လိင်အင်္ဂါကို သေနတ်နဲ့ မတော်တဆ ပစ်မိလို့ ဆေးရုံရောက်ခဲ့ရတဲ့ အမျိုးသား
Peter Jacobsson လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့ရဲ့ လိင်အင်္ဂါကို သေနတ်နဲ့ ပစ်မိလို့ ဆေးရုံကို အပြေးသွားခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၃၂နှစ် ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသားဟာ အမေရိကန်နိုင်ငံ၊ နီဘတ်စ်စကာ ပြည်နယ်၊ လင်ကွန်းမြို့မှာ နေထိုင်သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပစ်ခတ်မိခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ ဒေသဆေးရုံမှာ ဆေးကုသမှုကို ခံယူနေတယ်လို့ ဒေသခံသတင်းဌာနတွေက ပြောပါတယ်။ ကံကောင်းစွာနဲ့ပဲ အသက်အန္တရာယ်ရှိလောက်တဲ့ အထိ မဖြစ်ခဲ့ပေမယ့် ရဲဌာနနဲ့ အခြားဌာနတွေက တရားစွဲဆိုခြင်းကို ခံထားရပါတယ်။
လင်ကွန်းရဲဌာနရဲ့ တာဝန်ရှိသူ Luke Bonkiewicz ကတော့ ပစ်ခတ်မှုဟာ ဗုဒ္ဓဟူးနေ့ ည ၈ နာရီကျော်ကျော်ခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး Peter Jacobsson ကိုယ်တိုင်က ရဲတွေကို အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတွေအနေနဲ့ကတော့ Peter Jacobsson ဟာ သေနတ်ကို ဘောင်းဘီမှာ ပါတဲ့ အိတ်ကပ်မှာ ထည့်ထားတာ ဖြစ်တယ်လို့ ယူဆပြီး မတော်တဆ ပစ်မိတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Peter Jacobsson ကို တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ သေနတ်ပစ်ခတ်မှု၊ နာကျင်စေမှု စတာတွေအတွက် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံမှာ မတော်တဆ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွား မှု မြင့်တက်နေပြီး ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းမှာလည်း အင်ဒီယားနားပြည်နယ်မှာ နေထိုင်တဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦးက သူ့ရဲ့ လိင်အင်္ဂါကို သေနတ်နဲ့ ပစ်ခတ်မိတဲ့အတွက် ဆေးရုံတက်ရသေးတယ်လို့ ရဲတွေက ပြောပါတယ်။
Ref;Mirror