ဂျပန်နိုင်ငံဟာ လွန်ခဲ့တဲ့ ၈ နှစ်ကျော် ၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမား နျူကလိကပ်ဘေးကြောင့် ကျန်ရစ်ခဲ့တဲ့ ရေဒီယိုသတ္တိကြွ ရေတွေကို ပစိဖိတ်သမုဒ္ဒရာထဲ စွန့်ပစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရေဒီယိုသတ္တိကြွ ရေတွေကို သိုလှောင်စရာနေရာ မရှိတော့တဲ့အတွက် အခုလို စွန့်ပစ်ဖို့ ကြံစည်ရတာဖြစ်တယ်လို့ ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။
“တကယ်လို့သာ မဖြစ်မနေ စွန့်ပစ်ရမယ်ဆိုရင် ဓာတ်သတ္တိတွေကို အားပျော့သွားအောင် ပြုလုပ်ရမှာပဲ။ အစိုးရ အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ ကျနော်ကတော့ ရိုးရှင်းတဲ့ ဖြေရှင်းနည်းကိုပဲ တင်ပြသွားမှာပါ”လို့ ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Yoshiaki Harada က သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်း ဂျပန်တိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။
တိုကျို လျှပ်စစ်စွမ်းအား ကုမ္ပဏီတခုဖြစ်တဲ့ Tepco ရဲ့ ပြောကြားချက်အရ ၂၀၂၂ ခုနှစ်ကို ရောက်လာရင် ရေဒီယိုသတ္တိကြွရေတွေကို ဆက်လက် သိုလှောင်ဖို့ နေရာလုံးဝ မရှိတော့ဘူးလို့ သိရပါတယ်။ ဝန်ကြီးဌာနကတော့ ရေတွေကို လိုအပ်ရင် အားပျော့အောင် ပြုလုပ်ပြီး သမုဒ္ဒရာထဲ စွန့်ပစ်ဖို့ စီစဉ်နေပေမယ့် Tepco ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးထားခြင်း မရှိသေးပါဘူး။
ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်ထဲ စွန့်ပစ်မယ့် နည်းလမ်းဟာ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဝန်ကြီးဌာနက ယုံကြည်ပေမယ့် အလုံပိတ်ထားတဲ့ ကွန်ကရစ်ကန်တွေမှာ ထည့်သွင်းမြှုပ်နှံနိုင်ကြောင်းကို ထောက်ပြသူတွေလည်း ရှိနေပါတယ်။
လက်ရှိမှာတော့ ဘယ်လိုနည်းလမ်းနဲ့ စွန့်ပစ်မယ်ဆိုတာကို အစိုးရအဖွဲ့အစည်းတရပ်လုံးအနေနဲ့ ကြီးမားတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref. maritime-executive
You may also like these stories:
ကမ္ဘာကြီးပူနွေးလာမှုကို သတိရှိရှိ ရင်ဆိုင်ဖြေရှင်းနေတဲ့ ထိပ်တန်း ၃ နိုင်ငံ
ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချပေးနိုင်မယ့် ကမ္ဘာတဝှမ်းက ထူးခြားကောင်းမွန်တဲ့ ပရောဂျက်များ
မ္ဘောဒီးယားကို ရောက်လာတဲ့ စွန့်ပစ် ပလတ်စတစ်များ အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ ပြန်ပို့မည်
အမေဇုန်မီးက ဘရာဇီးသာမက ကမ္ဘာကြီးကိုပါ အခက်ကြုံစေ