• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဆိုတော် ဗျူဟာအား ရုံးထုတ် ရမန်ယူ

by ဧရာဝတီ
29 May 2023
in သတင်း
A A
ဖမ်းဆီးထိန်းသိမ်းနှိပ်စက်ခံထားရသည့် အဆိုတော်ဗျူဟာ

ဖမ်းဆီးထိန်းသိမ်းနှိပ်စက်ခံထားရသည့် အဆိုတော်ဗျူဟာ

12.3k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် အဆိုတော်ဗျူဟာအား ယနေ့ (မေ ၂၉ ) မွန်းလွဲပိုင်းက မြောက်ဒဂုံမြို့နယ်ရဲစခန်း၌ ရုံးထုတ် ရမန်ယူခဲ့ကြောင်း မိသားစုဝင်တဦးထံမှ သိရသည်။

မိသားစုဝင်တဦးက “ဒီနေ့ကတော့ ရုံးထုတ် ရမန်ယူတာပေါ့။ မြို့နယ်ရဲစခန်းမှာတော့ ဇွန်လ ၉ ရက်နေ့အထိ ရှိမယ်ပေါ့။ ဒီလောက်ပဲ သိရသေးတယ်” ဟု ပြောသည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
740
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
93
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.7k

မြောက်ဒဂုံမြို့နယ် ရဲစခန်းမှ ယမန်နေ့က မိသားစုဝင်များထံ အကြောင်းကြားခဲ့သဖြင့် ၎င်းအတွက် အဝတ်အစားများ သွားရောက်ပေးခဲ့ပြီး ယနေ့တွင်လည်း ကျန်းမာရေးကောင်းမွန်စွာ တွေ့ရှိခဲ့ရကြောင်း၊ မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုမည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် ချန်နယ်များတွင် ရေးသားထားသည့် မှတ်တမ်းများအရ အဆိုတော်ဗျူဟာအား ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ညွှန်ကြားချက်ဖြင့် စစ်တပ်မှ လာရောက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကောင်းကောင်းမွန်မွန်ပါပဲ။ ပုံမှန်ပါပဲ။ အကုန်ကောင်းပါတယ်။ ပုံစံကတော့ ကျမတို့ပေးထားတဲ့ အဝတ်အစားပါပဲ။ ဘာမှတော့ ထွေထွေထူးထူးမပြောပါဘူး။ ကျမတို့ကို ဂရုစိုက်ဖို့ပဲ ပြောပါတယ်”ဟု မိသားစုဝင်တဦးက ပြောသည်။

အဆိုတော် ဗျူဟာသည် လျှပ်စစ်မီးပုံမှန် မရရှိသည့် ကိစ္စနှင့် ပတ်သက်၍ မေလ ၂၃ ရက်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတဆင့် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနအား ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် မေ ၂၄ ရက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အဆိုတော်ဗျုဟာ လွှင့်တင်ခဲ့သော ရုပ်သံဖိုင်ထဲတွင် စစ်ကောင်စီလက်ထက် တနေ့လျှင် လျှပ်စစ်မီး ၅ နာရီခြား တခါကိုပင် မှန်ကန်စွာ မပေးကြောင်း၊ ယခင် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်က လျှပ်စစ်မီး ၂၄ နာရီရသည့်အပြင် မီတာခများကိုလည်း လျှော့ချပေးကြောင်းကို နှိုင်းယှဉ်ပြောဆိုထားသည်။

သားဖြစ်သူ အဖမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ တေးရေးဆရာ နိုင်မြန်မာ က “မြန်မာပြည်မှာ ကျနော့်လိုအဖေတွေ အများကြီးပါပဲ။ ကျနော့်သားလို သားတွေလည်း အများကြီးပါပဲ။ ကျနော်တို့ငြိမ်ခံရတဲ့ ခေတ်အကြောင်းအရာပေါ့” ဟု ဧရာဝတီသို့ ပြောခဲ့သည်။

၎င်းဖမ်းဆီးခံရပြီးနောက် ဖခင်ဖြစ်သူ တေးရေးဆရာနိုင်မြန်မာ၏ နေအိမ်သို့ မေလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက် စီးနင်းခဲ့ပြီး ဆရာနိုင်မြန်မာ ရှိမနေသဖြင့် ဇနီးဖြစ်သူအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သေးသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင် မေလ ၂၄ ရက် မွန်းလွဲပိုင်းက လက်နောက်ပြန် လက်ထိပ်ခတ်ထားပြီး မျက်နှာတွင် ဖူးယောင် ဒဏ်ရာများ၊ နှုတ်ခမ်းတွင်ဒဏ်ရာများ ရရှိထားသည့် အဆိုတော် ဗျူဟာကို သေဆုံးကြောင်း သတင်းများလည်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း သတင်းအမှားဖြစ်ကြောင်း နောက်ပိုင်းမှသာ အတည်ပြုနိုင်ခဲ့သည်။
အဆိုတော် ဗျူဟာ ထောက်ပြ ပြောဆိုသကဲ့သို့ပင် ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို အုပ်စုခွဲ၍ ပေးမည်ဟု ကြေညာထားသော်လည်း လျှပ်စစ်မီးကို အချိန်မှန် ပေးနိုင်ခြင်း မရှိသည့်အတွက် ပြည်သူများ နေ့စဉ်နှင့်အမျှ အခက်အခဲ ကြုံနေကြရသည်။

You may also like these stories:

စစ်ခေါင်းဆောင်အား “ချိုကျိုး နားရွက်ပဲ့” ဟု ဝေဖန်သည့် အဆိုတော် ဗျူဟာ ဖမ်းဆီးနှိပ်စက်ခံရ

လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ

လျှပ်စစ်မီး လုံလောက်စွာပေးရန် အမြန်ဆုံးလိုအပ်နေဟု စက်မှုလုပ်ငန်းရှင်များ ပြော

မြင်းခြံထောင်မှ ခေါ်ထုတ်သွားသည့် နိုင်/ကျဉ်းများ၏ အသက်အန္တရာယ် စိုးရိမ်နေရ

Your Thoughts …
Tags: ဖမ်းဆီးရမန်လျှပ်စစ်မီးအဆိုတော်ဗျူဟာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

by ဧရာဝတီ
23 November 2024
16.6k

ချုလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ ၂ ဦး၏ တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားမှုကို သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားခဲ့ကြောင်း

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး

စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး

by ဧရာဝတီ
11 July 2024
9.8k

ဦးသိမ်းဝေ ခေါ် ဆာ့ဂျ်ပန်းအား မကြာမီ တရားစွဲမည်ဟု သတင်းရင်းမြစ်များက ဆိုကြသည်။

စစ်ကောင်စီကို ဝေဖန်၍ အဖမ်းခံရသည့် တပ်ထောက်ခံသူ များလာ

စစ်ကောင်စီကို ဝေဖန်၍ အဖမ်းခံရသည့် တပ်ထောက်ခံသူ များလာ

by ဧရာဝတီ
5 June 2025
7.7k

နိုင်ငံတဝန်း နယ်မြေနှင့်စစ်စခန်းများ လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများ၊ စစ်ခေါင်းဆောင်၏ အားနည်းချက်များအပေါ် ဝေဖန်ပြစ်တင်သည့် စစ်တပ်ထောက်ခံသူများ ဖမ်းဆီးခံရလျက်ရှိရာ ဇွန် ၂ ရက်တွင် ဇော်ဘုန်းဟိန်းဆိုသူ ဖမ်းခံရပြန်သည်။

Next Post
၂၀၂၂ ခုနှစ်တွင် မေလအတွင်းက မတူပီဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်း (ဓာတ်ပုံ – HKL Mindat)

နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၃)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်တွင် ဆန္ဒပြမှုတခုကို ဖြိုခွင်းနေသည့် ရဲများ / ဧရာဝတီ

ဂျပန်-အာဆီယံဌာန စစ်ကောင်စီကို ငွေကြေးထောက်ပံ့

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate