• English
Monday, July 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆေးဝါးရှားပါး ဈေးတက်သဖြင့် နာတာရှည် ဝေဒနာရှင်များ အခက်တွေ့

by ဧရာဝတီ
5 April 2024
in သတင်း
A A
ဆေးဝါးရှားပါး ဈေးတက်သဖြင့် နာတာရှည် ဝေဒနာရှင်များ အခက်တွေ့

၂၀၂၀ ခုနှစ်က ရန်ကုန်မြို့ရှိ ဆေးဆိုင်တဆိုင်အား တွေ့ရစဉ်/IRW

1.2k
VIEWS
Share on FacebookShare on Twitter

အမေရိကန်ဒေါ်လာဈေး တက်ခြင်း၊ ဆေးဝါးတင်သွင်းရန် ခွင့်ပြုချက်ရဖို့ မလွယ်ကူခြင်းကြောင့် အိမ်သုံးဆေးမှ အစ ဆီးချို၊ နှလုံး၊ သွေးတိုး၊ အာရုံကြောနှင့် သက်ဆိုင်သည့် နာတာရှည်ရောဂါများ အတွက် ဆေးဝါးများ ဈေးကွက်တွင်း ရှားပါးနေပြီး ပြတ်လပ်၍ ဈေးလည်း အဆမတန်မြင့်နေသည်။

ထို့အတွက် နာတာရှည် ဝေဒနာရှင်များသည် ပုံမှန်သုံးစွနေကျ ဆေးဝါးများ ပြတ်နေသဖြင့် အာနိသင်တူ၊ ဓာတုပစ္စည်း ပါဝင်မှု တူသော “အလားတူဆေး” ဟု နာမပြုသည့် အခြားအမှတ်တံဆိပ်ဆေးများကို အစားထိုး သုံးစွဲနေရသည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
719
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
78
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
223

ရန်ကုန်မြို့ ဆေးဝါးပစ္စည်းမျိုးစုံ ဖြန့်ဖြူးသည့် ရွှေပြည့်စုံဈေးမှ ရောင်းချသူတဦးက“ဆေးဈေးကွက်က ပစ္စည်းပေါရင် ပုံမှန်ဈေး နဲ့ရပြီး ပစ္စည်းပြတ်ပြီဆိုရင် ဈေးက နေ့ချင်းညချင်း ကြီးတာ။ အခုတလော အာရုံကြောဆေးတွေ၊ တက်တဲ့ရောဂါအတွက် ဆေးတွေက ပြတ်တယ်။ စင်းဒိုပါ ( Syndopa) ဆိုရင် အကြီးအကျယ် ပြတ်တယ်၊ အာရုံကြောသမားတွေ မသောက်လို့ မရ တဲ့ဆေး၊ ဒါမျိုးတွေဆို တော်တော်ပြတ်တယ်။ ဈေးတွေလည်း အရမ်းတက်တယ်။ ပထမတခေါက်မှာ တကတ် ၅၀ လောက် တက်ရင် နောက်တခေါက်ဆို ၁၀၀ လောက်တက်တဲ့ အထိပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ဈေးကွက်အတွင်း ပစ္စည်းပြတ်ပါက နေ့ချင်းညချင်းဆိုသလို ဈေးတက်သည့်အပြင် ယခုရက်ပိုင်း ၁ ဒေါ်လာ ကျပ် ၃၈၀၀ ကျော်အထိ မြင့်တက်လာသောကြောင့် တချို့ တင်သွင်းသူများက ပစ္စည်းကို ထိန်းရောင်းနေကြသဖြင့် ဆေးအချို့မှာ ရှားပါးနေခြင်းဖြစ်ကြောင်း သိရသည်။

တခြားသော ဆေးကုန်သည်တဦးကလည်း“ဒေါ်လာဈေးက ရက်ပိုင်းအတွင်း ၁ ဒေါ်လာ ၁၀၀ ကျော်လောက်တက်လာတော့ ဈေးတွေကလည်း တက်တာပေါ့။ တင်သွင်းတဲ့သူကလည်း နောက်ဝင်တဲ့ဆေးက အမြင့်ဈေးနဲ့ဆို မကိုက်ဘူးလေ။ အဲဒီ တော့ ထိန်းရောင်းတာတွေလည်းပါတယ်။ ဈေးတွေကတော့ တက်နေတာပဲ။ နောက်တခုကတော့ လိုင်စင်ပိုင်းမှာ ကြန့်ကြာတာတွေရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အိမ်သုံးဆေးဝါးများနှင့် နာတာရှည်ရောဂါသည်များ သုံးစွဲရသည့် ဆေးဝါးများ၊ ဆီးချိုဝေဒနာရှင်များအတွက် အသုံးပြု ရသော အင်ဆူလင်ထိုးဆေးအပါအဝင် ပဋိဇီဝ ဆေးဝါးများ ရှားပါးပြတ်လပ်နေကြောင်း၊ ဆေးဈေးနှုန်းများမှာ အမျိုးအစား ပေါ်မူတည်၍ ယမန်နှစ်ကထက် ၂ ဆ မှ ၃ ဆခန့်ထိ မြင့်တက်လာကြောင်း ဆေးအရောင်းဆိုင်များမှ သိရသည်။

ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “အခုက ဆေးဈေးတွေက အရမ်းတက်တယ်။ တက်တဲ့အပြင် တချို့ ဆေးတွေဆို လိုချင်လို့ သွားဝယ်ရင် ဝယ်မရဘူး။ အိမ်သုံးဖျားနာကိုက်ခဲ ဆေးဖြစ်တဲ့ ကုလားလေးကောင်(အရပ်အခေါ်) Mixagrip ဆိုရင် အရင်က ၆ လုံးတကတ် ၇၀၀ ကနေ အခု ၁၅၀၀ ကျပ် ဖြစ်နေပြီ။ အစစအရာရာတက်ပြီး လုပ်အားခကျတော့ မတက်တော့ ရောဂါ ဖြစ်ရင် ဒီနိုင်ငံမှာ အသေခံရမယ့် ဘဝတွေပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ယခင်က ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့်ပါမစ်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြရသော် လည်း အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ခု ဧပြီမှစ၍ စစ်ကောင်စီဥက္ကဋ္ဌရုံး၌ ဖွင့်လှစ်ထားသော နိုင်ငံခြားသုံးငွေ ကြီးကြပ်မူ ကော်မတီကို သွင်းကုန်ပါမစ်တင်ပြရပြီး ခွင့်ပြုမိန့်ချမပေးသည့်အတွက် ပါမစ်ရရန် ကြန့်ကြာနေရကြောင်း ဆေးဝါး တင် သွင်း ဖြန့်ဖြူးသော လုပ်ငန်းရှင်များထံမှ သိရသည်။

ဆေးတင်သွင်းရန် ရှေးဦးစွာ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီသို့ တင်ပြပြီး ခွင့်ပြုချက်ရမှသာ ကျန်းမာရေးဝန်ကြီးဌာန၊ စီးပွားကူးသန်း၊ အကောက်ခွန်သို့ အဆင့်ဆင့် ခွင့်ပြုချက်တောင်းခံရသဖြင့် လိုင်စင် တစောင်ရရန် လနှင့်ချီ ကြာမြင့်သည့် အနေအထားဖြစ်ကြောင်း သွင်းကုန်လုပ်ငန်းရှင်များက ပြောသည်။

သွင်းကုန်လုပ်ငန်းရှင် တဦးက “တလမှာ လိုင်စင်က ၂ ခုလောက်ပဲ ကျတယ်။ အဝင်/အထွက် ငွေကြေးတွေကို စိစစ်ရတဲ့ အတွက်လို့တော့ပြောတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါက သွင်းကုန်ပစ္စည်းတိုင်းကို လုပ်နေတာ”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ပင်လယ်ရေကြောင်းမှ ဆေးဝါးတင်သွင်းသူများအတွက် သွင်းကုန်လိုင်စင်ရရန် ကြန့်ကြာနေသလို နယ်စပ်မှ တင်သွင်းပါကလည်း လတ်တလော တိုက်ပွဲများကြောင့် နယ်စပ်ဂိတ်များ ပိတ်နေ၍ တင်သွင်းရန် အခက်အခဲများ ရှိနေ ကြောင်း ကုန်သည်များက ဆိုသည်။

မြန်မာနိုင်ငံတွင် ဆေးဝါး ၈၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ကာ ကျန် ၁၅ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းတွင် ထုတ်လုပ်နေပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ ပါကစ္စတန်၊ ထိုင်း အစရှိသည့် နိုင်ငံများမှ အဓိကတင်သွင်းနေကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

You may also like these stories:

ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား

ဆန်နှင့် စားသောက်ကုန်၊ ဆေးဝါးဈေးနှုန်းများ ထပ်တက်လာ

ဒေါ်လာနှင့် ရွှေဈေး ထပ် တက်လာ

နာမည်ကြီး ရွှေဆိုင်တချို့ လုပ်ငန်း ယာယီ ရပ်နားခံရ

Your Thoughts …
Tags: ဆေးဝါးနိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသွင်းကုန်ပါမစ်အမေရိကန်ဒေါ်လာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
23.8k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်

by ဧရာဝတီ
16 August 2023
10k

စစ်ကောင်စီကမူ ရွှေနှင့် ငွေကြေး မြင့်တက်နေမှုနဲ့ပတ်သက်၍ ဖမ်းဆီးခြင်းများ ရှိနေပြီး သြဂုတ်လ ၁၄ ရက်က ရွှေနှင့် ဒေါ်လာငွေကြေး လုပ်ကိုင်သူ လုပ်ငန်းရှင် ၂ ဦးကို ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း

တဒေါ်လာ ၂၁၀၀ ကျပ် နှုန်းထား စစ်ကောင်စီ ဖျက်သိမ်းလိုက်ပြီလား

တဒေါ်လာ ၂၁၀၀ ကျပ် နှုန်းထား စစ်ကောင်စီ ဖျက်သိမ်းလိုက်ပြီလား

by ဧရာဝတီ
19 May 2024
6.5k

အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ကျပ်ငွေတန်ဖိုး ထက်ဝက်ကျဆင်းပြီး စစ်ကောင်စီသည် ကျပ်ငွေကို ထိန်းချုပ်ရန် မည်သည့်မျှော်လင့်ချက်ကိုမဆို စွန့်လွှတ်လိုက်ပုံရသည်။

စစ်ခေါင်းဆောင် သားနှင့်သမီးတို့ အုပ်စီးထားသည့် လျှပ်စစ်ကား လုပ်ငန်း

စစ်ခေါင်းဆောင် သားနှင့်သမီးတို့ အုပ်စီးထားသည့် လျှပ်စစ်ကား လုပ်ငန်း

by ဧရာဝတီ
14 August 2024
5.4k

ယခုကဲ့သို့ လျှပ်စစ်ကား ကားတင်သွင်းခွင့်လုပ်ငန်းကို အထူးအခွင့်အရေးပေးရခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သားနှင့်သမီး လုပ်ကိုင်သောလုပ်ငန်း ဖြစ်ခြင်းကြောင့် ဖြစ်သည်။

ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်

ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်

by ဧရာဝတီ
24 July 2023
4.6k

ယခုကဲ့သို့ ကျပ်နှစ်သောင်းတန် ထပ်မံရိုက်နှိပ်မှုကြောင့် ဈေးကွက်များ ပျက်သွားနိုင်သလို ပုံမှန်မဟုတ်သော ဈေးကွက်များ ဖြစ်သွားနိုင်သဖြင့် စီးပွားရေးလုပ်ကိုင်ရ ခက်ခဲသွားနိုင်သည့် အခြေအနေများ ရှိလာနိုင်ကြောင်း

နိုင်ငံခြားငွေလဲနှုန်း ကွာဟမှုမှ စစ်ကောင်စီ စစ်စရိတ်ရှာနေဟု ကျွမ်းကျင်သူများ ပြောဆို

နိုင်ငံခြားငွေလဲနှုန်း ကွာဟမှုမှ စစ်ကောင်စီ စစ်စရိတ်ရှာနေဟု ကျွမ်းကျင်သူများ ပြောဆို

by Vincent MacIsaac
22 August 2024
4.3k

တနှစ်တာအတွင်း ဈေးကွက်ပေါက်ဈေးနှင့် အတင်းအကျပ် ငွေလဲလှယ်စေခြင်းအကြား ကွာဟမှုသည် လွန်ခဲ့သော ဘဏ္ဍာရေးနှစ်က ကာကွယ်ရေး အသုံးစရိတ်ခန့် ရှိသည်

Next Post
ကော့ကရိတ်ထိုးစစ်နှင့် နေရပ်မပြန်နိုင်သေးသော စစ်ရှောင်များ

ကော့ကရိတ်ထိုးစစ်နှင့် နေရပ်မပြန်နိုင်သေးသော စစ်ရှောင်များ

ဒီနှစ် သိကြားမင်း ဒရုန်းစီး ဆင်းမည်

ဒီနှစ် သိကြားမင်း ဒရုန်းစီး ဆင်းမည်

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.3k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

4 days ago
5.1k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate