စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် မြွေဝိုင်းတောင်တန်းအနီးရှိ ချင်းတွင်းမြစ်ထဲတွင် ရေကြောင်းတိုက်ပွဲ၊ ဝင်မနား၊ ထူးပေါက်နှင့် လက်ပံစု ကျေးရွာတို့တွင် ကုန်ကြောင်းတိုက်ပွဲတို့ ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးများ ရှိကြောင်း သိရသည်။
ယနေ့ မေလ ၂၅ ရက် နံနက်ပိုင်းတွင် ချင်းတွင်းမြစ်အတိုင်း ကနီဘက်သို့ စစ်သားများ၊ လက်နက်များနှင့် ရိက္ခာများ တင် ဆောင် ဆန်တက်လာသည့် ရေယာဉ် ၅ စီးကို လက်နက်ကိုင်အဖွဲ့တခုက တိုက်ခိုက်ခဲ့ကြောင်း ကနီဒေသခံများက ပြော သည်။
“ထွက်လာတဲ့ ရေယာဉ် ၅ စင်းကို မြွေဝိုင်းတောင်ဆိုတဲ့နားမှာ အဖွဲ့တဖွဲ့က ဝင်တိုက်တယ်။ ရေကြောင်း တိုက်ပွဲက ကနီ PDF က သူတို့ တိုက်တာ မဟုတ်ဘူးလို့ ပြောတယ်။ ဘယ်အဖွဲ့က ဝင်တိုက်နေမှန်း မသိဘူး။ ကုန်ကြောင်းမှာတော့ ကနီ PDF နဲ့ မုံရွာဘက်က ဝင်ကူနေကြတာ။ ကုန်းဘက်မှာလည်း ဖြစ်တယ်။ ရေကြောင်းမှာလည်း ဖြစ်တယ်”ဟု ကနီဒေသခံ တဦးက ပြောသည်။
ကုန်းကြောင်းတိုက်ပွဲမှာ ကနီနှင့် မင်းကင်းသို့ ဆက်သွယ်သည့် ကားလမ်းအနီးတွင် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ပြီး ယနေ့ တိုက်ပွဲတွင် ကနီ PDF ဘက်မှ တစ်ဦး သေဆုံးကြောင်း၊ ယခုနေရာအနီးတွင် မေလ ၂၂ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး ကနီ PDF ဘက်မှ လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
မေလ ၂၂ ရက်နေ့က ကနီဒေသ ပြည်သူ့ ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လက်နက် ကြီးကျည်ထိမှန်သဖြင့် ဒေသခံများဘက်မှ ပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် လေးဦး သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များဘက်ကလည်း အထိနာခဲ့ပြီး ကနီမြို့ သို့ ပြန်အဆုတ်တွင် ကားမိုင်း နင်းမိခဲ့ကြောင်း၊ ယင်းနောက်ပိုင်းတွင်း တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များက တပ်စွဲရန် ကြိုးစားသဖြင့် ယခုလို တိုက်ပွဲထပ်ဖြစ်ရခြင်း ဖြစ်ကြောင်း သိရသည်။
“အရှေ့ဘက်ပိုင်းမှာဆိုရင်တော့ မနက်က ဆူးပေါင်းရဲ့ အထက်ဘက်မှာ တိုက်ပွဲတော့ ဖြစ်တယ်။ ကျနော်တို့ဘက်က ပစ် တာ မရှိဘူး။ ဒလန်က သတင်းပေးတဲ့ နေရာတွေကို ရမ်းပစ်နေတာ။ ၁၂ နာရီလောက်မှာ ကျနော်တို့ဘက်က အင်အား အလုံးအရင်းနဲ့ ပိတ်လိုက်တဲ့အခါကျတော့ သူတို့ နောက်ပြန် ဆုတ်သွားတယ်”ဟု ကနီ PDF အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက ဆက်၍ “ကင်းရွာမှာလည်း တပ်ဆွဲထားတယ်။ ဆရာတော်က လက်မခံဘူး။ လက်မခံတာကို ရအောင် ဝင်ဆွဲတယ်။ ကင်းကို သူတို့ ဝင်ပြီး တပ်ဆွဲရတာက အထက်ပိုင်းကနေ ဦးပိုင်ကပိုင်တဲ့ ကျောက်စိမ်း မော်တော် ၂ စီးက ဖောင်းပြင်ကို ကျော်လာပြီ။ အဲဒီသဘောင်္ကို ကြိုကာထားတာပေါ့။ တခါ ကျောက်စိမ်းမော်တော်ကို ကျနော်တို့က ကင်းရွာနားလေးကနေ တိုက်ခဲ့ဖူးတယ်”ဟု ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ကင်းအုပ်စု ကျေးရွာထဲရှိ အထက်ကင်းရွာ၊ မိချောင်းတွင်းရွာတို့ကို စစ်ကောင်စီတပ်များက ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ကနီမြို့ အထက်ပိုင်းသို့ ချင်းတွင်းမြစ်ကြောင်းမှတဆင့် ရေယာဉ် ၂ စီးဖြင့် သွားနေ သည့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေး သည်။
ကနီ၊ ယင်းမာပင်၊ မင်းကင်းနယ်မှ စစ်ဘေးရှောင်ရွာပေါင်း ၄၅ ရွာ နီးပါး ရှိခဲ့ရာ ယခုအခါ ၁၀ ရွာခန့် ထပ်တိုးလာကြောင်း၊ ဒေသခံ စစ်ရှောင်ပြည်သူ ၆၀၀၀ နီးပါး ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မင်းကင်း မြို့နယ်တို့ရှိ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းရှိ ကားလမ်းပေါ်တွင် စစ်ကောင် စီ၏ လက်နက်ကိုင်တပ်များနှင့် ကနီဒေသ ကာကွယ်ရေးအဖွဲ့တို့ကြား ဧပြီလ ၁၅ ရက်နေ့မှ စ၍ တိုက်ပွဲများ စတင်ခဲ့ပြီး ဒေ သခံ ၃၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
သေဆုံးခဲ့သူများမှာ အသက် ၂၀ နှင့် ၃၀ ကြား လူငယ် အများစုဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဆွေးနွေးပွဲပျက်ပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က အမြောက်နှင့်ပစ်
ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်