• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်း သေမင်းတမန် လမ်းမကြီးလား

by မေစစ်ပိုင်
17 July 2013
in Automobile
A A
ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်း သေမင်းတမန် လမ်းမကြီးလား

ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

11.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန် လမ်းမကြီးပေါ်မှာ လူထိခိုက် သေဆုံးတာတွေ များလာတာကြောင့် လူမှုကွန်ရက် တွေ၊ ဆိုရှယ်မီဒီယာတွေမှာ အမြန်လမ်းမကြီးကို သေမင်းတမန် လမ်းမကြီးလို့ ပြောင်းခေါ်သင့်နေပြီဆိုတဲ့ သုံးသပ်ချက်တွေ၊ အသံတွေ ထွက်ပေါ်လာပါတယ်။

အခုလို အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆ ထိခိုက်မှုတွေ၊ လူသေဆုံးမှုတွေ အများအပြား ဖြစ်လာတာဟာ လမ်း တည်ဆောက်မှု အားနည်းတာ၊ လမ်း အရည်အသွေး မမီတာကြောင့်ဆိုပြီး လူထုဆီက ဝေဖန်သံတွေ ဆက်တိုက် ထွက်လာတဲ့ အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ အမြန်လမ်း အင်ဂျင်နီယာတွေလည်း လမ်းကြီး ပိုပြီးကောင်းမွန်ဖို့ကို ကြိုးစား အဖြေရှာ နေကြတယ်လို့ အမြန်လမ်း အင်ဂျင်နီယာမှူး ဦးမျိုးမြင့်က ဧရာဝတီကို ပြောပါတယ်။ ဒါပေမယ့် အမြန်လမ်းမကြီးကို သေမင်းတမန် လမ်းမကြီးလို့ ခေါ်နေသလို လမ်းအင်ဂျင်နီယာတွေ ကိုလည်း လူသတ်သမားတွေလို့ ဝေဖန်သုံးသပ်နေတဲ့ အပေါ်ကိုတော့ သူက မှတ်ချက် မပေးပါဘူး။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
156
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.3k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
37

“လမ်းမှာ ကာကွယ်မှုတွေ လုပ်နေတဲ့ကြားထဲက ယာဉ်တိုက်မှုတွေ ဖြစ်နေရတာကို ကျနော်တို့လည်း စိတ်မကောင်းပါဘူး၊ ကျနော်တို့ ဘက်ကလည်း လမ်းရဲ့ လိုအပ်ချက်တွေကို ပြင်နေပါတယ်။ ဒီလမ်းကြီးက မပြည့်စုံသေးတဲ့ လမ်းကြီးတခုဖြစ်ပြီး အများပြည်သူ သွားလို့ရအောင်ဆိုပြီး ဖွင့်လှစ်ခဲ့ရတာကြောင့် လိုအပ်ချက်တွေလည်း ရှိပါတယ်” လို့ အမြန်လမ်း အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောပါတယ်။

အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လကနေ ၂၀၁၃ ဧပြီလ အထိ လမ်းပေါ်မှာ ယာဉ်အစီးရေ စုစုပေါင်း ၁၁၀၀၀၀၀ ကျော် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၃၀၅ မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁၀ မှု၊ ခရီးသည် ပေါ့ဆမှု ၂ မှုနဲ့ တခြား အကြောင်းအရာ တွေကြောင့်က ၁၁ မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အမြန်လမ်းကို ပြန်လည်ပြုပြင်ဖို့အတွက် USAID နဲ့ JICA ကလည်း လမ်းတွေကို ဆာဗေးတိုင်းတာမှု၊ စစ်ဆေးမှုတွေ လုပ်နေဆဲ အဆင့်မှာသာ ရှိသေးပြီး ပြုပြင်ဖို့နည်းလမ်း၊ ကုန်ကျစရိတ် စတဲ့ ဘယ်ကိစ္စကိုမှ လက်ရှိအချိန်ထိ မစတင် ရသေးဘူးလို့ သိရပါတယ်။

လတ်တလောမှာတင် ဖြစ်ပွားခဲ့တဲ့ အဆိုတော် ဆိုတေးရဲ့ ယာဉ်မတော်တဆမှုမှာဆိုရင် ယာဉ်မောင်းနှင်သူဟာ သတ်မှတ် ကီလိုမီတာ နှုန်းထက် များစွာ ပိုမိုမောင်းနှင်တာ တွေ့ရသလို၊ လမ်းကြောကျွမ်းကျင်မှုလည်း လိုအပ်နေတာတွေကြောင့် ဖြောင့်တန်းနေတဲ့ လမ်းကြောပေါ်မှာ မဖြစ်သင့့်ဘဲ ဖြစ်သွားရတဲ့ အခြေအနေတခုလို့ အင်ဂျင်နီယာမှူးကြီးက ရှင်းပြပါတယ်။

အမြန်လမ်း အင်ဂျင်နီယာတွေက လမ်းပေါ်မှာ သွားလာနေတဲ့ ယာဉ်မောင်းတွေကို မေးမြန်းကြည့်ရာမှာတော့ ရံဖန်ရံခါ သွားလာတဲ့သူတွေ အဖြစ်များပြီး လမ်းတလျှောက် တံတားတွေက အနိမ့်အမြင့်တွေ များသလို၊ လမ်းပေါ် ရေဝပ်တာတွေ ကိုလည်း ပြင်ဖို့လိုကြောင်း အကြံပြုကြတယ်လို့ သိရပါတယ်။

ပုံမှန် အမြန်လမ်းပေါ် သွားလာနေကျ ကုမ္ပဏီ ယာဉ်မောင်းတဦးဖြစ်သူ ကိုသန့်ဇင် ကတော့ “အမြန်လမ်းကို သွားရင် အန္တရာယ် ရှိတာ ကျနော်တို့တွေ တွေးနေကျပဲ၊ ဒါကြောင့် အဲဒီလမ်းကို သွားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားရတယ်။ ပုံမှန် ကီလို ၁၀၀ နဲ့ မောင်းရင် ကြာတော့ အိပ်ငိုက်လာတာ တွေကြောင့် ကီလိုကို နည်းနည်း ကစားပြီး မောင်းပေးရတယ်” လို့ ဆိုပါတယ်။

ယာဉ်မောင်းသူတွေက လမ်းညွှန်ဆိုင်းဘုတ်တွေ အများအပြား စိုက်ထူထားတာ တွေ့ကြပေမယ့် တချို့ဆိုင်းဘုတ်တွေက  ဆေးပျက်နေတာတွေ၊ ယိုင်လဲ နေတာတွေကြောင့် လမ်းညွှန်ဆိုင်းဘုတ်ကိုချည်း အားမကိုးဘဲ လမ်း အနေအထားကို ကြည့် ပြီး မောင်းနှင်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“အမြန်လမ်းက ကွန်ကရစ်လမ်း ဖြစ်နေတော့ နေပူနေတဲ့ အချိန်ဆိုရင် ကားဘီးလေပေါင်ချိန်က ကွန်ကရစ်လမ်းနဲ့ တွေ့ပြီး တက်လာတယ်။ ဒါကြောင့် တာယာတွေ ကွဲကုန်တာ။ အမြန်လမ်းမှာဖြစ်တဲ့ ယာဉ်တိုက်မှု တချို့ကို တွေ့တာတော့ ရိုးရိုးလေပဲ ထိုးတာဆိုတော့ အပူများပြီး လေပေါင်ချိန်တက်ရာက တာယာကွဲ၊ ယာဉ်မှောက်တာပဲ” လို့ အမြန်လမ်းမကြီးကို သွားလာလေ့ ရှိတဲ့ ယာဉ်မောင်း ကိုအောင်မြင့်ကျော်က ပြောပြပါတယ်။

ဒါကြောင့် ကားမောင်းတဲ့သူ အများစုကတော့ ကွန်ကရစ်လမ်းဖြစ်တဲ့ အမြန်လမ်းကို ဖြတ်သန်းတော့မယ်ဆိုရင် ကားကို နိုက်ထရိုဂျင်လေ ထိုးပြီးမှ သွားကြတယ်လို့ သိရပါတယ်။ ပုံမှန်လေ ပေါင်ချိန်က ကွန်ကရစ်လမ်းနဲ့ တွေ့ရင် ခုန်ပြီး လေပေါင်ချိန် ၁၀ ပေါင်၊ ၁၅ပေါင် လောက်အထိ မြင့်တက်လာစေတာကြောင့် တာယာကွဲနိုင်တယ်လို့လည်း သိရပါတယ်။ ကတ္တရာ လမ်းတွွေမှာတော့ ရိုးရိုး လေပေါင်ချိန်က ကတ္တရာဆွဲအားကြောင့် လေပေါင်ချိန် မတက်တော့ ပြဿနာ မရှိတာကြောင့် ကွန်ကရစ် ခင်းထားတဲ့ ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးကို သွားမယ်ဆိုရင်သာ ကားလေကို နိုက်ထရိုဂျင်ထိုးပြီး ယာဉ် မတော်တဆမှု မဖြစ်အောင် ကြိုတင်ကာကွယ် နေကြရတယ်လို့ သိရပါတယ်။

အမြန်လမ်းမကြီးကို ပြုပြင်နိုင်ဖို့ အကူအညီပေးမယ့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ တာနာကာက Myanmar Times ဂျာနယ်မှာ အမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီးတော့ “ဘတ်ဂျက်ငွေ မလုံမလောက်နဲ့ လမ်းဖောင်ဒေးရှင်း ကောင်းအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အခုတော့ မြန်မာတွေဟာ ထိန်းသိမ်း ပြုပြင်ဖို့ရော၊ ပြန်လည်ပြင်ဆင် ဖို့ရော အင်မတန် အကုန်အကျများမယ့် အမြန်လမ်း (အဆင့်မမီကြီး) လက်ထဲ ပိုက်လျက်သား ဖြစ်နေပါပြီ” လို့ သုံးသပ် ရေးသားထားတာ တွေ့ရပါတယ်။

ဇူလိုင် ၁၅ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာတော့ ဆောင်းပါးရှင် ဖေဒီ ဆိုသူက အမြန်လမ်းမကြီးကို သွားဖို့အတွက် ခရီးသည်တွေ အနေနဲ့ ကားပေါ်မှာ အိပ်မနေဘဲ စကားများများ ပြောသင့်တဲ့အကြောင်း၊ မီးတွေမပိတ်ဘဲ မောင်းသင့်တဲ့ အကြောင်း၊ ကားဆရာ အနေနဲ့လည်း စပယ်ယာနဲ့ စကားပြောနေတာက အိပ်ငိုက်တာကို ပြေပျောက် စေတဲ့အကြောင်း အကြံပြု ထားပါတယ်။

ဒါ့အပြင် အမြန်လမ်းကို ဖြတ်သန်းရမယ့် ကိုယ်ပိုင်ကား၊ ခရီးသည်တင် ကားတွေအနေနဲ့ သွားလာတဲ့ လမ်းတလျှောက်မှာ မေတ္တာပို့သ အမျှပေးဝေခြင်းတွေကို သတိတရ လုပ်သွားဖို့ ဆောင်းပါးရှင်က အကြံပြုထားတာ တွေ့ရပါတယ်။

(အားနည်းချက်တွေ ရှိနေတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး ပြုပြင်မယ့် အကြောင်း ဧရာဝတီက သတင်းရေးသားခဲ့တာကို ဒီလင့်ခ်မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဒီအမြန်လမ်းမကြီးပေါ်မှာ အန္တရာယ်ကင်းစွာ သတိရှိရှိ သွားလာဖို့ ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာ ဆွေးနွေးချင်ရင် ဒီလင့်ခ်ကနေတဆင့် ဖိုရမ်မှာ သွားရောက် ပြောဆိုနိုင်ပါတယ်။)

 

Your Thoughts …
Tags: Accident
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ဆိုတေး သတိပြန်လည်ပြီ

ဆိုတေး သတိပြန်လည်ပြီ

by နဒီထိုက်
16 August 2013
13.1k

ခေါင်းခါတယ်၊ ခေါင်းညိတ်တာ လောက်ပဲ ရှိတယ်။ သေချာ မသိ သေးဘူး။ ဒီကိစ္စကိုလည်း ကောင်းကောင်း ကြီး သတိမရသေးတော့ ပြောလို့မရသေးဘူးပေါ့။ သတိရခဲ့ရင်တောင် ချောချော သေတာ ဘယ်ပြောလို့ဖြစ်မလဲ

ယာဉ်တိုက်မှု, ရန်ကုန်-မန္တလေးလမ်းမကြီး, အဝေးပြေးယာဉ်

လူ ၁၂ ဦး သေဆုံးခဲ့သည့် ကားတိုက်မှုမှ တောင်ပြာတန်း ယာဉ်မောင်း မဖမ်းမိသေး

by စနေလင်း
18 April 2014
9.9k

“အခုတော့ ခရီးသည်တွေရဲ့ စာရင်းတွေနဲ့ တိုက်ဆိုင် စစ်ဆေး လိုက်တဲ့ အတွက် ဘယ်သူတွေ သေဆုံးတယ် ဆိုတာ ကျနော်တို့ အတည်ပြုလို့ ရပါပြီ။ အားလုံး အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၆ ဦးပါ”...

ကလောရွှေတွင်းပြိုမှု ၁၇ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေဆဲ

ကလောရွှေတွင်းပြိုမှု ၁၇ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေဆဲ

by မေစစ်ပိုင်
20 May 2013
4.5k

ဧရာဝတီ သတင်းဌာနက ရွှေတွင်းပြိုကျမှုဖြစ်ပွားခဲ့သော အာရှကမ္ဘာမြေပိုင် ရွှေတောဒေသသို့ သွားရောက် သတင်းယူစဉ် ရွှေတွင်း ပြိုကျမှုကြောင့် ၃၆ ဦးသေဆုံးပြီး ပျောက်ဆုံးသူ ၈ ဦးရှိကြောင်း

ရန်ကုန် , စစ်တွေ , ရခိုင် , သင်္ဘောနစ်မြှုပ် , ကံ့ကော်ထူး ,

ရန်ကုန်-စစ်တွေ ပြေးဆွဲနေသော ကံ့ကော်ထူး ကုန်တင်သင်္ဘော ပျောက်ဆုံးနေ

by မင်းအောင်ခိုင်
24 September 2015
4.9k

စက်တင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် မြန်မာ့ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့ရာ ကံ့ကော်ထူးရေယာဉ်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် ၃၉ မိုင်အကွာတွင် မိုးသက် လေပြင်း များကြောင့် နစ်မြှုပ်သွားပြီဟု ယူဆရကြောင်း၊ သင်္ဘောသား ၂၁...

အောင်တံခွန်, ရခိုင်ပြည်နယ်, မတော်တဆမှု

အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်မှု အစိုးရ ဘယ်လို တာဝန်ယူ ဖြေရှင်းပေးမှာလဲ

by ခင်ဦးသာ
21 March 2015
4.3k

လွတ်မြောက်လာ သူများအား စိတ်ပိုင်းဆိုင်ရာ ကူညီပေးရေးနှင့် ဆက်လက် ရပ်တည်နိုင်ရန် ငွေးကြေး ထောက်ပံ့ပေးရေး စသည့်တို့ကို အစိုးရက ဆောင်ရွက်ပေးရန် ပြည်သူ့ လွှတ်တော်၌လည်း အရေးကြီး အဆိုတင်ခဲ့ရာတွင် ပယ်ချခံခဲ့ရသည်။

လျှပ်စစ်

လူအများ ဂရုမပြုမိသည့် လက်တကမ်းက ကြောက်စရာအန္တရာယ်

by ဖိုးစမ်းချောင်း (GG)
31 May 2016
8k

ထိုအန္တရာယ်ဖြင့် ကြုံတွေ့လိုက်ရလျှင်လည်း ကြားရသူအပေါင်း စုတ်တသပ်သပ်ဖြစ်လေ့ ရှိသော်လည်း ကြိုတင်ကာကွယ်မှု အလွန် အားနည်းကြသည်မှာ လျှပ်စစ် အန္တရာယ် ဖြစ်ပါသည်

Next Post
အသက်ပေါင်းများစွာကို ခြွေယူနေတဲ့ မီးခိုးငွေ့တွေ

အသက်ပေါင်းများစွာကို ခြွေယူနေတဲ့ မီးခိုးငွေ့တွေ

နစက လူ့အခွင့်အရေး ချိုးဖောက်မှုရှိဟု ကင်တာနာ ပြော

Please login to join discussion
No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate