• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတိုင်းလွှတ်တော် ဝန်ကြီးအချို့၏ အဖြေများ မေးခွန်းနှင့် မကိုက်ညီဟု ဆို

by မြတ်ပြည့်ဖြိုး
4 July 2017
in သတင်း
A A
ယနေ့ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး / မြတ်ပြည့်ဖြိုး / ဧရာဝတီ

ယနေ့ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး / မြတ်ပြည့်ဖြိုး / ဧရာဝတီ

10.7k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် အမတ်များ မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများကို ပြန်လည် ဖြေကြားသည့် တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးအချို့၏ အဖြေတို့သည် ကိုက်ညီပြည့်စုံမှု မရှိဘဲ လိုအပ်ချက်များ ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး၏ ပထမ နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေး ကော်မတီက ပြုစုထားသည့် လွှတ်တော် တနှစ်ကျော်ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။

RelatedPosts

ကချင်စစ်မျက်နှာမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
153
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
45
စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

20 May 2025
55

ယင်းအစီရင်ခံစာကို ဖတ်ကြားခဲ့သည့် ကော်မတီအဖွဲ့ဝင် ဒေါ်ငြိမ်းသက်နွယ်က “အမေး အဖြေ ကိုက်ညီမှု မရှိတာတွေ၊ ပြည့်စုံစွာ ဖြေကြားပေးဖို့အတွက် လွှတ်တော် ဥက္ကဋ္ဌကြီးက ကြီးကြပ် ထိန်းညှိပေးဖို့ အကြံပြု တင်ပြပါတယ်” ဟု ပြောသည်။

အစီရင်ခံစာ၏ စာမျက်နှာ ၈ ၊ အပိုဒ် ၁၄ တွင် လွှတ်တော် ကိုယ်စားလှယ်များ၏ ကြယ်ပွင့်ပြ မေးခွန်းများကို လွှတ်တော်အတွင်း ပြန်လည်ဖြေကြားရာတွင် အချို့တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အနေဖြင့် မေးသည့် မေးခွန်းနှင့် ဖြေသည့် အဖြေများမှာ ကိုက်ညီ၊ ပြည့်စုံမှုမရှိကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ် နှင့် အချိန်မပါရှိဟု ဖော်ပြထားသည်။

ယင်းကိစ္စအပေါ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက “ကိုယ်စားလှယ် တယောက်က ရှေးဟောင်းဇုန် ဝင်ကြေးဘယ်လောက်ရပြီး ဘယ်လို ပြန်သုံးနေဆိုတဲ့ ကိစ္စကို လွှတ်တော်မှာ မေးခွန်းမေးတယ်။ အဲဒီ ဇုန်ဝင်ကြေးဆိုတာ တိုင်းအစိုးရအဖွဲ့က ၂ ရာခိုင်နှုန်းပဲ ရပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကပဲ စီမံခန့်ခွဲတဲ့ ကိစ္စဖြစ်တော့ ဘယ်လိုပြန်ဖြေမလဲ၊ လွှတ်တော်ကိုယ်စားလှယ် အချို့က ဌာနတခုရဲ့ ငွေကြေးသုံးစွဲတဲ့စနစ်ကို သေချာမသိဘဲ မေးတဲ့အခါမှာ အမေးနဲ့ အဖြေ မကိုက်ညီဘူး ဆိုတာမျိုး ဖြစ်လာနိုင်တာပေါ့”ဟု မီဒီယာများကို ပြောသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က တိုင်းဒေသကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့် အပေါ် မသဲကွဲခြင်း၊ အစိုးရဌာနအလိုက် ငွေကြေးသုံးစွဲမှု အပိုင်းကို သေချာနားမလည်ခြင်းတို့ ကြောင့် ယခုကဲ့သို့ ကွဲလွဲမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

အစီရင်ခံစာတွင် စာမျက်နှာ ၁၀ မျက်နှာ ပါဝင်ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ ၁ နှစ်ကျော် ကာလအတွင်း ကျင်းပခဲ့သည့် အစည်းအဝေးများ၊ မေးခွန်းများ၊ အတည်ပြုခဲ့သည့် အဆိုများ၊ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများ၊ တိုင်ကြားစာများ၊ အမတ်များ သွားရောက်ခဲ့သည့် ခရီးစဉ်များ စသည့် ဆောင်ရွက်ချက်များကို ထည့်သွင်းထားကြောင်း သိရသည်။

အစီရင်ခံစာကို လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူညီသည့်အတွက် မှတ်တမ်းတင်လိုက်ပြီ ဖြစ် ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက် တာ ဇော်မြင့်မောင်က “မေးခွန်းနဲ့အဖြေ မကိုက် ညီဘူးဆိုတာ လက်မခံဘူး။ အရင်တုန်းက လွှတ်တော်က အချိန်မလောက်လို့ တချို့ဟာတွေ ဖြတ်ပစ်လိုက် မှာမို့ စာနဲ့ဖြေတာ။ အခု နောက်ပိုင်းမှာတော့ နှုတ်နဲ့ပဲ လွှတ်တော်မှာ ဖြေတာပဲလေ။ အဲဒါကြောင့် မကိုက်ညီ ဘူးဆိုတာ လက်မခံဘူး” ဟု မီဒီယာများကို ပြောသည်။

ပြီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများတွင် ကိုယ်စားလှယ်များ၏ မေးခွန်းများ အပေါ် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်များ၏ ဖြေကြားချက်များမှာ လိုအပ်မှုများရှိနေ၍ ကိုယ်စားလှယ်များက ဆက်စပ် မေးခွန်းအဖြစ် ထပ်မံ မေးမြန်းမှုများလည်း မကြာခဏ ရှိခဲ့သည်။

Your Thoughts …
Tags: လွှတ်တော်
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

by ဧရာဝတီ
12 August 2023
3.9k

ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

by ဇုန်းရိန်
29 May 2024
2.6k

လက်ရှိတွင် ရရှိထားသော၊ တည်ဆောက်ထားနိုင်သော နိုင်ငံရေးသဘောတူညီမှု၊ နားလည်မှုသည် လုံလောက်သော ခိုင်မာမှု၊ စုစည်းမှု မဟုတ်သေး။

ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)

ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)

by ဧရာဝတီ
6 March 2025
1.1k

အနည်းဆုံး နောက် ၄ နှစ်ကြာဦးမည့် ထရမ့်ခေတ် ထရမ့်ဝါဒအကြောင်း ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နှင့် အမှုဆောင် အယ်ဒီတာ ရဲနည်တို့၏ ဆွေးနွေးချက်အား နားဆင်ပါ။

ငလျင်ကြောင့် ပျက်စီးသွားတဲ့ လွှတ်တော်ကို ဘယ်သူဆောက်ခဲ့တာလဲ (ရုပ်/သံ)

ငလျင်ကြောင့် ပျက်စီးသွားတဲ့ လွှတ်တော်ကို ဘယ်သူဆောက်ခဲ့တာလဲ (ရုပ်/သံ)

by ဧရာဝတီ
24 April 2025
275

ဗိသုကာ လက်ရာတွေနဲ့ ထည်ထည်ဝါဝါ တည်ဆောက် ထားတဲ့နေပြည်တော်က လွှတ်တော် အဆောက်အအုံ တွေဟာ အင်အားပြင်း ငလျင်ဒဏ်ကိုမခံနိုင်ခဲ့ဘဲ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲအတွက် ဘန်ကောက်မြို့ ဈေးဝယ်စင်တာတခုအနီးရှိ မဲရုံတွင် ကြိုတင်မဲပေးနေသည့် အမျိုးသမီးတဦးကို ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့က တွေ့ရစဉ် / AFP

ထိုင်းရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ

by ဧရာဝတီ
13 May 2023
4.9k

ထိုင်းနိုင်ငံသည် မေလ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။

Next Post
ပုဂ္ဂလိက အာမခံလုပ်ငန်း တခုဖြစ်သည့် IKBZ / ဧရာဝတီ

အာမခံအမျိုးအစားသစ်များ ပုဂ္ဂလိကသို့ ထပ်မံချထားပေးမည်

ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသော်လည်း ဘဝကို အရှုံးမပေးဘဲ ကြိုးစားနေသည့် မထူးထူးမွန် / သဇင်လှိုင် / ဧရာဝတီ

“ဒီနှစ် ၁၀ တန်း အောင်ကို အောင်ရမယ်။ ပညာတတ်မှ ဖြစ်မှာ”

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate