• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယခုနှစ် မိုးစပါးစိုက်ဧက လျော့နိုင်သဖြင့် အထွက်နှုန်းလည်းကျနိုင်

by ဧရာဝတီ
25 May 2023
in သတင်း
A A
မိုခါမုန်တိုင်းနှင့် စိုက်ပျိုးစရိတ်အပြင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် တောင်သူများ စပါးမစိုက်နိုင် သဖြင့် အထွက်နှုန်းလျော့ ကျနိုင် / ဧရာဝတီ

မိုခါမုန်တိုင်းနှင့် စိုက်ပျိုးစရိတ်အပြင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် တောင်သူများ စပါးမစိုက်နိုင် သဖြင့် အထွက်နှုန်းလျော့ ကျနိုင် / ဧရာဝတီ

3.8k
VIEWS
Share on FacebookShare on Twitter

မိုခါမုန်တိုင်းက ရခိုင်ပြည်နယ်၌ လယ်ယာများ ပျက်စီးစေခဲ့သလို ကျန်ဒေသများတွင်လည်း စိုက်ပျိုးစရိတ် ချေးငွေ မရခြင်း၊ ကုန်ကျစရိတ်နှင့် မြေသြဇာဈေးကြီးခြင်း၊ စစ်ရှောင်နေရခြင်း စသည့် အခက်အခဲများကြောင့် ယခုနှစ် စပါးစိုက် ဧကလျော့နိုင်သလို အထွက်နှုန်းလည်း ကျနိုင်သည်ဟု တောင်သူများက ခန့်မှန်းသည်။

မကြာသေးမီက ရခိုင်ကမ်းရိုးတန်းကို ဖြတ်တိုက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်း၊ မကွေး၊ ချင်းတို့တွင် မျိုးစပါးများ ဆုံးရှုံးသည်သာမက ရေလွှမ်းမိုးမှုများကြောင့် စိုက်ပျိုးမြေ ၄၂၅၁၇ ဧက ပျက်စီး ခဲ့ကြောင်း၊ လယ်ယာစိုက်ပျိုးရေးတွင် အားထားရသည့် ကျွဲနွားများလည်း ရသေ့တောင်မြို့နယ် တခုတည်းမှာပင် အနည်းဆုံး အကောင်ရေ ၂၀၀၀ သေဆုံးခဲ့ပြီး စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှ မြို့နယ် ၉ ခုတွင်လည်း ကျွဲနွားကောင်ရေ ၂၃၀၀ ကျော် သေဆုံးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ယခုမေလ တတိယပတ်အတွင်းက ထုတ်ပြန်ထားသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
3
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
766
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
221

ယမန်နှစ်ကလည်း စိုက်ပျိုးစရိတ်ကြီးသဖြင့် တောင်သူမှာ ဧကအပြည့် မစိုက်နိုင်သလို စိုက်နိုင်သူများမှာလည်း ဓာတ် မြေဩဇာ ဈေးကြီး၍ လုံလောက်စွာ မကျွေးနိုင်သဖြင့် အထွက်နှုန်းကျသောကြောင့် စိုက်စရိတ်ကြွေးကျန်များ အကြေ ပြန်မဆပ်နိုင်သည့် အခြေအနေများ ရင်ဆိုင်နေရသည်။

စစ်ကိုင်းတိုင်းတွင်လည်း တောင်သူများမှာ စစ်ကောင်စီကြောင့် စစ်ရှောင်နေရ၍ မစိုက်ပျိုးနိုင်၊ ထိုအခြေအနေများ ကြောင့် ယခုနှစ် မိုးစပါးရာသီတွင်လည်း စိုက်ပျိုးရန် အခက်အခဲများစွာ ကြုံနေရကြောင်း တောင်သူများက သုံးသပ် သည်။

ယခင်ကြွေးကျန် အကြေဆပ်နိုင်မှ စိုက်ပျိုးစရိတ်ချေးငွေ ရမည်ဖြစ်သလို ထုတ်ချေးရာတွင်လည်း ၁၀ဧကသာ အများဆုံး ပေးသဖြင့် လက်ရှိ ငွေကြေးဖောင်းပွမှုကြောင့် တက်လာသည့် စိုက်ပျိုးစရိတ် လုပ်အားခ၊ ဒီဇယ်ဖိုး၊ သွင်းအားစု (ဓာတ်မြေဩဇာ)၊ ပိုးသတ်ဈေး၊ ပေါင်းသတ်ဈေး အစရှိသည့် ဈေးနှုန်းကြီးမြင့်မှုတို့မှာလည်း တောင်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း ဆိုကြသည်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်ရှိ လယ်သမားတဦးက “ကျနော်တို့ ဘက်က ဒီနှစ်က သိပ်စိုက်နိုင်မယ် မထင်ဘူး။ ထွန်ယက်စရိတ်တွေက ကြီးတယ်။ ဒီဇယ်ဈေးတွေက မတရားတက်တော့ လယ်တလွှာ ထွန်ခတင် ကျပ် ၃ သောင်း လောက်ကျတယ်။ ၃ လွှာလောက် မောင်းမယ်ဆို ၁ သိန်းလောက် ကုန်ရော၊ မနှစ်ကထက် ဈေးပိုတက်လာ တာပေါ့။ ဒါက လယ်ထွန်ခတင် ဈေးတွေက တက်နေတာ” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်က မိုးစပါး ၁ ဧက စိုက်စရိတ် ကျပ် ၆ သိန်းခန့်မှ ကျပ် ၇ သိန်း အထိရှိပြီး ယခုနှစ်တွင် တဧက စိုက် စရိတ်မှာ ငွေကျပ် ၈ သိန်း ဝန်းကျင်အထိ တက်လာကြောင်း၊ လက်ရှိကာလ ဓာတ်မြေဩတအိတ်လျှင် ရန်ကုန်တွင် ၈ သောင်း ဝန်းကျင်သာရှိသော်လည်း စိုက်ခင်းထဲထည့် ရမည့်အချိန် ဇူလိုင်လမှ စက်တင်ဘာလများသို့ ရောက်ပါ တအိတ်လျှင် ကျပ် ၁ သိန်း ၅ သောင်းအထိ မြင့်တက်ခဲ့သဖြင့် အခက်အခဲများ ရှိကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ဒါက ကြဲမယ့် အချိန်ကျမှ တက်တာ။ လယ်သမားက အခုချိန်မှာ ဈေးကျပေမယ့် ဝယ်မထားနိုင် ဘူးလေ။ မနှစ်က ကြဲမယ့်အချိန်မှာ မြေဆီတအိတ် ကျပ် ၁ သိန်းခွဲ ပေးရတယ်။ နိုင်ငံတော်က ချေးနိုင်တာမှ တဧက ကျပ် ၁ သိန်းခွဲလေ။ အဲဒါကလည်း ဧက ၅၀ လုပ်လို့ ၅၀ လုံးပေးတာ မဟုတ်ဘူး။ ၁၀ ဧကစာပဲ အများဆုံး ပေးတာ။ အဲဒီတော့ စိုက်ပျိုးမှုက အခက်အခဲတွေ ရှိတယ်” ဟု စပါးစိုက်ဧက ၆၀ ဝန်းကျင် စိုက်ပျိုးသည့် တောင်သူက ပြောပြ သည်။

လက်ရှိတွင် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား စသည့် ဒေသများ၌ လူ၊ ကျွဲ၊ နွားများသာမက ဝမ်းစာနှင့် မျိုးစပါးပါမကျန် ရွာလုံးကျွတ် မီးရှို့ ခံရပြီး လူငယ်လူရွယ်အများအပြားမှာလည်း လယ်ယာလုပ်ငန်းကို စွန့်ကာ စစ်အာဏာရှင်တော်လှန် ရေးတွင် ပါဝင်နေသလို တချို့ လူငယ်များက တခြားသော အလုပ်များလုပ်ရန် ပြည်တွင်းပြည်ပ ထွက်ခွာခြင်း တို့ကြောင့် လယ်ယာကဏ္ဍတွင် လုပ်သားရှားပါးလာခြင်းကိုလည်း ကြုံတွေ့နေရသည်။

စစ်မက်ဖြစ်ပွားရာဒေသရှိ တောင်သူများမှာ လက်ရှိအချိန်တွင် နေ့စဉ်နှင့်အမျှ အသက်ဘေးမှလွတ်ရန် ပြေးလွှား နေရသလို စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့ခြင်းများ၊ စိုက်ပျိုးသီးနှံများကို မီးရှို့ဖျက်ဆီးခြင်း၊ သိုလှောင်ထားသည့် စပါးကျီများ၊ ပဲများကို မီးရှို့ခြင်းအပါအဝင် လူသတ်မီးရှို့ခြင်းများ၊ ဗုံးကြဲခြင်းများကြောင့်လည်း စိုက်ပျိုးမှု လျော့ကျခြင်း များ ရှိနေသည်။

စစ်ကိုင်းတိုင်းရှိ ရွှေဘိုပေါ်ဆန်း စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ပြောဆိုချက်အရ ရွှေဘိုပေါ်ဆန်း စပါးစိုက်ပျိုးမှုမှာလည်း နှစ်စဉ် စိုက်ဧက ၃ သိန်း ၈ သောင်းနီးပါး စိုက်ပျိုးနိုင်သော်လည်း ပြီးခဲ့သည့်နှစ်တွင် ဧက ၃ သိန်း ၃ သောင်းကျော်သာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် စိုက်ပျိုးစရိတ်အပြင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများ ကြောင့်လည်း ထပ်မံ၍လျော့ကျနိုင်သည့် အခြေအနေ ရှိနေသည်ဟု သိရသည်။

ထိုသို့သော အခြေအနေများကြောင့် ယခုနှစ် မိုးစပါး စိုက်ရာသီတွင်လည်း စိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်က ၁၅ ရာခိုင်နှုန်း လျော့ကျပါက ယခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း လယ်သမားများက ခန့်မှန်းပြောဆို သည်။
တခြားသော စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်း၊ တနင်္သာရီတို့ကဲ့သို့ စစ်မက်ရေးရာ မရှိသည့် ဧရာဝတီတိုင်းကမူ ပြီးခဲ့သည့် နှစ် စပါးနှင့် ပဲပေါ်ချိန် ဈေးကောင်းရသည့်တောင်သူများ ရှိသဖြင့် ယခုနှစ် စိုက်ပျိုးမှု ပိုလာနိုင်သည်ဟုလည်း လယ်သမားများက ဆိုသည်။

ဧရာဝတီတိုင်း ဗိုလ်ကလေး ညီနောင်ဝကျေးရွာမှ တောင်သူတဦးက “ဒီနှစ်ကတော့ လယ်သမားတွေက တော်တော် တက်တက်ကြွကြွပဲ။ ဘာလို့လဲဆိုတော့ စပါးဈေးက တော်တော်မြောက်နေတာကိုး။ ကျနော်တို့လည်း ဈေးကောင်းနဲ့ မိလိုက်တယ်။ မိုးစပါးတုန်းက ပေါ်ပေါ်ချင်း တင်း ၁၀၀ကို ၁၅ သိန်း၊ ၁၆ သိန်း ရလိုက်တာ။ ဈေးကောင်းရထား တော့ လယ်သမားတွေလည်း စိုက်ကြမှာပေါ့။ ဒါပေမယ့် စိုက်ပျိုးစရိတ်ချေးငွေကတော့ စစ်ကောင်စီက ပြန်ချေးပေး ပေမယ့် ကျနော်တို့ဆီမှာ တာဝန်မကျေထားတဲ့ လယ်သမားက များတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုအခြေအနေများကြောင့် စပါးဈေးကောင်း၍ လယ်သမားများ စိုက်ပျိုးထုတ်လုပ်ရန် အားကြိုးမာန်တက်ပြင်ဆင်မှုများ ရှိနေသော်လည်း စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်သည့် တောင်သူက များသဖြင့် ယခုနှစ် မိုးစပါးစိုက်ရာသီတွင် လည်း ပြင်ပမှ အတိုးနှုန်းကြီးကြီးနှင့် ယူ၍ စိုက်ရမည်ဖြစ်သည့်အတွက် အခက်အခဲများမှာမူ ရှိနေသေးကြောင်း ၎င်းက သုံးသပ်သည်။

စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်က တောင်သူများအနေဖြင့် အကြွေးကျန် ကင်းရှင်းမှသာ ချေးငွေအသစ်ထုတ် ချေးပေးမည်ဖြစ်ပြီး ယခု မေလ ၁၈ ရက်မှစ၍ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနှင့် ထုတ်ချေး မည်ဟု ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စိုက်ပျိုးရေးသုံး သွင်းအားစုဈေးနှုန်းမှာ အဆမတန် မြင့်တက်လာခြင်း၊ ထွန်ယက် စိုက်ပျိုးစရိတ်များကြီးမြင့်ခြင်းနှင့် အထွေထွေ ကုန်ကျစရိတ်များ အဆမတန် မြင့်တက်ခြင်းများကြောင့်လည်း စိုက်ပျိုးရေးကဏ္ဍတွင် အခက်အခဲများ ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် မိုးစပါး စိုက်ဧက ၁၅သန်း၊ နွေစပါး စိုက်ဧက ၃ သန်းရှိသည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။

ယခင်ဆန်တအိတ်လျှင် ကျပ် ၁၀,၀၀၀ တက်ရန်ပင် ပုံမှန်အားဖြင့် ၃ လခန့် ကြာမြင့်သော်လည်း ယခု စစ်တပ်အာဏာ သိမ်းပြီးနောက်တွင် နိုင်ငံတဝှမ်း စစ်မီးပဋိပက္ခများနှင့် အထွေထွေအကျပ်အတည်းများကြောင့် တပတ်နှင့်တပတ် ဆန်တအိတ် ကျပ် ၃ ထောင်မှ ၆ ထောင်ကျပ်အထိ ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

You may also like these stories:

မုန်တိုင်းကြောင့် မကွေးတိုင်းတွင် နှမ်းခင်းများ ပျက်စီး

ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ကျွဲနွား အများအပြား သေဆုံး

ဆန်စပါး သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီထုတ်ပြန်

Your Thoughts …
Tags: စိုက်စရိတ်ချေးငွေဓာတ်မြေသြဇာဈေးမိုးစပါးအထွက်နှုန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသတ်မှတ်သည့် မိုးစပါးဈေး တောင်သူ တွက်ခြေမကိုက်

စစ်ကောင်စီသတ်မှတ်သည့် မိုးစပါးဈေး တောင်သူ တွက်ခြေမကိုက်

by ဧရာဝတီ
22 September 2023
1.4k

ယခု စပါးပေါ်ချိန်တွင် ဆန်ဈေးမြင့်တက်မှုကို အကြောင်းပြ၍ စစ်ကောင်စီက ဆန်ဈေးနှုန်းများကို သတ်မှတ်ခဲ့သလို စပါးဈေးကိုလည်း အသင်းချုပ်က ယခုလိုကြားချ၍ ဈေးနှုန်းသတ်မှတ်ခြင်းမှာ လယ်သမားများ အတွက် အဆင်ပြေသည့်ဈေးမဟုတ်ကြောင်း

စိုက်စရိတ်ချေးငွေ ပြန်မဆပ်က ထောင်ချမည်ဟု စစ်ကောင်စီ ဖိအားပေး

စိုက်စရိတ်ချေးငွေ ပြန်မဆပ်က ထောင်ချမည်ဟု စစ်ကောင်စီ ဖိအားပေး

by ဧရာဝတီ
19 July 2023
633

ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားများကို လာမည့် အောက်တိုဘာနှင့် နိုဝင်ဘာလနောက်ဆုံးထား၍ ပြန်မဆပ်ပါက လယ်ယာမြေများကို သိမ်းဆည်းခြင်း သို့မဟုတ် တရားစွဲဆို ထောင်ချသွားမည်ဟု စစ်ကောင်စီက ဖိအားပေးနေ

စပါးခင်းများ ရေမြုပ်သဖြင့် အထွက်နှုန်းကျနိုင်

စပါးခင်းများ ရေမြုပ်သဖြင့် အထွက်နှုန်းကျနိုင်

by ဧရာဝတီ
3 October 2023
570

ယင်းကဲ့သို့ မိုးရွာသွန်းမည့် ကာလများသည် မိုးစပါး ရိတ်သိမ်းသည့် အချိန်နှင့် အချိန်ကိုက် ဖြစ်နေသော ကြောင့် စပါးခင်းများ ရေမြုပ်ခြင်း၊ ရေပြန်ကျသောနေရာများရှိ စပါးပင်များ လဲ၍ အသီးများ အလေအလွင့်ဖြစ်ခြင်း၊ ပိုးကျခြင်း အစရှိသည့်တို့ကြောင့် ပျက်စီး ဆုံးရှုံးခြင်း၊...

စိုက်စရိတ်ကြီးပြီး လုပ်သားရှားသဖြင့် မွန်ပြည်နယ် စပါး စိုက်ပျိုးမှု လျော့ချ

စိုက်စရိတ်ကြီးပြီး လုပ်သားရှားသဖြင့် မွန်ပြည်နယ် စပါး စိုက်ပျိုးမှု လျော့ချ

by မိအိသဉ္ဇာမြင့်
23 June 2024
323

မိုးစပါးစိုက်ပျိုးရာသီ၌ လယ်ယာလုပ်သားရှားပါးမှုနှင့် အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုများကြောင့် မိုးစပါးစိုက်ခင်းများကို လျှော့ချစိုက်ပျိုးလာသည့်အတွက် ယခုနှစ် စပါးအထွက်နှုန်း လျော့ကျနိုင်ကြောင်း လယ်သမားများထံမှ

ယခင်နှစ်များက မိုးဦးကျ လယ်ယာလုပ်ငန်းခွင်သို့ ဆင်းသည့် လယ်ယာလုပ်သား တဦး  / ဧရာဝတီ

စိုက်စရိတ် ကြီးမြင့်မှု၊ လုပ်သားရှားပါးမှုကြောင့် ယခုနှစ် မိုးစပါးစိုက်ဧက လျော့နိုင်

by ဧရာဝတီ
10 June 2022
1.9k

သွင်းအားစုများ ဈေနှုန်းမြင့်တက်လာခြင်း၊ လယ်ယာသုံး စက်ကိရိယာများ မောင်းနှင်ရန် စက်သုံးဆီဈေး မြင့်တက်လာခြင်းတို့အပြင် နိုင်ငံတွင်း စီးပွားရေး အကျပ်အတည်းများကြောင့် လုပ်နိုင်ကိုင်သော လူငယ်၊ လူရွယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုမှာ တနေ့ထက် တနေ့ များလာခြင်း

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံ တရုံ / ဧရာဝတီ

အရေးယူခံရမည် စိုး၍ ဆန်ဈေး အနည်းငယ်ပြန်ကျ

by ဧရာဝတီ
6 October 2022
6.2k

စစ်ကောင်စီက ရန်ကုန်၊ မန္တလေးရှိ ဆန်ကုန်သည်များကို အောက်တိုဘာလ ၇ ရက်နေ့တွင် နေပြည်တော်တွင် အစည်းအဝေးခေါ်ယူထားပြီး ကုန်ဈေးနှုန်းများ ကျဆင်းစေရန် ဖိအားပေးမည့် အခြေအနေများ ရှိနေကြောင်း ဆန်ကုန်သည်များထံက ဧရာဝတီက စုံစမ်းသိရှိရသည်။

Next Post
Move Forward ပါတီဝင် မစ္စတာ တာအိုပီဖော့ လင်ဂျစ်ထရာကွန်ကို ဘန်ကောက်ရှိ သူ၏ ဘားတွင် တွေ့ရစဉ် / LATimes

ဘီယာဈေးကွက်လက်ဝါးကြီးအုပ်မှု ဖြေလျှော့ရန် ထိုင်းလွှတ်တော်အမတ် ကြံစည်ထား

မေလ ၅ ရက်က ပြုလုပ်သည့် စစ်အာဏာရှင်စနစ်ကျရှုံးရေးနှင့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း လက်ပံတောင်းတောင်ဒေသ လူထုဆန္ဒပြပွဲ / Black Ko

စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate