ နှစ်ပေါင်း ၄၇၀၀လောက် သက်တမ်းရှိနိုင်တယ် လို့လည်း ခန့်မှန်းကြပါတယ်။
(၈) Great Pyramid of Giza
Khuful ပိရမစ်အဖြစ်ပါ လူသိများတဲ့ အခုပိရမစ်က အီဂျစ်မှာ ရှိနေပါတယ်။ ကမ္ဘာ့ရှေးအကျဆုံးနဲ့ အကြီးဆုံးပိရမစ် ၃ခုထဲ က တခုပါ။ ကမ္ဘာ့အံ့ဖွယ် ၇ မှာလည်း စာရင်းဝင်နေပါတယ်။
စတုတ္ထမြောက် အီဂျစ်ဘုရင် Pharaoh Khufu အတွက် တည်ဆောက်ထားတဲ့ ပိရမစ်လို့ ယုံကြည်ရပါတယ်။ ၁၀နှစ်ကနေ နှစ် ၂၀လောက် အချိန်ယူ တည်ဆောက်ထားတာ ဖြစ်ပြီး အမြင့်ပေ ၄၈၁ ပေ ရှိကာ နှစ်ပေါင်း ၃၈၀၀ လောက်ကြာအောင် လူတို့ ဖန်တီးတဲ့အမြင့်ဆုံး အဆောက်အဦအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဘီစီ ၂၅၆၀ လောက်က တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။
(၉) Minoan Palace of Knossos
ဂရိမှာပဲ ရှိပါတယ်။ Minoanတွေရဲ့အခမ်းအနားကျင်းပရာနေရာဖြစ်ပါတယ်။ ဘီစီ ၂၀၀၀ခန့်က တည်ဆောက်ခဲ့တယ်လို့ ယူ ဆရပါတယ်။ ပျက်စီးမှုတွေအရ အဆောက်အဦက နည်းနည်းသေးနေပေမယ့် မူလအဆောက်အဦဟာ အခုထက် ပိုပြီးကြီးမား မယ်လို့ ခန့်မှန်းနေကြပါတယ်။
ကြေးခေတ်နောက်ပိုင်း ဘီစီ ၁၃၈၀နဲ့ ၁၁၀၀လောက်မှာ ပျက်စီးသွားတယ်လို့ ယူဆရပါတယ်။
(၁၀) Treasury of Atreus
ဂရိမှာ ရှိပါတယ်။ ဒီ သချိုင်းဂူကိုတော့ ကြေးခေတ်မှာ လူတို့ ဖန်တီးတည်ဆောက်ခဲ့တာပါ၊ ဘီစီ ၁၂၅၀လောက်က တည် ဆောက်ခဲ့တယ်လို့ ခန့်မှန်းရပြီး သက်တမ်းနှစ်ပေါင်း ၃၂၅၀ လောက် ရှိနေပါပြီ။ Pantheon ပြီးရင် ကမ္ဘာမှာ အကျယ်ဆုံးနဲ့ အရှည်ဆုံး ဂူသချိုင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။ ရှေးဂရိတွေရဲ့သချိုင်းတည်ဆောက်မှုပုံစံတွေကို တွေ့နိုင်ပါတယ်။
www.wonderslist.com